ခေါင်းဆောင်မင်းသားအနေနဲ့ ဗီဒီယို ဇာတ်ကား၁၀ကား ရိုက်ကူးဖို့စာချုပ်ချုပ်ထားတဲ့ သရုပ်ဆောင် ထူးခြား

0
315

သရုပ်ဆောင် ထူးခြားက ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးဖို့ ဆောင်းနှင်းရည် ကုမ္ပဏီနဲ့ဗီဒီယို ဇာတ်ကား၁ဝကားရိုက်ကူးရန် စာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။ ထူးခြား ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းက ခပ်ကြမ်းကြမ်းနဲ့ လူဆိုးကာရိုက်တာတွေကို အများ ဆုံး သရုပ်ဆောင်ထားတာတွေကိုသာ ပရိသတ်များက တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ သူ ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးစတင်ရိုက်ကူးတဲ့ ဇာတ်ကားကတော့ သူတစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာတစ်ခုနဲ့ စတင်ရိုက်ကူး ရတာဖြစ်ကြောင်းနဲ့ နောက်ထပ်လည်း သူ့အနေနဲ့မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေလုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ထူးခြားက ပြောပြလာပါတယ်။

သရုပ်ဆောင် ထူးခြားက ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးဖို့ ဆောင်းနှင်းရည် ကုမ္ပဏီနဲ့ဗီဒီယို ဇာတ်ကား၁ဝကားရိုက်ကူးရန် စာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။ ထူးခြား ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းက ခပ်ကြမ်းကြမ်းနဲ့ လူဆိုးကာရိုက်တာတွေကို အများ ဆုံး သရုပ်ဆောင်ထားတာတွေကိုသာ ပရိသတ်များက တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ သူ ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးစတင်ရိုက်ကူးတဲ့ ဇာတ်ကားကတော့ သူတစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာတစ်ခုနဲ့ စတင်ရိုက်ကူး ရတာဖြစ်ကြောင်းနဲ့ နောက်ထပ်လည်း သူ့အနေနဲ့မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေလုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ထူးခြားက ပြောပြလာပါတယ်။

“တစ်ကားတော့ ရိုက်ပြီးပြီ။နောက်ထပ် ထပ်ရိုက်ဖို့လည်း ဇာတ်ကားတော့ရှိပါတယ်။ တခြားဇာတ် ကားရိုက်ကလေးတွေ ရှိနေလို့ ခဏနားထားပါတယ်။ ကျွန်တော် ကြိုးစားလို့ ဒါက အခွင့်အရေးပြန်ရတဲ့သဘောပါ။ ကျွန်တော် ကြိုးစားတာ လေးတွေကို အားပေးရင်ပဲ ကျေနပ်ပါတယ်။ ကျွန်တော့် ဘက်ကလည်း မလုပ်ဖူးတာတွေ လုပ်သွားဖို့ ရှိပါတယ်။ မလုပ်ဖူးတာဆိုတာက ချစ်တာတွေ ကြိုက်တာတွေ ကျွန်တော် သိပ်မရိုက်ရဘူးလေ။ ပထမဆုံး ဇာတ်ကားမှာ နူးညံ့တာလေးတွေ ပါနေတော့ ကျွန်တော် တော်တော်လေး  ကြိုးစားပြီး လုပ်ယူရပါတယ်။ ကျွန်တော်က အပြင်မှာ တော့ ပျော်ပျော်နေတတ်ပါတယ်။ ဒါပေမဲ့ သိပ်ပြီး နူးညံ့ တဲ့ အထဲမှာမပါဘူး။ အဲဒီအတွက် ကြိုးစားရပါတယ်။ ရိုက်ကူးရတဲ့ ၁ဝကားကိုလည်း ကာရိုက်တာ ၁ဝ မျိုးနဲ့ကို ရိုက်ပါ့မယ်။ တခြားရိုက်ကူးရတာတွေကိုလည်း ကျွန်တော် ဂျီးတော့ သိပ်မများပါဘူး။ အဆင်ပြေအောင် ကျွန်တော် ရိုက်ပါတယ်။ အားလုံးအဆင်ပြေအောင်ပေါ့နော်”လို့ ပြောပါတယ်။ ခေါင်းဆောင်မင်းသားအနေနဲ့ စတင်ရိုက်ကူးလာပြီ ဖြစ်တဲ့အတွက်  ခေါင်းဆောင်မင်းသားရဲ့နေရာနဲ့ ထိုက်တန် အောင် သူ့ဘက်က အစွမ်းကုန်ကြိုးစားသွားမှာဖြစ်သလို ပရိ သတ်များအနေနဲ့ကလည်း သူ့ကို အကောင်းအဆိုး များများဝေ ဖန်ပြောဆိုပေးဖို့ ပရိသတ်များကို တောင်းဆိုလာခဲ့ပါတယ်။

“ခေါင်းဆောင်အနေနဲ့ ရိုက်ကူးတော့ ပိုပြီးတော့ တာဝန်ကြီးတာပေါ့။ အဲဒီအတွက် ကျွန်တော့် ဘက်က ကျွန်တော်ရောက်တဲ့ နေရာနဲ့ထိုက်တန်တဲ့ အနုပညာတွေဖြစ်အောင် ကြိုးစားမယ်။  ကျွန် တော့် ကြိုးစားမှုအလျောက်ကို အောင်မြင်ဖို့ မအောင်မြင်ဖို့တွေကို ပြောဖို့ထက် ကျွန်တော့်ကို အားပေးနေဖို့ ကောင်းရင်ကောင်းတယ် မကောင်းရင် မကောင်းဘူးဆိုတာမျိုး ကြိုက်သလိုဝေဖန်ပါ။ ကျွန်တော် တအားကျေနပ်တယ်။ အဓိက များများဝေဖန်ပေးဖို့။

ကျွန်တော့်ကို အကောင်းအဆိုး၊ ဆိုးတာများများ ဝေဖန်ပေးဖို့ ပြောချင်ပါတယ်။ ကျွန်တော့်ဘက်က ကြိုးစားဖို့အာမခံပါတယ်”လို့ ပရိသတ်များ အားပေးဖို့နဲ့ အနုပညာနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြိုးစားသွားမယ့်အကြောင်းအရာများ ကိုထူးခြားက ပြောပြခဲ့ပါတယ်။ အခုဆိုရင် ထူးခြားက အိမ်ထောင်ကျ တာ ၃လလောက်ရှိနေပြီ ဖြစ်ပြီး ရင်သွေးလေးယူဖို့တော့ အစီစဉ်မရှိသေးကြောင်းနဲ့ သူ့ဇနီးက သူ့အတွက်တကယ့် လက်တွဲ ဖော်ကောင်း တစ်ယောက်ဖြစ်ကြောင်းကို ထူးခြားက …

“အိမ်ထောင်ကျတာ ၃လ လောက်ရှိပြီး။ ရင်သွေးယူဖို့တော့ အစီအစဉ်မရှိသေးဘူး။ အနုပညာ အလုပ်တွေကိုပဲ တစိုက်မတ်မတ် လုပ်သွားပါဦးမယ်။ ၂ယောက်စလုံးကလည်း အခုလောလော ဆယ်တော့ အလုပ်တွေကိုယ်စီ လုပ်နေကြတော့ မနက်ပိုင်းလေး ဘရိတ်ဖတ် အတူတူစားတာတို့၊ ညနေပြန်ချိန် ထမင်းအတူတူစားတာတို့၊ ဒါမျိုးလေးတွေပေါ့။ သူကလည်း သူ့အလုပ်နဲ့ သူ ရှိနေတော့ သူ့ရုံးပိတ်ရက်တွေမှာတော့ ရှုတင်လိုက်လာပါတယ်။တနင်္လာ သောကြာ ရုံးတက်ပြီး စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာတော့ ကျွန်တော်နဲ့ အမြဲအတူရှိနေပါတယ်။ သူက ကျွန်တော့် ရဲ့ တကယ့်လက်တွဲဖော်ပါ။ ဇာတ်ကားရိုက်ကူးမှုတွေမှာဆိုလည်း ကျွန်တော် လိုအပ်တာတွေကို အများကြီးထောက်ပြလေ့ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။ အခု လတ်တလောမှာတော့ ထူးခြားက ဒါရိုက်တာစတီးလ် ရိုက်ကူးတဲ့ ‘သခင်ကြီးနှင့် ငါးပိတို့စရာ’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် နေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here