အပုပ်ကြာအညှာရိ တစ်ခါထိနဲ့ အကုန်ကြွေ
အပူလွန် အခွံပါး အသားထိ ဆွေးမြည့်လို့နေ
လှုပ်စိလှုပ်စိတိုးကာနေ ပိုးသတ္တဝါတွေကလည်းတလုံးတရွေး
သည်အလားပေပ အညှီဖွား ဆုတ်ပြန်ပြန်တို့
အပုပ်ခံ ကိလေထားရယ်ကြောင့်
မချိအခြေ ရိကြွေ ဖြင့် ပင်သွားရမယ်တရား
မရှိတရှိ အလားမသိတ သိတို့ရဲ့
အမှားမိဝဋ်ကြွေး။ ။