စင်ပေါ်စင်အောက် တသားတည်းကျ ရော့ခ်ကာတွေ ပျော်တဲ့ည

0
185

Big bag,Idiots,Reason စတဲ့ နာမည်ကျော် Rock Band တွေ ပါဝင်ကြတဲ့ Influence Rock ဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာလ ၂ ရက်နေ့ညက ရန်ကုန်မြို့ သုဝဏ္ဍဘူမိကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ဒီပွဲ ကတော့ ရော့ခ်ဂီတကိုတောင့်တ ကြတဲ့ လူငယ်ပရိတ်သတ်တွေ စိတ် အဆာပြေခဲ့တဲ့ပွဲဖြစ်ပြီး Band များ ကလည်းမီးကုန်ယမ်းကုန်ဖျော် ဖြေခဲ့ ကြပါတယ်။ ဖျော်ဖြေပွဲကိုတော့Reason တီးဝိုင်းရဲ့  တီးခတ်ဖျော် ဖြေမှုနဲ့ စတင်ခဲ့ပြီး Idiots , Big bag စသဖြင့်အလှည့်ကျ သီဆိုဖျော်ဖြေခဲ့ ကြပါတယ်။ ၂ဝ၁၆ ခုနှစ်အတွင်းမှာ လည်း Influence Rock အမည်နဲ့ ဒီသုံးဖွဲ့ကဂီတပွဲပြုလုပ်ခဲ့ပြီး ယခုနှစ် ကတော့ ဒုတိယအကြိမ်မြောက် ဖြစ် ပါတယ်။

“ဒီနှစ်ကတော့ Outdoor လည်း ဖြစ်သလို နည်းပညာပိုင်း ဆိုင်ရာတွေ လည်း ပိုမြင့်လာတယ်။ မိုးရွာသီ ဖြစ်ပေမယ့် မိုးကိုအံတုပြီး လာရောက် အားပေးကြတဲ့ ကျွန်တော်တို့ရဲ့  ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။Music ကို ချစ်ပြီး လာအားပေးကြတဲ့ ပရိသတ်တွေကို လေးစားပါတယ်” လို Influence Rock ဂီတပွဲမှာ ပါ ဝင် တဲ့ Reason မှ အောင်လက ပြောပါတယ်။မှ အောင်လက ပြောပါတယ်။ ဒီပွဲမှာတော့ တီးခတ်ကြတဲ့ Band တွေက တစ်ဖွဲ့ကို ၁၅ ပုဒ် ဝန်းကျင် သီဆိုဖျော်ဖြေခဲ့ကြပြီး စင်ပေါ်စင်အောက် အပေးအယူ မျှ တကြတဲ့အတွက်ပျော်ရွှင်စရာ ရောခ့် ဂီတည ဖြစ်ခဲ့ပါတယ်။

P-054

ဓာတ်ပုံ- ပိုင်မှူးကိုကို၊  ဝေဖြိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here