အ ငြိမ့်နဲ့ ပတ်သက်ပြီး လုပ်ပြချင်တာတွေအများကြီးရှိသေးတယ် ၀င်းသပြေထွန်း

0
276

အနုပညာသမား တစ်ယောက်အနေနဲ့     အနုပညာလောကမှာ နေရာတစ်နေရာရရှိ ဖို့ဆိုတာ လွယ်လွယ်ကူကူ ဖြစ်လာတာမျိုး မဟုတ်ဘဲ ခက်ခက်ခဲခဲ ကြိုးစားပြီးမှသာ နေရာရရှိရတာဖြစ်ကြောင်း ဝင်းသပြေထွန်း က ပြောပြပါတယ်။ သူ့အနေနဲ့လည်း လက်ရှိ မှာပရိသတ် အနည်းငယ်သိဖို့ အတွက်ကို တောင် အများကြီး ကြိုးစားခဲ့ရတာဖြစ်ပြီး ကိုယ်လုပ်ချင်တဲ့အလုပ်လည်း ဖြစ်နေတာ ကြောင့် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို လည်း မေ့ဖျောက်ပစ်ကာ တစိုက်မတ်မတ် ကြိုးစားခဲ့တယ်လို့ သူကဆိုပါတယ်။

“အခက်အခဲကြောင့် စိတ်ဓာတ်ကျတာ တွေ၊ စိတ်ညစ်တာတွေ ဖြစ်မိလည်း ခဏပါပဲ။      ကိုယ်လုပ်ချင်တဲ့အလုပ် လုပ်နေရတဲ့အတွက် ပျော် နေတာပါပဲ။ အနုပညာနဲ့ ပတ်သက်ပြီးလည်း ဆက် ကြိုးစားသွားဦးမှာပါ” လို့ ဝင်းသပြေထွန်းက ပြောပါ တယ်။  သူ့အနေနဲ့ အနုပညာသက်တမ်းအရ ၁ဝနှစ် ကျော် ကြာလာခဲ့ပြီဖြစ်သလို ဖြတ်သန်းခဲ့ရတဲ့ နှစ် တွေမှာ ကိုယ့်ကိုယ်ကိုယ် အားမရခဲ့ တာတွေ၊ ကိုယ် လုပ်တဲ့ အလုပ်တွေကို ပြန်ကြည့်တဲ့အခါမျိုးမှာ ပိုပြီးကောင်းအောင် လုပ်ဖြစ်ခဲ့ရမှာဆိုတာမျိုးတွေ ပြန်လည်သုံးသပ်မိပါကြောင်း၊ အနုပညာ နဲ့ ပတ်      သက်လို့ လုပ်ပြချင်တာတွေ အများကြီးရှိနေကာ  ဇာတ်မင်းသမီးတစ်ဦးဖြစ်သလို အငြိမ့်မင်းသမီး တစ်ဦးလည်းဖြစ် တဲ့ သူ့ အနေနဲ့ အငြိမ့်နဲ့ ပတ်သက်ပြီး လုပ်ချင်တာတွေက အများကြီးရှိနေသေးကြောင်း ဝင်းသပြေထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ သူက သီးလေးသီးအငြိမ့်အဖွဲ့နဲ့ အတူ မြန်မာပြည်အနှံ့ အငြိမ့်ကပြလျက်ရှိပြီး မြန်မာ သံအခွေလည်း ထွက်ရှိဖို့ စီစဉ်လျက်ရှိနေပါတယ်။

လင်းအက္ခရာ

LEAVE A REPLY

Please enter your comment!
Please enter your name here