မောင် ဖြိုးသဲမောင်

0
265

မေမေ့ဖုန်းကို သဲသဲကိုင်ထား တယ်မဟုတ်လား”မေ မေ့ဖုန်းကို သဲသဲကိုင်ထား တယ်မဟုတ်လား”ဟုတ်ကဲ့မေမေ” “မေမေ့ဖုန်းယူကိုင်ပြီး ဘာလုပ် တာလဲ သဲသဲ။ ဖုန်းဆက်တာလည်း မဟုတ်ဘူး။ကျူရှင်သွားရင်ယူသွားဖို့ သဲ သဲကို ဖုန်းပေးထားတယ် မဟုတ်လား” မောင်ဖြိုးသဲမောင်က မေမေ့ အမေးကိုချက်ချင်းမဖြေသေးဘဲ မေမေ့ကို လှမ်းကြည့်နေသည်။ “အမှန်အတိုင်းပြောနော်။ မေမေက ညာတာကိုမကြိုက်ဘူး။ မညာရဘူးလို့ သဲသဲကိုပြောထား တယ်နော်” “ဟုတ်ကဲ့မေမေ”  “ဒါဆိုရင်မေမေ့ကိုပြော။ သဲသဲ က မေမေ့ဖုန်းယူပြီးဘာလုပ်တာလဲ”  “ဖုန်းဘေလ်ယူတာ မေမေ”  “ဖုန်းဘေလ်ယူတယ်။

သဲသဲ က ဖုန်းဘေလ်ယူပြီး ဘာလုပ်တာလဲ။ သဲသဲမှာ ဖုန်းပြောစရာရှိရင်ပြောဖို့ မေမေ ထည့်ပေးထားတဲ့ ဘေလ် တွေရှိတယ်လေ။ သဲသဲလည်းအများ ကြီး စကားပြောရတာမဟုတ်ဘဲ ဘယ်လိုကုန်သွားတာလဲ။ ဂိမ်းဆော့ လို့ကုန်သွားတာလား” “ဟုတ်ကဲ့မေမေ” “သဲသဲဖုန်းထဲမှာ ဂိမ်းတွေထည့် ထားပေးတယ်လေ။ အဲဒါတွေ မဆော့ဘူးလား။ အင်တာနက်ဂိမ်းတွေ ဆော့နေတာလား သဲသဲက”  “ဟုတ်ကဲ့မေမေ။ ဖုန်းထဲက ဂိမ်းတွေက သဲသဲအကုန် ဆော့ပြီးပြီ မေမေ။ ထပ်ထပ်ဆော့ရတာပျင်းလာ လို့ အင်တာနက်ဂိမ်းတွေဆော့တာ” “အင်တာနက်ဂိမ်းဘယ်လို  ဆော့ရတယ်ဆိုတာ သဲသဲကိုဘယ်သူ က သင်ပေးတာလဲ” မောင်ဖြိုးသဲမောင်လေး ငြိမ် သွားပြန်သည်။ ကိုကိုက သူသင်ပေး တာကို မေမေ့ကို မပြောဖို့စကား ပိတ်ထားသဖြင့် ပြောဖို့ခက်နေသည်။မေမေကလည်း ညာပြောတာကို မ ကြိုက်ဘူးဟု ပြောထားသဖြင့် ညာလျှင်လည်း မေမေကရိုက်မည်။ကိုကိုသင်ပေးတာဟု ပြောပြန်ရင်လည်း ကိုကိုက နောက်ဘယ်တော့မှသင်မ ပေးတော့မှာကိုလည်း စိုးရိမ်သည်။

“ပြောလေသဲသဲ။ ကိုကိုက သင် ပေးတာမဟုတ်လား “ဟုတ် ဟုတ် မေမေ” “ဂိမ်းဆော့တာကို မေမေမတား ဘူးနော်။ စာကျက်ပြီးရင် စာရရင် ဆော့လို့ မေမေခွင့်ပြုထားတာ။ အင် တာနက်ဂိမ်းတွေက ဘာတွေလဲ။ အင် တာနက်ဂိမ်းတွေက အများကြီးရှိ တာ။ သဲသဲဆော့ရမယ့်ဂိမ်း၊ မဆော့ ရမယ့်ဂိမ်းရှိတယ်နော်။ ကလေးက ကလေးနဲ့ တော်တဲ့ဂိမ်းပဲ ဆော့ရ မှာလေ။ ဂိမ်းဆော့တယ်ဆိုရင် ဘာ ဂိမ်းဆော့တယ် ဆိုတာမေမေ့ကို ပြောရမယ်လို့ပြောထားတယ်နော်” “ဟုတ်ကဲ့မေမေ” “သဲသဲနဲ့တန်တဲ့ ဂိမ်းပဲဆော့ရ မယ်လေ။ ဂိမ်းဆော့တာသဲသဲကို ဥာဏ်ကောင်းအောင်လို့ ဆော့ခိုင်း တာ။ သဲသဲဖုန်းထဲ ထည့်ပေးထားတာ တွေဆော့ပေါ့။ လူကြီးတွေဆော့တဲ့ ဂိမ်းကို လိုက်ဆော့ရင် သဲသဲ ဦးနှောက်က မလိုက်နိုင်ရင် သဲသဲပင် ပန်းမယ်။ ခေါင်းကိုက်မယ်လေ” “သဲသဲဆော့တတ်ပါတယ် မေမေ။ သဲသဲ ခေါင်းမကိုက်ပါဘူး”

“နောက်ဆိုရင် အင်တာနက်ဂိမ်း တွေ မဆော့ရဘူးနော်။ သဲသဲဆော့ ချင်ရင် ဆိုင်မှာမေမေထပ်ထည့် ပေးမယ်။ သဲသဲကိုဖုန်းပေးထားတာအပြင်းပြေဆော့ဖို့ ပေးထားတာနော်။ တော်ရုံပဲဆော့ရမယ်သဲသဲရဲ့။ ကျန်း မာရေးအတွက်လည်း အားကစား လုပ်ရဦးမယ်လေ”

“ဘောလုံးကန်တော့လည်း သဲသဲတစ်ယောက်တည်း။ ကြက်  တောင်ရိုက်တော့လည်း သဲသဲတစ် ယောက်တည်း။ ကိုကိုက သဲသဲနဲ့ ဘောလုံးကန်ဖို့ မအားဘူးတဲ့။ ကြက်တောင်ရိုက်ဖို့လည်း မအားဘူးတဲ့။ သဲသဲတစ်ယောက်တည်း ကစားရ တာပျင်းလို့” မောင်ဖြိုးသဲမောင်ရဲ့မေမေမှာ ဖြိုးသဲမောင်ပြောတာကလည်း မှန် နေသဖြင့် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။ ဖြိုးသဲမောင်ရဲ့ကိုကို ကလည်း အိမ်မှာကစားတာမလုပ် တော့ဘဲ ဘောလုံးကွင်းမှာ သူငယ် ချင်းတွေနှင့် ဘောလုံးသွားကစား သည်။ ကြက်တောင်သွားရိုက်သည်။ပိုက်ကျော်ခြင်းသွားကစားသည်။ ဖြိုး သဲမောင်နှင့် ကစားရတာက သူ့ အတွက်ပျင်းစရာဖြစ်လာသည်။ကိုကို က ၈တန်းကိုရောက်လာပြီဆိုတော့ လေးတန်းကျောင်းသား ဖြိုးသဲမောင် နှင့် ကစားရမှာကိုပျင်းလာပြီဖြစ်သည်။

“ကိုကို့ကိုမေမေပြောလိုက်မယ်။ သဲသဲနဲ့ ဘောလုံးကစားဦးလို့။ ဂိမ်း တွေချည်း ဆော့နေလို့မရဘူး သဲသဲ ရဲ့။ အညောင်းမိလိမ့်မယ်။ ကျောင်း မှာလည်း စာသင်ရတယ်။ ကျူရှင် လည်းစာသင်ရတယ်။ ဂိမ်းထိုင်ဆော့ နေရတယ်ဆိုရင် သဲသဲအညောင်း မိပြီး နေမကောင်းဖြစ်လိမ့်မယ်”  “သဲသဲနေကောင်းပါတယ် မေမေ။ သဲသဲ မညောင်းဘူး မေမေ”

“ညောင်းတာပေါ့သဲသဲရဲ့။  ညောင်းတာကို သဲသဲမသိလို့လေ။ ဂိမ်းဆိုတာက သူ့အတိုင်းအတာနဲ့ သူဆော့ရတယ်။ အမြဲတမ်းမဆော့ ရဘူး။ အားတာနဲ့ဂိမ်းတွေချည်းဆော့နေရင် သဲသဲဂိမ်းစွဲသွားလိမ့်မယ်” “ဂိမ်းစွဲတယ်ဆိုတာ ဘာလဲ မေမေ။ ဂိမ်းစွဲရင် ဘာဖြစ်မှာလဲဟင်”  “ဂိမ်းစွဲတယ်ဆိုတာ သဲသဲက ဂိမ်းချည်းပဲ ဆော့ချင်လာမယ်။ စာကျက်စရာရှိတာလည်း မကျက်ဘဲ ဂိမ်းကိုပဲ ဆော့နေတော့ စာမရ တော့ဘူး။ စာမရတော့ အတန်းထဲ မှာ သူများနဲ့ ပြိုင်ရင်ကိုယ်က ဥာဏ် မကောင်းတော့ဘဲ ညံ့သွားမယ်လေ”

“ဂိမ်းဆော့တာ ဥာဏ် ကောင်း တယ်လို့ မေမေပဲပြောတာ။ သဲသဲက မညံ့ပါဘူး။ စာလည်း ကျက်ပါတယ် မေမေရဲ့”

“ဥာဏ်ကောင်းတယ်ဆိုတာကဂိမ်းကစားတော့ သဲသဲက ဂိမ်း မှာပါတာကို နိုင်အောင်လုပ်တာ မဟုတ်လား။ မြန်မြန်ဆော့တဲ့ ဂိမ်းဆို ရင် သဲသဲက မြန်မြန်လုပ်တတ်လာ တယ်လေ။ ဥာဏ်ကစားရတော့ ဥာဏ်ကောင်းတယ်လို့ မေမေက ပြောတာ။ ဒါပေမဲ့ အမြဲတမ်းကစားဖို့ ပြောတာမဟုတ်ဘူး။ တစ်ခါတလေ ကစားဖို့ပြောတာ။ ဂိမ်းကစားတာက အဓိကမဟုတ်ဘူ။ စာတော်ဖို့က အဓိကလေ သဲသဲရဲ့”

“ဟုတ်ကဲ့မေမေ”  ဖြိုးသဲမောင်က မေမေ့ကို ခေါင်းညိတ်ပြီး ဟုတ်ကဲ့မေမေဟု ပြောလိုက်သည်။ မေမေက ဖြိုးသဲ မောင်ကို ပြုံးပြလိုက်ပြီး ခေါင်းကိုညင် သာစွာ ပွတ်လိုက်သည်။ “သဲသဲက ငယ်ငယ်တုန်းက တော့ ကိုကိုနဲ့ မဆော့ချင်ဘူးဆို။   ကိုယ့်ဟာကိုယ် ဆော့မယ်ဆို။ ခု လည်း သဲသဲတစ်ယောက်တည်း  ဆော့လို့ရတာရှိတယ်။ စက်ဘီးစီးလို့ ရတာပဲ သဲသဲရဲ့” “ခြံထဲမှာစီးရတာ ပျင်းတယ် မေမေ။ ခြံကသေးသေးလေး။ စက်ဘီး ကို ခဏခဏပြန်လှည့်နေရတာ” “အပြင်ဘက်ထွက်စီးတော့  အန္တရာယ်များတယ်လေ။ သဲသဲကြီး လာရင် အပြင်ဘက်ထွက်စီးလို့ရမယ် လေ။ အဲဒီအခါကျတော့ စီးတတ် အောင် လေ့ကျင့်ထားရမှာပေါ့ သဲသဲရဲ့။

အပြင်ဘက်ထွက်စီးတဲ့အခါ    ကျွမ်းကျင်မှ စီးလို့ရတာလေ။ သဲသဲ ကျွမ်းကျင်လာရင် အပြင်ထွက် စီးခိုင်းမယ်။ ခုခြံထဲမှာပဲ သဲသဲလေ့ ကျင့်ထားဦး” “သဲသဲက ကျွမ်းပါတယ်မေမေရဲ့”  ဖြိုးသဲမောင်မေမေက သူ့သား စကားကြောင့် ပြုံးလိုက်သည်။ဖြိုး သဲမောင် နားလည်နိုင်သည့် စကား ပြောဖို့ စဉ်းစားသည်။ ကလေးဆို တော့ သူ့အသက်အရွယ်နှင့်နား လည်နိုင်အောင်ပြောပါမှ ထိရောက် ပေမည်။ ==သဲသဲ ကျွမ်းကျင်တယ်ဆိုတာကသဲသဲကျက်ထားတဲ့စာကို သဲသဲရ တယ်မဟုတ်လား။ အဲဒီစာကို ကြိုက် သလိုမေး။ သဲသဲဖြေနိုင်တယ်လေ။ သဲသဲမကျက်ထားရင် သဲသဲမဖြေနိုင် ဘူးမဟုတ်လား” “ဟုတ်ကဲ့မေမေ” ဖြိုးသဲမောင်ရဲ့မေမေက ဖြိုးသဲ မောင် နားလည်နိုင်မည့် ဥပမာကို စဉ်းစားလိုက်တော့ ဂိမ်းကိုသတိရ သွားသည်။

“သဲသဲဂိမ်းဆော့တဲ့အခါ ကား ပြိုင်ပွဲလည်းဆော့တာ မဟုတ်လား” “ဟုတ် သဲသဲကြိုက်တယ်” “သဲသဲကားကို သူများထက် မြန် အောင်မောင်းရတယ်။ ရှေ့မှာပေါ် လာတာတွေကို ရှောင်ရတယ်။ မရှောင်ရင် တိုက်မိရောမဟုတ်လား” “ဟုတ် သဲသဲကမတိုက်မိ အောင်ရှောင်တာ။ ဒါပေမဲ့ တိုက်မိ တယ်။ ရှုံးရော” “ဟုတ်တယ်သဲသဲရဲ့။ သဲသဲက ခဏခဏကစားပြီး ကျွမ်းလာတော့ ပိုပိုပြီး ရှောင်နိုင်တယ်မဟုတ်လား။ အဲဒါသဲသဲက ကျွမ်းကျင်လာလို့ပေါ့။ ဂိမ်းထဲမှာဆော့လို့ တိုက် မိရင်ဘာမှ မဖြစ်ဘူး။ အပြင်မှာ သဲသဲက စက်ဘီးစီးသွားရော။ စက်ဘီးတွေ၊ ဆိုင် ကယ်တွေ၊ ကားတွေနဲ့ တွေ့ရင် ရှောင်ရမယ်လေ။ မရှောင်ရင် တိုက်မိမှာပေါ့။ တိုက် မိရင်နာပြီပေါ့။ ခြေတွေလက်တွေ လည်း ကျိုးနိုင်တယ်။ ခေါင်းလည်း ကွဲနိုင်တယ်။ ကားနဲ့တိုက်ရင် သေနိုင် တယ်။ ကျွမ်းကျင်ဖို့လိုတယ်။ အဲဒါကြောင့် သဲသဲကို ခြံထဲမှာကျွမ်း ကျင်အောင် အရင်လေ့ကျင့်ခိုင်းတာ”

“ဟုတ်ကဲ့မေမေ”

“သဲသဲက ကြီးလာဦးမယ်လေ။ စက်ဘီးကြီးကိုလည်း စီးရဦးမယ်လေ။ သဲသဲက ကြီးလာလေလေ၊ စက်ဘီးစီး တာလေ့ကျင့်ထားတော့ ကျွမ်းကျင် လေလေဖြစ်လာမှာပေါ့။ အဲဒီအခါ ကျတော့ သဲသဲက စက်ဘီးအကြီး စီး ပြီးလမ်းပေါ်မှာ နင်းလို့ရပြီ။ စက် ဘီးတွေ၊ ဆိုင်ကယ်တွေ၊ ဆိုက်ကား တွေ၊ ကားတွေကိုရှောင်နိုင်ပြီပေါ့ သဲသဲရဲ့”

“ဟုတ်ကဲ့မေမေ”

“သဲသဲခြံထဲမှာ နင်းရင်းနင်းရင်း နဲ့ ကျွမ်းကျင်လာမယ်။ တော်လာ မယ်။ ခြံထဲမှာနင်းတော့ စက်ဘီး လည်းမရှိဘူး။ ဆိုင်ကယ်လည်း မရှိဘူး။ ကားလည်းမရှိဘူး၊ ဆိုက် ကားလည်းမရှိဘူး၊ သူတို့ကိုကြည့်စ ရာ၊ ရှောင်စရာမလိုဘူးလေ။ လမ်း ပေါ်ကျတော့ ရှောင်ရမှာ။ ဒါကြောင့် ကျွမ်းကျင်အောင် အရင်လေ့ကျင့်ရ တာ။ မပျင်းရဘူးသဲသဲရဲ့။ မပျင်းမှ တော်မှာလေ”

“ဟုတ် မေမေ”

“ဂိမ်းကစားတာလည်း ဒီလိုပဲ သဲသဲရဲ့။ ကိုယ့်ကားကိုခဏခဏ မတိုက်မိအောင် ခဏခဏကစား ပေးရင် ကျွမ်းကျင်လာတာပေါ့။ ဂိမ်း တွေကို တစ်ခုပြီးတစ်ခု ပြောင်းက စားတာထက် ပိုကျွမ်းကျင်အောင် ထပ်ခါထပ်ခါ ကစားရင် သဲသဲပျင်း မှာမဟုတ်တော့ဘူး။ ခဏခဏတိုက် မိလို့၊ ခဏခဏရှုံးလို့ မကစားတော့ ဘူးဆိုရင် ဘယ်တော်လာတော့မလဲ။ ဒါကြောင့်မေမေကပြောတာ။ သဲသဲ ဖုန်းထဲ ထည့်ပေးထားတာတွေ ကိုပဲ ကျွမ်းကျင်အောင်ကစား၊ဘာကိုပဲ ဖြစ်ဖြစ်ကျွမ်းကျင်အောင် တော် အောင်လုပ်ရတယ်။ အင်တာနက် ပေါ်က ဂိမ်းတွေမက စားရဘူးနော်”

“ဟုတ်ကဲ့မေမေ”

“အားကစားလည်း လုပ်ရမယ်။ စာလည်း ကျက်ရမယ်နော်သဲသဲ”

“ဟုတ်ကဲ့မေမေ။ သဲသဲစက်ဘီး စီးတော့မယ်”

“အေး ဟုတ်ပြီသဲသဲ။ သေချာ ကျွမ်းကျင်အောင်စီးနော်။  မခိုက်မိ အောင် မလဲအောင်သတိထားပြီး စီး”

“ဟုတ်” ဖြိုးသဲမောင်က သူ့ဖုန်းကလေး ကိုသိမ်းလိုက်ပြီး စက်ဘီးယူရန် ထွက်သွားသည်။ ဖြိုးသဲမောင်ရဲ့ မေမေက ဖြိုးသဲမောင်ထွက်သွားတော့ မှ သတိရလိုက်သဖြင့်သဲသဲရေ ခဏ ဟု လှမ်းပြောလိုက်သည်။ “သဲသဲကိုမေမေပြောစရာရှိ သေးတယ်။ မေမေကခိုးတာ၊ ဝှက် တာကို မကြိုက်ဘူးလို့ပြောထားတယ် နော်” “သဲသဲ မခိုးပါဘူးမေမေ” “သဲသဲမေမေ့ဖုန်းထဲကနေ ဘေလ်တွေကို သဲသဲဖုန်းထဲ ထည့်  လိုက်တာမဟုတ်လား။  အဲဒါမေမေမ သိဘဲမေမေ့ ဘေလ်တွေယူတာဆို တော့ ခိုးတာပဲပေါ့။ နောက်ဆို အဲဒီ လိုမလုပ်ရဘူးနော်”

“ကိုကိုက ဒီလိုယူလို့ရတယ်တဲ့၊သဲသဲကိုပြတာ” “ဒါပေမဲ့ မေမေ့ကို မပြောဘဲ မယူရဘူးလေ။ ယူရင်ခိုးတာပဲ သဲသဲရဲ့။ နောက်ဆို လိုတာရှိရင်    ပြောရမယ်နော်။ ဘယ်သူ့ဟာကို မှမသိအောင် မယူရဘူး သဲသဲရဲ့” “ဟုတ်ကဲ့ပါမေမေ” “မှတ်ထားနော်သဲသဲ”

“ဟုတ်ကဲ့ သဲသဲမသိဘဲမယူ တော့ပါဘူးမေမေ”

“မေမေ့သားသဲသဲက လိမ်မာ ပါတယ်။ နောက်ဆိုရင်ကိုကိုက သင်ပေးရင်လည်း မေမေ့ကိုပြောရ မယ်နော်။ ကိုကိုသင်ပေးတာက လူ ကြီးတွေလုပ်တဲ့ဟာဆို သဲသဲနဲ့မဆိုင် ဘူးနော်။ မေမေ့ကိုပြန်ပြောပြရ  မယ်”

 “ဟုတ်”

“ကဲ စက်ဘီးသွားစီးတော့။ ပြီးရင် ရေချိုးရမယ်နော်”  ဖြိုးသဲမောင်က ဟုတ်ဟုပြော ကာ စက်ဘီးစီးရန်ထွက်သွားလေ သည်။ ဖြိုးသဲမောင်ရဲ့အစ်ကို သဲဦးမောင်ကိုလည်း ကလေးကို  လျှောက်မသင်ဖို့ ပြောရဦးမည်ဟု    ဖြိုးသဲမောင်ရဲ့မေမေက တေးထား လိုက်သည်။

             စိုးဘားဒိုင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here