လင်းလင်း စီစဉ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစီးရီး ဘယ်အခြေအနေရောက်ပြီလဲ

0
496

Lin-Lin

အဆိုတော်လင်းလင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝအတ္ထုပ္ပတ္တိ ကို သံစဉ်များနဲ့ ဖွဲ့သီပြီးစီရီးတစ်ခွေအဖြစ် ပုံဖော်ဖို့ကြိုးစားနေတာ တစ်နှစ်ကျော် ဝန်းကျင်ရှိပြီဖြစ်ပြီး ပြင်ဆင်ချိန်ကို ၂နှစ်ခွဲ၃နှစ်ဝန်းကျင်ထိ ယူထားတယ် လို့လည်း သိရပါတယ်။

“အစက ကျွန်တော်က ၂နှစ်ကျော်၃နှစ် လောက် အချိန်ယူမယ်ဆိုပြီး ကိုယ့်ဘာသာ ခန့်မှန်းထား တာ။ တကယ်တမ်းထဲထဲဝင်ဝင်နဲ့ ဗိုလ်ချုပ်ဘဝကို သီချင်းခွေ အဖြစ်နဲ့ပုံဖော်မယ်ဆိုတဲ့ အခါ ဗိုလ်ချုပ်သမိုင်းက အကြီးကြီးပဲ။ အဲဒါကို ဂီတနဲ့တွဲပြီး အစအဆုံးတင်ပြ မယ်ဆိုတဲ့အခါ ခေါင်းကြီးရတဲ့အပိုင်း တွေ အများကြီးရှိတယ်။ ဗိုလ်ချုပ်နဲ့ပတ် သက်တဲ့အကြောင်းအရာတွေ အကုန်လုံးကို လိုက်ဖက်နေရတာနဲ့တင် စာအုပ်တွေကိုမနည်းဘူး။တစ်အုပ်တည်းကို ဒီတိုင်းပဲ စာဖတ်သလိုဖတ်သွားလို့ရ တယ်။ ဒါပေမဲ့ ကျွန်တော်က အတ္ထုပ္ပတ္တိကို သေချာလုပ်မှာ ဖြစ်တဲ့အတွက် သေချာအမှားအမှန်တွေစုဆောင်း။ စာအုပ်တစ် အုပ်ချပြီး သတ်သတ်မှတ်ထားရတယ်။ ပြီးရင်သီချင်းအနေနဲ့ဖန်တီးဖို့ ဆို ဘယ်အပိုင်းကို ဘယ်လိုသံစဉ်စသဖြင့် စဉ်းစားရတာ အများကြီးပဲ။

တကယ်တော့ Team တွေ ဘာတွေဖွဲ့ပြီး အချက်အလက် စုဆောင်းတဲ့ အဖွဲ့ကသတ်သတ်၊ အမှားအမှန် ပြန်တိုက်တာနဲ့ ပါဝင်သင့်တဲ့အကြောင်းအရာတွေ ကို ပြုစုတာကသတ်သတ်၊ ပြီးတော့မှ Music ကို ဖန်တီးတာက သတ်သတ်ပေါ့။ အခုတော့ ဒါတွေ အကုန်လုံးကို တစ်ယောက်တည်း လုပ်နေတာဖြစ်တဲ့အတွက် ခန့်မှန်းချိန်ထက် ပိုကြာမယ့်သဘောတော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော့် ဘဝမှာ မဖြစ် မနေ မထွက်ထွက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်”လို့  လင်းလင်းက ပြောပြီးလတ်တလောမှာတော့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သီချင်း၅ပုဒ်ခန့်ပြီးနေပြီလို့ လည်း သိရပါတယ်။

                                             ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here