မေမေ့ရဲ့ အမွေကို ဆက်ခံတာပါ ဆိုတဲ့ မေရွက်ဝါရဲ့ သမီး ဆန်းသစ်လ ပထမဆုံး တစ်ကိုယ်တော် အခွေ ထွက်ရှိ

0
291

အဆိုတော် မေရွက်ဝါ ရဲ့ သမီး ဆန်းသစ်လ ရဲ့ “မေမေ့ရဲ့ အောက် ဆီဂျင်” လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် တေးစီးရီး မိတ်ဆက် ပွဲကို စက်တင်ဘာလ ၇ရက်နေ့ နေ့လယ်က Jazz In Time Music Bar မှာ ပြုလုပ်ခဲ့ပါတယ်။ “မေမေ့ရဲ့ အောက်ဆီဂျင်” အခွေ မှာ သီချင်းအားလုံးပေါင်း ၁၁ ပုဒ်ပါရှိပြီး ဏသစ ပုံစံသီချင်း ချိုချိုအေးအေးလေးတွေ အများဆုံး ပါဝင်ထားကြောင်း သိရပါတယ်။ မိခင် မေရွက် ဝါရဲ့ အမွေကို ဆက်ခံတဲ့ အနေနဲ့ မိခင်ရဲ့ နာမည် ကြီး သီချင်းတစ်ပုဒ်ကို ထည့်သွင်း သီဆိုဖြစ်ပုံနဲ့ “မေမေ့ရဲ့ အောက်ဆီဂျင်”လို့ နာမည်ပေးဖြစ်ပုံကို ဆန်း သစ်လ က …

“ဒီအခွေလေး ထွက်ဖို့ပြင် ဆင်လာတာ ၂ နှစ်ပြည့်သွား ပြီ။ အခု ပရိသတ်လက်ထဲ ထည့်ခဲ့နိုင်ပြီ။ ဒီအခွေကို “မေမေ့ရဲ့ အောက်ဆီဂျင်” လို့ပေးဖြစ်တာ ကတော့ အောက်ဆီဂျင် သီချင်းလေးက မေမေ့ အနေနဲ့ မှတ်တိုင်တစ်ခုအ နေနဲ့ ထူထောင် နိုင်ခဲ့တဲ့ သီချင်းလေး။ ညီမ အနေ နဲ့ကလည်း မေမေ့ အမွေကို ဆက်ခံတဲ့ အနေနဲ့ ဒီသီချင်း လေးကို ဒီအခွေထဲမှာ ပြန်ထည့်ထားတယ်။ Title ရဲ့ အဓိပ္ပာယ်လေး ကျတော့လည်း သားမီးအတွက် မိဘကမရှိ မဖြစ် အရေးကြီးတယ်။

မိဘတွေ အတွက် သားသမီး ကလည်း မရှိမဖြစ် အရေးကြီးတယ် ဆိုတာကို အောက် ဆီဂျင်နဲ့ သုံးနှုန်းပြီးတော့ “မေမေ့ရဲ့ အောက်ဆီဂျင်” လို့ ပေးထားတာပါ။ မေမေ့ သီချင်းကတော့ ဒီတစ်ပုဒ် ပဲပါ တယ်။ ကျန်တဲ့ အဆိုတော်ကြီးတွေရဲ့သီချင်း အဟောင်း ၂ ပုဒ်လည်း ပါသေးတယ်။ သီချင်း အဟောင်း ၃ပုဒ်ပါ။ ကျန်တာ အား လုံးကတော့ ကိုယ်ပိုင်သံစဉ် တွေပါ။ ကိုယ် တိုင်ရေးထားတဲ့ သီချင်းတော့ မပါသေးပါဘူး။ ညီမရဲ့ ပထမ ဆုံး အယ်လ်ဘမ်ဖြစ်တဲ့ အတွက်လည်း အကောင်းဆုံး ကြိုးစားထားပါတယ်” လို့ ပထမဆုံး ထွက် ရှိလာတဲ့ တစ်ကိုယ်တော် အခွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဒီ အခွေအမြန်ဆုံး ထွက်ရှိနိုင်ဖို့ အတွက် မိခင် မေရွက်ဝါရဲ့ ပံ့ပိုးမှုများ အများ ဆုံး ပါဝင်ခဲ့ပြီး မိခင်အောင်မြင်သလို သူအောင်မြင်မှု ရရှိဖို့ အတွက်ကတော့ သူ့ရဲ့ကံပါလို့ ဆန်းသစ်လ က ပြောလာပါတယ်။

အခွေနဲ့ ပတ်သက်ပြီးတော့ “မေမေကတော့ အများဆုံး အပြစ် အပြောဆုံးပေါ့။ သူများထက်စာရင် သူက ပိုပြော ထားတာပေါ့။ ညီမအ ခွေလေး ထွက်နိုင်အောင် လည်း မေမေကပဲ တောက်လျှောက် ပံ့ပိုးပေးခဲ့တာပါ။ မေမေကတော့ သီချင်း ဘက်မှာ အောင်မြင်ခဲ့တယ်။ ညီမလည်း မေ့မေ့လို အောင်မြင်ဖို့ ဆိုတာက ညီမရဲ့ ကံ ပေါ့နော်။ အတတ်နိုင်ဆုံးတော့ ကိုယ့်အသံနဲ့ လိုက် ဖက်တဲ့ အရာလေးတွေကို ဒီအခွေထဲမှာ အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ ဆန်းသစ်လက ပြော ပါတယ်။
ဇင်မာနွယ်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here