အမြွှာ ရင်သွေးလေးတွေ အတွက် ရင်ခုန် ကြည်နူးမှုတွေ နဲ့ လင်းလင်း ၊ ချစ်သုဝေ တို့ရဲ့ မိသားစုကမ္ဘာ

0
92

llctwစိတ်တူ ကိုယ်တူ ဂီတမောင်နှံ နှစ်ဦးဖြစ်တဲ့ လင်းလင်း နဲ့ ချစ်သုဝေ တို့ဟာ အခု ဆိုရင် အမြွှာရင်သွေး လေးတွေ ရရှိတော့ မှာဖြစ်ပြီး ချစ်သုဝေ ရဲ့ကိုယ်ဝန်က ၇ လထဲ ရောက်လာပြီ ဖြစ်ပါတယ်။ ဒီအချိန် မှာတော့ ဇနီးမောင်နှံ နှစ်ဦးစလုံး က ကိုယ်ဝန်ကို အထူး ပြု စုစောင့်ရှောက် နေကြ ပြီး ဖခင်ဖြစ်တဲ့ လင်းလင်း ကလည်း Show တွေ နားထား တဲ့ အချိန်မှာ ဇနီးဖြစ်သူ အနားမှာ အနီး ကပ် ပြုစုစောင့် ရှောက်နေတာ တွေ့ရပါတယ်။ အနုပညာ သမားတွေ ဖြစ်ကြတဲ့ လင်းလင်း၊ ချစ်သုဝေ တို့ ဇနီးမောင်နှံဟာ သူတို့ ရဲ့ သားသမီး တွေအပေါ်မှာ ဘာဖြစ်ရမယ်၊ ညာဖြစ်ရ မယ် ဆိုတဲ့ အတ္တတွေ မရှိဘဲ စိတ်ထား နှလုံးသားကောင်းတဲ့ သမီးလေးတွေ ဖြစ်စေ ချင်ပြီး သူတို့ရဲ့ ဝါသနာ အပေါ်မှာပဲ အတတ်နိုင်ဆုံး ပံ့ပိုး သွားမယ်လို့ ဆိုပါတယ်။ ကိုယ်တိုင် လည်း ညီအစ်မ နှစ်ဦးဘဝ နဲ့ ကြီးပြင်း လာတဲ့ ချစ်သုဝေက ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ တွေ အရ သမီးလေးတွေ အပေါ်မှာ ပြန်မျှဝေရမယ် လို့ဆိုပါတယ်။

“ကိုယ်တိုင် လည်း မိန်းကလေး သဘာဝတွေ၊ ကိုယ် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ အမှန်၊ အမှား တွေ အကုန်လုံး သိခဲ့ တယ်။ မိဘနဲ့ ရင်အုပ် မကွာနေခဲ့တော့ မိဘတွေက ကိုယ့်အပေါ်မှာ ဘယ်လိုထိန်း ကျောင်းခဲ့လဲ ဆိုတာ နည်းနာ ပြန်ယူလို့ရတယ်။ ပြီးရင် ကိုယ် အဆင်မပြေ ဖြစ်ခဲ့တာလေးတွေ၊ သင်ခန်းစာယူခဲ့ တာတွေကို ကိုယ့် သမီးလေးတွေ ကို ပြန်ပြီး ဝေမျှလို့ ရတာပေါ့။ ထရီဇာ က မိန်းကလေး နှစ်ယောက်ဖြစ်တာကို သဘော ပိုကျတယ်။ ကံကောင်းချင် တော့လည်း သမီးလေး နှစ်ယောက်ပဲပေါ့။ ထရီဇာ ရဲ့ သဘော ထားရော၊ ကိုလင်း ရဲ့သဘောထားရော က သမီးလေး နှစ်ယောက်ကို ဘုရား၊ တရားချစ်ပြီး စိတ် ထားနှလုံးသား ကောင်းတဲ့ ကလေးတွေပဲ ဖြစ်စေချင်တယ်။

အနုပညာ ပါရမီ ပါရင် အနုပညာပေါ့။ တစ်ခုပဲဘဝ မှာ အရေးကြီးဆုံးက ဥာဏ်ပညာနဲ့ စိတ်ထားပဲ။ အဲဒါက အချိန် ကြာလာတော့ မှ ပြန်ပြုပြင် ယူလို့မရဘူး။ ငယ်ငယ် ကတည်းက ကလေးတွေကို ဥာဏ်ပညာ ပြည့်ဝတဲ့ ကလေး တွေဖြစ်အောင် ပြုစု ပျိုးထောင်ပေး ရမှာပေါ့။ ဒီကိုယ်ဝန် ရှိတဲ့ အချိန်မှာ အမြဲ ဆုတောင်းဖြစ်တာက ဘုရားရဲ့ သား သမီးလေးတွေ ပဲဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဘဝ မှာ ကောင်းတာတွေ လည်း ကြုံရမယ်။ ဆိုးတာတွေ လည်း ကြုံရမယ်။ အတက်အကျ တွေလည်း ကြုံရမယ်။ ဒီလောကဓံတွေ အားလုံး ကို ဘုရား နဲ့အတူ ကျော်ဖြတ်နိုင် မယ့် ကလေးတွေ ဖြစ်ဖို့ပဲ။ အဲဒါဆိုရင် သူတို့ဘဝ မှာ အမှားအယွင်း နည်းနိုင်သမျှ နည်းမှာပေါ့လေ။ ပြီးတော့ ကိုယ်ကလည်း တာဝန်ကျေတဲ့ အမေဖြစ်ဖို့၊ ကိုလင်းလည်း တာဝန်ကျေတဲ့ အဖေ ဖြစ်ဖို့ ခွန်အားတွေပေးဖို့ ဘုရားကို ဆုတောင်းတယ်” လို့ ချစ်သုဝေက သူ့ရင်သွေး အပေါ်မှာ ထားရှိတဲ့ စိတ်ထား ကို ပြောပါတယ်။ ချစ်သုဝေ လွယ်ထား တဲ့ အမြွှာ ကိုယ်ဝန်က အချင်းတစ်ခုစီဖြစ်ပြီး အမြွှာဆိုပေ မယ့် ရုပ်ချင်းဆင်ချင် မှဆင်မယ်လို့လည်း ချစ်သုဝေကဆို ပါတယ်။

“အားလုံးကလည်း ထရီဇာတို့ သမီးလေး နှစ်ယောက် ကို ဆင်တူလေး ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ ထရီဇာ လွယ်ထားတဲ့ Fraternal Twin ကျတော့ အချင်း တစ်ခုစီ၊ ရေအိတ် တစ်ခုစီ ဆိုတော့ မျက်နှာလေးတွေ ဆင်ပါ့မလား မသိဘူး။ မတူတဲ့အမြွှာတွေ လည်း ရှိတတ်တယ်။ ဘာလေး ဖြစ်ဖြစ်ပါ။ ကိုယ့်သား၊ သမီးလေးတွေ ကောင်းကောင်း မွန်မွန်နဲ့ လူ့လောကထဲ ရောက်လာဖို့က အရေးကြီးပါ တယ်” လို့ ချစ်သုဝေ ကဆိုပြီး သမီးလေးတွေ မွေးဖွားစဉ် မှာ လိုအပ်မယ့် ပစ္စည်းတွေကို အခု ကတည်းက မိတ်ဆွေ အပေါင်း အသင်း တွေက လက်ဆောင် ပေးကြတဲ့ အတွက် မေတ္တာ တရားကို ပိုခံစားမိတယ်လို့လည်း ဆိုပါတယ်။ ဖခင်ဖြစ်တဲ့ လင်းလင်း ကလည်း အနုပညာ အလုပ်တွေနဲ့ ရှုပ်နေပေမယ့် ဇနီးသည်နဲ့ ဗိုက်ထဲကသမီးလေးတွေနား မှာ ပိုအချိန်ပေးနေဖြစ်ပြီးသား၊သမီးအတွက် အကောင်း ဆုံးပံ့ပိုးပေးနိုင်တဲ့မိဘမျိုး ဖြစ်ချင်တယ်လို့ဆိုပါတယ်။

“ကျွန်တော်က ထရီဇာ ကိုယ်ဝန် စလွယ်ကတည်းက ယောက်ျားလေး ပဲ ဖြစ်ဖြစ်၊ မိန်းကလေး ပဲဖြစ်ဖြစ် ကိုယ့် ရင်သွေးပေါ့။ အဲဒီ အတွက်လည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်တယ်။ သေချာတာ ကတော့ မိဘတွေ နောက်ကို လိုက်ရတဲ့ သားသမီးတွေ မဟုတ်ဘဲ ကိုယ်တို့ မိဘတွေက သားသမီးတွေ လိုချင်တဲ့ ပန်းတိုင်ကို နောက်ကနေ Support ဘယ်လိုပေးနိုင်မလဲ ဆိုတာပဲ စဉ်းစားတယ်။ အဲဒီလို ပုံစံနဲ့ပဲ သားသမီးတွေ အပေါ်မှာ ထိန်းကျောင်း သွား မှာပါ” လို့ လင်းလင်း က ပြောပါတယ်။ ချစ်သုဝေရဲ့ ကိုယ် ဝန်က ၇လ ထဲရောက်နေ ပြီ ဖြစ်တာကြောင့် မိခင်တစ် ယောက် အနေနဲ့ သေချာ ဂရုစိုက်ရကြောင်းနဲ့ စိတ်ပူရ ကြောင်း ကိုလည်း..

“အခု ကိုယ်ဝန်က ၇လထဲ ရောက်လာပြီ ဆိုတော့ စိတ် ပူရတယ်။ ဗိုက်ကလေးနာလည်း စိတ်ပူတယ်။ ၇လထဲ ရောက်တော့ ကြွက်တက် တာတို့၊ အသက် ရှူကျပ်ပြီး အိပ်မရတာတွေ ဖြစ်လာတယ်။ အားမရှိမှာ စိုးရတယ်။ စောမွေးမှာ စိုးရတယ်။ စိုးရိမ်မှုတွေ က ပြောင်းနေ တာပေါ့။ မိဘဖြစ်တယ် ဆိုရင် ကိုယ်ဝန် စဆောင်ကတည်း ကမပြီးဆုံး တော့တဲ့ စိုးရိမ်မှုတွေ နဲ့ ရှင်သန် နေရတာပေါ့။ ကိုလင်း ဆို လည်း ပိုပင်ပန်းတယ်။ သူကအနုပညာ ကိုပဲချစ်ပြီး အေး အေးဆေးဆေး လေး ဖြတ်သန်းချင်တဲ့သူ။ အခုဆိုရင် သူ အနုပညာ အလုပ်တွေ ပိုလုပ်ဖြစ်တယ်။ ကလေးတွေ အတွက် အားလုံး အဆင်သင့် ဖြစ်အောင် ပိုကြိုးစားရတာပေါ့”လို့ ချစ်သုဝေက ဆက်လက်ပြောပြ ခဲ့ပါတယ်။

ရဲရဲ၊ ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here