ရွှေမှုံရတီရဲ့ အိုက်တင်အတိုင်း မိန်းမလျာ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ခဲ့တဲ့ ဇေရဲထက်

0
432

သရုပ်ဆောင် ဇေရဲထက်က “လှရွှေနှင့် သူ၏သူငယ် များ” ဇာတ်ကားမှာ မိန်းမလျာ ကာရိုက်တာနဲ့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ တစ် ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ “စိတ်ကြီးဝင်နေတဲ့မိန်းမ” ဇာတ်ကားမှာ ရွှေမှုံရတီရဲ့ ပုံစံတွေ ကိုဇေရဲထက်က ဟာသပုံစံ ပြန် လည်ရိုက်ကူး ထားတာဖြစ်ပြီး ဇေရဲထက် ကိုယ်တိုင်လည်း ရွှေမှုံရတီရဲ့ အိုက်တင်တွေကို သဘောကျရတယ် လို့ ဆိုပါတယ်။ မိန်းမလျာ ကာရိုက်တာ ရိုက်ကူးရင် ရွှေမှုံရတီရဲ့ အိုက်တင်တွေကို အတုယူတယ် ဆိုတဲ့ ဇေရဲထက်က

ကျွန်တော်ကအစက “မာယာ ကကြိုး”ဇာတ်ကားရိုက် ကူးတယ်။ အဲဒီဇာတ်ကားမှာ ဖြတ်၊ ဖောက်၊ ချုပ် ကောင်မလေးနေရာကပေါ့။ အဲဒီဇာတ်ကားလည်းပြီးရော မျက်ခုံးမွေးတွေ ရိတ်ထားတဲ့အတွက် ယောက်ျားလေး ကာရိုက်တာပုံစံ ရိုက်လို့မရသေးဘူး။ ဒါကြောင့် “လှရွှေနဲ့ သူ၏သူငယ်များ” ဇာတ်ကားကို လက်ခံပြီး ရိုက်ကူးခဲ့တယ်။ မထင်မှတ်ဘဲ ဒီဇာတ်ကားမှာ ဖြုတ်လုံးလေးတွေ တအား များတယ်။ ဟာသဇာတ်ကား ဆိုပေမယ့် ပေါပေါ ကြီးမဟုတ်ဘူး။ အငြိမ်လေးနဲ့ မျက် ခုံး၊ နှုတ်ခမ်းလေးတွေ ရွဲ့ကာမဲ့ကာနဲ့ သရုပ် ဆောင်ရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရိုက်ကူးပြီးတော့ ရွှေမှုံရတီကို နှောက် ထားသေးတယ်။ ငါနင့်ကို အကြီး အကျယ် နှောက်ထားတယ် ဆို ပြီးပေါ့။ သူ့ရဲ့အိုက် တင်လေးတွေကိုလည်း ကျွန်တော် တအား သဘောကျတယ်။ ကျွန်တော်ဆို မိန်းမလျာဇာတ် ကားရိုက်ကူးရင် သူ့ပုံစံလေး တွေကို ယူပြီး သရုပ် ဆောင်တာများတယ်။ ရွှေမှုံရတီစတိုင်ပေါ့။ သူနဲ့က မောင်နှမလိုလည်း ဖြစ် နေတော့ ငါက နင့်ထက် သာအောင် လုပ်ပြမယ်ဆို ပြီး အနိုင်နဲ့ပိုင်းပြီး စထား သေးတယ်။ ရွှေမှုံရတီက တိုင်ပင် ဖော် တိုင်ပင်ဖက် လည်း ရပါတယ်”လို့ ပြောပြပါတယ်။

ဇေရဲထက်က လက်ရှိရိုက်ကူး လျက်ရှိတဲ့ “ရာဇဝင်ရိုင်းခဲ့ သည်” ဇာတ်ကားအတွက် တက်တူးထိုးထားပြီး ပါဝင်ရတဲ့ ကာရိုက်တာက သူ့ အတွက် စိန်ခေါ်မှု တစ်ခုပဲလို့ ဇေရဲထက်က ဆိုပါတယ်။ Sexy ကျတဲ့ မာယာများတဲ့ ကာရိုက်တာအတွက် ဇေရဲထက်ရဲ့ ပြင်ဆင်မှုတွေ ကတော့

“ဒီဇာတ်ကား ရိုက်ကူးဖို့ကို အများကြီး စဉ်းစား ခဲ့ရတယ်။ ကျွန်တော့်အတွက် တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်စေတဲ့ ကာရိုက်တာမျိုးလေးပါ။ ဒီဇာတ်ကားမရိုက်ကူး ခင်ကတည်းက ကျွန်တော့် ရဲ့ဆံပင် ပုံစံ၊ မျက်နှာပုံစံတွေကို Sexy ကျတဲ့ Camera Man ပုံစံရအောင် ကြိုးစားထားတယ်။ ယောက်ျား မာယာ အရမ်းများတဲ့ သရုပ်ဆောင်မှုတွေ ဖြစ်တဲ့အတွက် ကျွန်တော့် အတွက် တော့ စိန်ခေါ်မှုများတဲ့ ဇာတ်ကား တစ်ကားပါ” လို့ ဇေရဲ ထက်က ပြောပြ ပါတယ်။

“ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားမှာတော့ ဇေရဲထက် က အနုပညာ လောကနဲ့ ဝေး ကွားနေတဲ့ ဇင်ဇင် ဇော်မြင့် နဲ့ အတူ ပါဝင်သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here