သရုပ်ဆောင်ဆုပန်ထွာက စက်တင်ဘာလ၁၅ရက်နေ့မှာ ကျ ရောက်မယ့် သားလေး Roar Roar Kyaw ရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ ကုသိုလ်ရစေချင်တဲ့စိတ်နဲ့ အလှူအတန်းတွေ လုပ်ပေးသွားမယ်လို့ ပြောပါ တယ်။ “သူ့ကို ကုသိုလ်ရစေချင်တဲ့ စိတ်နဲ့သံဃာတွေကို ဆွမ်းကပ်ချင်လို့ ကိုဥက္ကာ နဲ့ တိုင်ပင်နေပါတယ်။ ပရိသတ်တွေ အမြဲတမ်းပြောနေသလိုပဲ တကယ် အကျိုး ရှိတဲ့နေရာလေး၊ တကယ်ကုသိုလ်ရမယ့်နေရာလေးမှာပဲပန်ပန်တို့ နှစ်ယောက် သေချာလုပ်ဖြစ်ပါမယ်” လို့ ဆုပန်ထွာကပြောပါတယ်။
သားလေးရဲ့ အမူအကျင့်လေးတွေက မိဘတွေကို စိတ်ချမ်းသာ စေပြီး သားလေးမွေးကတည်းက အခုအချိန်ထိ ဘုရားတရားတွေ လုပ်ပေးခဲ့တာကြောင့် အခုလိုစိတ်အေး ချမ်းရတာလို့ ထင်ကြောင်း ဆုပန်ထွာကပြောပါတယ်။
“သားသားကိုယ်ဝန်ရှိတုန်းက ပန်ပန် အမြဲရွတ်သင့်ဖတ်သင့်တာ ဘုရားစာတွေ ဘုရားရှိခိုး တာမှန်သမျှ ကိုးလလုံးတစ်ရက်မှမပျက်ခဲ့ဘူး။ အဓိဌာန်ဝင်ပြီး လုပ်ခဲ့တာဆို တော့ ပန်ပန်ထင်ပါတယ်။ ဒီဘုရားတရား ဂုဏ်ကျေးဇူးကြောင့် သူရဲ့စိတ်ကလေးအေးချမ်းနေတယ်လို့ ယုံကြည်ပါတယ်။ တစ်ခါတလေကျရင် လက်ညှိုးညွန်ညွန်ပြီး ဘုရားခန်းပဲ သွားချင်တယ်ပြနေတယ်။ ဘုရားကိုကြည့်ပြီး ဦးတော်လုပ်ခိုင်း တယ်။ သူသွားနေကျနေရာ အမြဲတမ်း အဲဒီနေရာပဲသွားချင်နေ တယ်။ မနက်အိပ်ရာနိုးရင် ဂျီမကျတတ်ဘူး။ ပြုံးပြီးထတယ်။ အိပ်ပြီဆိုလည်း ကုတင်လေးပေါ်တင်ပေးလိုက်တယ်။ ငိုတာ လည်း မရှိဘူး။ အိပ်ပျော်သွားတယ်။ သားသားနဲ့ ပတ်သက်ပြီး တကယ်စိတ်ချမ်းသာရပါတယ်။ မနက်ဆိုရင် ကလေးဆိုတော့ ထိမိခိုက်မိတာတို့လဲတာတို့နည်းအောင် သူ့ကို ဘုရားဂုဏ်တရား ဂုဏ်ခြုံပေးတယ်။ သရဏဂုံရွတ်ပေးတယ်။ သားကောင်းသားမြတ် ဂါထာ သူ့ကိုယ်ဝန်ဆောင်ဗိုက်ကြီးကတည်းကရွတ်ပေးတယ်။ မနက်တိုင်း လည်း ရွတ်ပေးတယ်။ သူအိပ်ခါနီး ညတိုင်းလည်း ရွတ်ပေးတယ်။ သူ့ရဲ့အေးချမ်း တဲ့စိတ်ကလေးက သူ့ကိုဘုရား၊ တရားတွေလုပ်ခဲ့ လို့လို့ထင်ပါတယ်။ ပန်ပန်လည်း ဘုရားတရား ပိုကြည် ညိုဖြစ်တယ်။ လက်တွေ့ဆိုတော့လေ” လို့ မိခင်ဆုပန်ထွာ ကပြောပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ-သီဟ