ဇာတ်ကားတွေ ရိုက်ကူးသွားဦးမယ့် မြန်မာပြည်သိန်းတန်

0
1182

စတီရီယိုအဆိုတော်ကြီးမြန်မာပြည်သိန်းတန်က သူတို့ ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ‘ဖက်ရှင်’ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ ဖက်ရှင်နဲ့ ပတ်သက်ပြီး သူပြင်ဆင်မှု ပိုင်းကိုတော့ အခုလို ပြောပြခဲ့တာက…

စတီရီယိုအဆိုတော်ကြီးမြန်မာပြည်သိန်းတန်က သူတို့ ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ‘ဖက်ရှင်’ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ ဖက်ရှင်နဲ့ ပတ်သက်ပြီး သူပြင်ဆင်မှု ပိုင်းကိုတော့ အခုလို ပြောပြခဲ့တာက…

“ဒီဇာတ်ကားမှာ အန်ကယ်တို့ရဲ့ ဖက်ရှင် ကို Aroma က ပြင်ဆင်ပေးတယ်။ စတိုင်လေး တွေကိုတော့ အချစ်ဆုံးတေးချစ်သူ က အန်ကယ်ရဲ့အကြိုက်ကို စတိုင်လေးတွေ ဖန်တီးပေးတယ်။ ပြီးတော့ တချို့ဟာလေးတွေကိုတော့ အမေရိကန်က ဝယ်လာဖြစ်တယ်။ စီးတဲ့ဖိနပ်ကလည်း အမေရိကန်ကပဲ ဝယ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။  ဂီတဘက်မှာ အားပေးသလိုပဲ၊ ရုပ်ရှင်ဘက်မှာလည်း ပရိသတ် တွေ အားပေးစေချင်တဲ့ မြန်မာပြည် သိန်းတန်က နောက်ထပ်ရိုက်ကူးဖို့ ဇာတ်ကားတွေရှိကြောင်းကိုတော့  “နောက်ထပ် ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထား တာတွေတော့ ရှိတယ်။ အခုဆိုရင် ရက်ရွေးပြီးတော့မှ ရိုက်ကူးကြရတော့မှာပါ။ ဒီ’ဖက်ရှင်’ဇာတ်ကားပြီးတော့  နောက်ထပ် ရိုက်ကူးပြီးထားတဲ့ ဇာတ်ကားတစ် ကားတော့ ရှိတယ်။ ‘အဆိုတော်တို့ နေတဲ့ရွာ’ ဇာတ်ကားကို ရုံရက်ရရင် တော့ တင်တော့မှာပါ။

‘အန်ကယ် No ‘ ဇာတ်ကားကို တတိယမြောက် ရိုက်ကူးမယ့် ဇာတ်ကားပါ။ အန်ကယ် ဂီတနယ်မြေမှာ အန်ကယ်ကို အားပေးကူညီသလို၊ အန်ကယ်တို့ နှစ် ယောက်ရဲ့ ရုပ်ရှင်နယ်မြေမှာလည်း ဧည့် သည်အဖြစ် ပါဝင်သရုပ်ဆောင် နေရတဲ့ အခြေအနေကို ပရိသတ်များအနေနဲ့ အားပေးပါလို့ ပြောချင်တယ်။ ပြီးတော့ လိုအပ်တဲ့ အကြံလေးတွေ ပေးပါလို့။ အန်ကယ် တို့ လိုက် နာပါ့မယ်လို့ ပြောချင်တယ်။ အန်ကယ်အခုထိ နားယူချင်ပေမယ့်လည်း အနားယူခွင့် မကြုံသေးဘူး။ အားလုံးသာယာဖို့ အတွက် ဒီတေးဂီတနဲ့ အနုပညာ သရုပ် ထမ်းဆောင်နေရတုန်းပဲ။ အင်မတန် ဘဝကုသိုလ်ကံ ထူးတယ် လို့ ယူဆမိတယ်”လို့ ဆိုပါတယ်။  ဂီတလုပ်ငန်းအပြင် သရုပ် ဆောင် အလုပ်တွေလည်း တွဲဖက်လုပ်ကိုင်လာပြီဖြစ်တဲ့ မြန်မာပြည်သိန်းတန်က ရုပ်ရှင်ဇာတ်ကားတွေ ဆက်ရိုက်ကူးဖို့ရှိကြောင်းလည်း သိရပါတယ်။

  ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here