ဦးချစ်စရာ ရဲ့ လူရွှင်တော် ဘဝအစ

0
513

သရုပ်ဆောင် ဦးချစ်စရာက မိုးနတ်သူဇာ အငြိမ့်အဖွဲ့မှာ လူရွှင်တော် တစ်ဦး အနေနဲ့ ပါဝင်ရင်း နောက်ပြီး တစ်စတစ်စ နဲ့ ဗီဒီယို၊ ရုပ်ရှင်လောက ထဲမှာဟာသ သရုပ်ဆောင်တစ်ဦး အဖြစ် ရပ်တည်ခဲ့သူဖြစ်ပါ တယ်။ အခု အချိန်မှာ အနုပညာသက်တမ်း အနှစ် ၄ဝ ဝန်းကျင် ရှိပြီဖြစ်တဲ့ ဦးချစ်စရာ အတွက် လူရွှင်တော်ဘဝအစ “မိုးနတ်သူဇာ” အငြိမ့်ပါပဲလို့ ဆိုပါတယ်။ ဒါကြောင့် ဦးချစ်စရာရဲ့ လူရွှင်တော် ဘဝလှုပ်ရှားမှုတွေကို မေးမြန်း ကြည့်တော့

“မိုးနတ်သူဇာ အငြိမ့်မှာ ဇာဂနာက ကနဦးကတယ်။ ပိန်ပိန်တို့၊ စုတ်ချွန်း တို့၊ တက်တူတို့ပါတယ်။ နောက်ကျတော့ ဇာဂနာ ထွက်သွား တယ်။ ဇာဂနာက ရုပ်ရှင်ရိုက်တဲ့ ဘက်သွားတာပါ။ ဒါကြောင့် ဦးချစ်စရာကို ခေါ်ခေါ်ပြီး ကကြရတယ်။ ဒီလိုနဲ့ပဲ နောက်ပိုင်းမှာ ဦးချစ်စရာ က မိုးနတ်သူဇာက မသီတာဝင်း နဲ့ ပိန်ပိန်ရယ်၊ ထက်တူ ရယ်၊ စုတ်ချွန်း တို့ရယ်နဲ့ ကကြတယ်။ နောက်ပိုင်းမှာ ဦးက ရုပ်ရှင် ဇာတ်ကားလေးတွေ မှာ ပါဝင်ခွင့်ရတယ်။ ပန်းစကား၊ ချစ်ဦးမောင်၊ မမစိမ်း စတဲ့ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်တယ်။ ဗီဒီယိုတွေ ပေါ်လာတော့ ဝေလည်း မွှေးကြွေလည်းမွှေး၊ ဂျစ်တူး၊ မိန်းမ လည်သိန်းကြွယ် စတဲ့ဇာတ်ကားတွေ ပါဝင် သရုပ်ဆောင် ရိုက်ကူး ခဲ့တယ်။ လှုပ်ရှားမှုတွေ မပြက်ဘူးပေါ့။ ဒီလိုအနုပညာ လုပ်ကိုင် လာတာ သက်တမ်းက အနှစ် ၄ဝ ဝန်းကျင် ရှိပြီ။ အသက်ကတော့ ၆၉နှစ် ပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာ ဦးချစ်စရာ အနေနဲ့ အနုပညာ လှုပ်ရှားမှုတွေ ကြဲပါးသွား ပေမယ့် သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေဆဲပဲလို့ သိရပါတယ်။ တချို့သော သက်ကြီး လူရွှင်တော်တွေ ကတော့ အခုအချိန်မှာ စားဝတ်နေ ရေး အခက်အခဲတွေ ကြုံတွေ့နေကြရပေမယ့် ဦးချစ်စရာကတော့ ပင်စင်လစာနဲ့ မိသားစု အေးအေးချမ်းချမ်း နေထိုင်လျက် ရှိပါတယ်။ ဒါကြောင့် ဦးချစ်စရာရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပြောပြတာက

“အခုအချိန်မှာ တချို့ဇာတ် သဘင်လောကက လူရွှင်တော်တွေ ဆိုရင် များသော အားဖြင့် ဗီဒီယိုတို့၊ ရုပ်ရှင်တို့ ဘက်ကို ရောက်လာ ကြပါပြီ။ သူတို့လည်း ခက်ခဲတဲ့ အခိုက်အတန့် အနေအထား မျိုးနဲ့ ကြုံတွေ့ နေကြရတယ်။ သူတို့လည်း ပွဲကမှ အဆင်ပြေကြတာ ဖြစ် တဲ့အတွက် ပွဲမရှိကြရင် အဆင် မပြေကြဘူး။ အခုကြားရတာက ဗီဒီယိုက ဖြန့်ချိရေးအားနည်းတော့ ပိုက်ဆံ အရမ်းရှိတဲ့ သူတွေပဲ ရိုက်ကူးနိုင် ကြတယ်။ ဒါကြောင့်ဗီဒီယိုတွေ တော်တော်လေး ပါးသွားတယ်။ လူရွှင်တော်တွေက ရုပ်သံလိုင်းတွေက အစီအစဉ်တွေမှာ ရိုက်ကူးကြတယ်။ ဦးလည်း MRTV-4 က Jocker Variety အစီအစဉ်မှာ ပါထားပါတယ်။ အသက်လည်း ကြီးပြီဆိုတော့ ရိုက်ကူးမယ့် နေရာဒေသလည်း စဉ်းစားရတယ်။ တစ်ခေါက်က ကန်ထရိုက်က လာခေါ်တယ်။ အောင်ပန်းဘက် ဆိုတော့ မရိုက်ဖြစ် ပဲ ငြင်းလိုက်ရတယ်”လို့ ဦးချစ်စရာက ပြောပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here