Thursday, April 24, 2025

နယ်စပ်အွန်လိုင်းလိမ်လည်မှုများအတူ တိုက်ဖျက်မည်–ထိုင်း၊ ဖနောင်ပင်

ဖနောင်ပင်၊ဧပြီ ၂၃ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကိုတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့်ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာတို့ ကတိပြုခဲ့ကြသည်ဟု သိရသည်။ အဆိုပါပူးတွဲကတိကဝတ်ကို ၂၀၂၅ ခုနှစ်...

လာအိုသမ္မတ နှင့် ထိုင်းမင်းသမီးသီရိဒုံ တို့တွေ့ဆုံဆွေးနွေး

ဗီယင်ကျန်း၊ဧပြီ ၂၃ လာအိုသမ္မတ Thongloun Sisoulith သည် နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မာစေရန်၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၇၅...

တရုတ်ဒုဝန်ကြီးချုပ် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

ပေကျင်း၊ဧပြီ ၂၃ တရုတ်ဒုဝန်ကြီးချုပ် မစ္စတာ Ding Xuexiang သည် အီရန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Seyed Abbas Araghchi နှင့် ဗုဒ္ဓဟူးနေ့က...

ပျဥ်းမနား အမှတ်(၁)မြို့မစျေးအသစ်ပြန်လည်တည်ဆောက်စဥ် အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ်...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ပျဥ်းမနားမြို့၊ အမှတ် (၁)မြို့မစျေးကြီးအား အသစ်ပြန်လည်တည် ဆောက်နေချိန်၌ ရန်ကုန်-မန္တလေးလမ်းဟောင်းအ နီးရှိ အောင်မင်္ဂလာဝန်းအတွင်းတွင် ယာယီဈေးဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...
HomeCelebrities' Newsအတွဲညီခဲ့တဲ့ ဟာသသရုပ်ဆောင် ကွမ်းသီးအကြောင်း...

အတွဲညီခဲ့တဲ့ ဟာသသရုပ်ဆောင် ကွမ်းသီးအကြောင်း ပြောပြတဲ့ ဦးမေတ္တာ

တစ်ချိန်သော ကာလက မေတ္တာနဲ့ ကွမ်းသီး ဆိုရင်သိပ်ကို အတွဲ ညီလှတဲ့ လူရွှင်တော်၊ ဟာသသရုပ်ဆောင်တွေ အဖြစ် ပရိသတ်တွေ အမှတ် ရနေကြမှာပါ။ တစ်ဦးချင်းစီရဲ့ အရည်အချင်းတွေကြောင့် ကော၊ သူတို့နှစ်ဦးရဲ့အတွဲညီလှတဲ့ သရုပ်ဆောင်မှု တွေကြောင့်ကော အောင်မြင် ကျော်ကြားခဲ့ကြတာ ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ တွေ့ဆုံ မှုနဲ့ ပတ်သက်လို့ ဦးမေတ္တာက အခုလို ပြန်လည်ပြောပြတာက

“ပန်းဆိုးတန်းလမ်းထိပ်လေးမှာပေါ့။ ကျွန်တော် စာရေးပါတယ်တဲ့။ တောင်ငူ ရွှေကွမ်းပါတဲ့။ နာမည်အရင်း ကတော့ မြင့်စိုးပါတဲ့။ ကျွန် တော်ကိုသိန်းဇော်တို့ ဇာတ်မှာကပါတယ်ပေါ့။ သူ့နာမည်က လူရွှင် တော် ကွမ်းသီးပါပေါ့။ ဒီနာမည်က ဘဘစိန်အောင်မင်း ပေးတာပေါ့။ ကျွန်တော်က ပြောပါဆိုတော့ ကျွန်တော် ဝဇီရာပြဇာတ်မှာ ကချင်တယ် ဗျာတဲ့။ ကျွန်တော့်ကိုပြောပေးပါလားတဲ့။ ကျွန်တော်က နှုတ်နဲ့ ပြောပေးရမှာလေ။ အပန်းကြီးတာမှ မဟုတ်ဘဲ။ ဘဘ သူကလူရွှင်တော် တစ်ယောက်ပါ။ မန္တလေးသိန်းဇော် အဖွဲ့နဲ့ ကပါတယ်လို့ပြောပေးဖြစ် တယ်။ ဘဘရယ်လို့ အပန်းမကြီးဘူး ဆိုရင်တော့ ခေါ်ပါလို့။ သူက ဇာတ်ခုံ ပေါ်မှာ ကောင်းတယ်လို့ ကျွန်တော့်အနေနဲ့ ဘဘကိုပြောပေးဖြစ် တယ်။ အဲဒီမှာ “ယောက္ခမရိုသေ အသက်ရှည်” မှာစပြီးတော့ကပြဖြစ်တယ်။ ကိုကွမ်း သီးရဲ့ စကားလုံးတစ်လုံးရှိတယ်။ “ငွေရေးကြေးရေး ခြေသလုံးမွှေး”ဆိုတဲ့ စကား လုံးကျန်ခဲ့တယ်။ “မိုမိုကွမ်း” ဆိုတာသူတစ်ယောက်တည်းလုပ်ခဲ့တယ်။ အဲဒါ ကျန်ခဲ့တယ်။ နောက်သူနဲ့ ကျွန်တော်နဲ့ “မိုမိုကွမ်းနဲ့ ချွန်တွန်း” ဆိုပြီးတော့ “အမေ့ချွေးမလှလှလေး”မှာ ကျွန်တော် က ရှူဆေးဘူးကြီး နဲ့ သူကဂါဝန် စကပ်နဲ့ အဲဒါမျိုး ကျန်ခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက် တွဲပြီးတော့ အဆင်ပြေပြီ ဆိုတဲ့ အချိန်မှာ ကိုမြတ်သူက ကျွန်တော်တို့ နှစ်ယောက်နဲ့ ရုပ်ရှင်ရိုက်မယ် လို့ပြောတယ်။ ကွမ်းသီးလည်း ဇာတ်လမ်းရေးပါလား ဆိုတော့ ကျွန်တော်တို့က အဲဒီအချိန်တုန်းက ဟိုတစ်လုံးဒီ တစ်လုံးရေးနေတဲ့ ကောင်တွေပေါ့။ သူလည်းရေး၊ ကျွန်တော်လည်းရေးပြီး ရိုက်ကူးဖို့ စီစဉ် လိုက်ကြတယ်။ “မော်တာပန်ကာ” ဆိုပြီး ရိုက်လိုက်တယ်။ အောင်မြင်ခဲ့ကြတယ်။ အောင်မြင်တယ် ဆိုတာကလည်း “မော်တာပန်ကာ” ကိုရိုက်ပြီးပြီးချင်း အောင်မြင်တာမဟုတ်ဘူး။ “မော်တာ ပန်ကာ”ကို ရိုက်ကူးပြီးတော့ လိုက်ရောင်းတာ ဘယ်သူမှဝယ်မယ့် လူမရှိဘူး။ ဒါမှန်သော စကားပဲ။ အဲဒီ အချိန်မှာပြဇာတ်တွေကို ဒိုင်ခံဝယ်တဲ့ လူရှိတယ်။ အဲဒါကစိန်ဌေး ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေး ကကိုဝင်းကြည်ပဲ။ ဒီဇာတ်ကို ဝယ်ပေးပါ ဆိုပြီးတော့ တောင်းတောင်းပန်ပန် နဲ့ ပြောလိုက်တော့ အဲဒီဇာတ်ကားက ပေါက်သွားတာ သိန်းပေါင်းကို ရာချီပြီးရခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ အနုပညာ အလုပ်လုပ်ခဲ့တာပေါ့။ ပြီးတော့ “အေရိုးဗစ်ဖူးစာ” ဆိုပြီးတော့ နှစ်ယောက် ရိုက်ကူးခဲ့ကြ တယ်။ ဒါကတော့ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းပါပဲ” လို့ ပြောပါတယ်။

ပေါင်းသင်းဆက်ဆံရေးမှာ တအားကောင်းတဲ့ သူငယ်ချင်းဖြစ်သူ ကွမ်းသီး ကွယ်လွန်သွား တဲ့အချိန်မှာတော့ သူ့အနေနဲ့ အလွန်ပဲ နှမြောတသဖြစ်ခဲ့ရတယ်လို့လည်း ဦးမေတ္တာကပြောပါ တယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071