ဆရာဝန် လုပ်မှာလား အနုပညာရှင် လုပ်မှာလား ဆိုတဲ့ မေးခွန်း အပေါ် အေးချမ်းမိုး ရဲ့အဖြေ

0
111

ဆရာဝန် တစ်ဖြစ်လဲ အေးချမ်း မိုးကတော့ လက်ရှိမှာ အစီအစဉ် တင်ဆက်သူ တစ်ဦးအဖြစ် ရပ်တည် နေပြီး သရုပ်ဆောင်တစ်ဦး အဖြစ် လည်း ရုပ်ရှင် ဇာတ်ကားများမှာပါ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဖြစ်ပါ တယ်။ ဆရာဝန်တစ်ဦးဖြစ်တဲ့ သူမ ကို ဆရာဝန်အလုပ်နဲ့ အနုပညာ၊ ဘယ်ဘက်ကို ဦးစားပေးပြီး လုပ်ဖြစ် မလဲလို့ မေးမြန်းရာ…

“အရင်နှစ်က အလုပ်သင် ဆရာဝန် ဖြစ်တဲ့ အတွက် ကိုယ့်အ တွက် အချိန်မပေးနိုင်ဘူး။ သရုပ် ဆောင်ပိုင်းတော့ သိပ်မလုပ် ဖြစ် ဘူး။ အစီအစဉ် တင်ဆက်သူ MC အနေနဲ့ အဓိက လုပ်ဖြစ်ပါတယ်။ အခု အချိန်တွေ အားသွားပြီ ဆို တော့ ပ ရိသတ်တွေ ကလည်း သရုပ် ဆောင်တစ်ယောက် အဖြစ် မြင် ချင်ကြတယ်။ ကမ်းလှမ်း လာတာ တွေ ရှိရင် လည်း ကြိုးစားပြီး လုပ်သွားပါ မယ်။ ဆရာဝန် ဆက်လုပ်ဖြစ် မလား အနုပညာဘက် ကိုပဲ သွား ဖြစ် မလား ဆိုတာတော့ ပရိသတ်တွေကို See First လုပ်ထားပါမယ်။ ဆက်ပြီးတော့ လည်း ကြိုးစား သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ကျောင်းပြီးသွားပြီ ဖြစ်တဲ့ သူမက စက်တင်ဘာလ အတွင်း ဘွဲ့ ယူရမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါ တယ်။

Miss Universe Myanmar 2013 ရဲ့First Runner Up အလှ မယ်ဖြစ်တဲ့ သူမက ဒီနှစ် Miss Universe Myanmar အလှမယ် များ အပေါ် သူ့ရဲ့ အမြင်လေးကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“တစ်နှစ်ထက် တစ်နှစ် ပြိုင်ကြ တဲ့ မြို့တွေက များလာတယ် ဆိုတော့ အားရစရာပါ။ မြန်မာနိုင်ငံကို ကိုယ် စားပြုမယ့် Miss တွေ အများကြီး ပေါ်ထွက်လာတယ်ပေါ့။ ထိုနည်း အတူ တစ်ဦးချင်းစီရဲ့ အရည် အချင်း ကို တိုးတတ် ဖို့အတွက် ပြုလုပ် စေချင်ပါတယ်။ အားလုံးက တော့ လှကြပါ တယ်။ တစ် ဦးနဲ့ တစ်ဦး အလှချင်းက တော့ မတူကြ ပါဘူး”လို့ ပြော ခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here