အနုပညာဘက်ကို မသွားဘူးဆိုတဲ့ ၅ဘာသာ ဂုဏ်ထူးရှင် မောင်ကောင်းတေဇာနိုင်

0
137

  Ye-Aung

အကယ်ဒမီရဲအောင်ရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ မောင်ကောင်းတေဇာနိုင်က ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝဘာသာရပ်တွေကို ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။ သူက ဆေးကျောင်းတက်ဖို့ ရည်မှန်းထားသူပါ။

“ကျွန်တော်က ဆေးကျောင်းကိုတော့ ဦးစားပေးပြီးလျှောက်ထားပါတယ်။ ပြီးတော့ နည်းပညာတက္ကသိုလ်ကို ဒုတိယဦးစားပေး လျှောက်ထားပါတယ်။ ပြီးတော့ UFL  လျှောက်ထားပါတယ်”လို့ သူက ပြောပါတယ်။ဖခင်ဖြစ်သူက နာမည်ကျော် အနုပညာရှင်ဖြစ်တဲ့အတွက် မောင် ကောင်းတေဇာနိုင်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်မယ်ဆိုရင် ဖြစ်နိုင်တဲ့အခြေအနေပါ။ သူဒီဘက်ကို လျှောက်လှမ်းဖို့ရှိမလားဆိုတော့……

“အနုပညာဘက်တော့ သွားဖို့မရှိပါဘူး” လို့ ပြောပါတယ်။ သူဆယ်တန်း စာမေးပွဲဖြေဆိုခဲ့စဉ်က ဖခင်ဖြစ်သူက အနုပညာအလုပ် တွေနဲ့မို့လို့ အနီးကပ် ကြည့်ရှုမပေးနိုင်ဘဲ မိခင်ရဲ့ ကြည့်ရှုစောင့် ရှောက်မှုတွေနဲ့ ကျော်ဖြတ်ခဲ့တာပါလို့ သူက ဆက်လက်ပြောပါ တယ်။ အဖေက ဆယ်တန်းပညာသင်ယူချိန်ကာလမှာ ဘယ်လိုဆုံး မပေးခဲ့လဲလို့ မေးကြည့်တဲ့အခါ….

“အဖေက ၁ဝတန်းကာလ တစ်လျှောက်လုံးမှာ အားပေးစကားတွေအများကြီးပြောခဲ့ပါတယ်။ ကျွန်တော်ဖိအားခံစား လာရတယ် ဆိုရင်လည်း ဘာမှစိတ်ထဲ မထားဘဲနဲ့ ကြိုးစား ပေါ့။ကြိုးစားပြီးတော့  ဆေးကျောင်းမှမဟုတ်ဘူး။ ရတဲ့ တက္ကသိုလ်မှာ ထူးချွန်အောင် လုပ်ပါလို့ပဲပြောခဲ့ပါတယ်။အရမ်းဖိအားမပေးခဲ့ပါဘူး”လို့ မောင်ကောင်းတေဇာနိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here