Gym ဆော့တာထက် အစားအသောက်ကို အဓိကရှောင်ပြီး ဝိတ်မတက်အောင်ထိန်းတဲ့ Sophia

0
197

 ကျန်းမာရေးအတွက် Gym ပုံမှန်ဆော့ဖြစ်သလို အလှအပအတွက်ကိုလည်း အစားအသောက်ကို ရှောင်ပြီးစားဖြစ်ကြောင်း အဆိုတော် Sophia က ပြောပါတယ်။ ကျန်းမာရေးအတွက် Gym  ပုံမှန်ဆော့ဖြစ်သလို အလှအပအတွက်ကိုလည်း အစားအသောက်ကို ရှောင်ပြီးစားဖြစ်ကြောင်း အဆိုတော် Sophia က ပြောပါတယ်။

“သီချင်းဆိုတာကလည်း သက်လုံ ကောင်းမှရမှာလေ။ အဲဒီအတွက်လည်း Gym ဆော့ပါတယ်။ အခု နောက်ပိုင်း ဒီရက်ပိုင်း တွေတော့ မဆော့ဖြစ်ပါဘူး။ ဆိုဖီနေသိပ် မကောင်းတာနဲ့ ခဏလေးနားထားတာ ပေါ့နော်။ အဓိကကတော့အစား အသောက် ကို ရှောင်ပါတယ်။ ဆီကြော်တော့ လုံးဝ မစားပါဘူး။အတတ်နိုင်ဆုံးတော့ အပြုတ် တွေစားဖြစ်တာများပါတယ်။ Gym ထက်စာရင်တော့ အဓိကက အစား အသောက် ရှောင်နိုင်ဖို့ပါပဲ”လို့ သူမရဲ့ ခန္ဓာကိုယ်အလှအပ ထိန်းသိမ်းခြင်းရဲ့ လှို့ဝှက်ချက်အကြောင်း Sophiaက ပြောပါတယ်။

ဂီတနဲ့ ပတ်သက်ပြီး   ဒုတိယတစ်ကိုယ်တော် အခွေ မထွက်ခင် Music Video တစ် ပုဒ်ရယ်၊ သီချင်းအသစ်တစ်ပုဒ်ရယ်တင်ဖို့ရှိတဲ့ Sophia က စက်တင်ဘာလ ၂၃ရက်နေ့၊ Rose Garden Hotel မှာ ကျင်းပ မယ့် Romantic Opera ပွဲမှာလည်း ပါဝင်ဖျော် ဖြေဖို့ရှိပါတယ်။ ဆံပင်ပုံစံနဲ့ ပတ်သက်လို့ အမြဲတမ်းပြောင်းလေ့ရှိတှဲ့သစ့ငေ ကို လက်ရှိထားဖြစ်နေတဲ့ ဆံပင်ပုံစံ အကြောင်းကိုလည်း မေး ဖြစ်တဲ့အခါ…

“လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ်လောက် ကတည်းက တစ်လကို ၄ရောင်၊ ၅ရောင် ပြောင်းဆိုးတယ်။ ဆိုးပါများတော့ ဆံပင်တွေက ပြတ်ကျတာတွေဖြစ် တယ်။ ဒဏ်ကို မခံနိုင်တော့ဘူးပေါ့ နော်။ အပူတွေနဲ့ အမြဲတမ်းထိနေရ တာကိုး။ အဲဒီတော့ နောက်ဆုံး ဆံပင် အတုတွေပဲ စွပ်တော့မယ်လို့ ဆုံးဖြတ် လိုက်တယ်။ အဲဒါကျတော့   ကြိုက်တဲ့ အရောင် ကောက်တပ်လိုက်ရင် အဆင် ပြေတယ်ပေါ့နော်။ ပွဲတွေတက်ရင်လည်း အဲဒီလိုလုပ်ဖြစ်တယ်။ ဆံပင်ကတော့ ဆိုဖီကိုယ်တိုင်က အနက်ရောင်ပဲထားချင် တော့တယ်”  လို့ သူမကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here