ခေတ်ကာလကို ကြည့်ပြီး ပြက်လုံး ထုတ်ရတယ် လူရွှင်တော် ပန်းသီး

0
243

လူရွှင်တော်တွေ ဆိုတာ ဘယ်လို ဘဝသောက အမောတွေပဲရှိရှိ စင်ပေါ်ရောက်ပြီ ဆိုတာနဲ့ ပရိသတ်တွေကို ရယ် မော ပျော်ရွှင်စေ ရအောင် တင်ဆက်ကြ ရတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့လူမှုရေး အပူတွေကို စင်အောက်မှာပဲ ထား ရှိခဲ့ပြီး သူတို့ရဲ့ မျက်နှာ ကိုတော့ အမြဲပြုံးလျက်သား ထားရှိထားကြတာလည်း ဖြစ်ပါတယ်။

“ကျွန်တော့်မှာ တခြားကိုယ်ရေး ကိုယ်တာ ရှိလာခဲ့တယ် ဆိုတောင်မှ ဇာတ်စင်ပေါ်က အငြိမ့်ဆိုင်းသံလေး တွေကြား လို့ရှိရင် ကျွန်တော့် ရဲ့စိတ်ထဲမှာ ခဏတာပျောက်သွားတယ်။ ပွဲကပြီးမှသာလျှင် စိတ်ညစ်စရာ ပြန်တွေးရ တာပေါ့။ ကနေတဲ့အချိန် အနုပညာတွေ လှုပ်ရှားနေ တဲ့ အချိန်မှာတော့ ကျွန်တော်တို့ရဲ့ သောကတွေ က ပရိသတ်တွေရဲ့ ရယ်သံတွေနဲ့အတူ ပျောက်သွား တယ်။ ဝမ်းနည်း စရာ ဆိုတာ ကတော့ လူရွှင်တော်မှမဟုတ်ပါဘူး။ ရုပ်ရှင် လောကမှာ ဆိုရင်လည်း မပြည့်စုံကြတဲ့ လူကြမ်းတွေ ရှိတယ်ပေါ့။ သူတို့တွေ ရဲ့ဘဝတွေ ကလည်း တကယ့်သောကပါ။ ဒါပေမဲ့သူတို့ တွေမှာလည်း အနုပညာ အလုပ် တစ်ခုကို လုပ်မယ် ဖန်တီးမယ် ဆိုတဲ့ စိတ်ကလေး နဲ့ပဲ သူတို့တွေက ရှင်သန်နေတာ ပါ။ ဘာပဲပြောပြော အနုပညာရှင် တစ်ယောက် ဖြစ်လာပြီဆိုရင်တော့ သောကလည်း လာမှာပဲ။ ဒုက္ခလည်းလာမှာပဲ၊ စိတ်ချမ်းသာစရာ လည်း လာမှာပဲ၊ စိတ်ညစ်စရာ လည်းလာမှာပဲ။ ဒါကြောင့်အဲဒါက ဓမ္မတာလို့ပဲ ကျွန်တော် တို့က သတ်မှတ်ပါတယ်။ လွမ်းစရာ ရှိလို့လည်း တအား မလွမ်းချင် တော့ဘူး။ ဆွေးစရာရှိလို့လည်း ငါဟဲ့ ကံဆိုးလှချည်လား ဆိုပြီးလည်း မဆွေးချင်တော့ပါဘူး။ လုပ်တဲ့ အလုပ်ကိုက ပျော်တော် ဆက်ဖြစ်တဲ့ အတွက် စိတ်ဆင်းရဲရင်တောင်မှ ကျွန် တော်တို့တွေ ပျော်နေတယ်လို့ပဲ ဟန်လုပ်ပြီး နေ တတ်ပါတယ်”လို့လူရွှင်တော် တစ်ယောက်ရဲ့ ဘဝကို ပန်းသီး ကပြောပြပါတယ်။ လူရွှင် တော်တွေ အနေနဲ့လည်း ပြက်လုံးတွေထုတ်တဲ့ အခါမှာ နေရာဒေသကို ကြည့်ပြီး ပြက်လုံးတွေ စဉ်းစားရတာမျိုးတွေလည်း ရှိတယ်လို့ သိရပါ တယ်။

“တအားဝေးတဲ့ နေရာမျိုးတွေမှာ နိုင်ငံရေး ပြက်လုံးတွေ သွားပြက်လို့ မရဘူး။ ရယ်လည်း မရယ်ဘူး။ ဟာဒီလူရွှင်တော်တွေ ရယ်လည်း မရယ် ရဘူးပေါ့။ အဲဒါမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲဒီလိုနေရာမှာ သွားပြီးပြက်လုံး ထုတ်မယ်ဆိုရင် ကျွန်တော်တို့က ရယ်စရာ ဟာသလေးတွေကို ဦးစား ပေးပြီးပြက်ရတယ်။ ရန်ကုန်လို၊ မန္တလေးလိုနေရာ မျိုးဆိုရင် ကြိုက်တဲ့ အချိန်ပြက်ပဲ။ ဒီနေ့ဖြစ်တဲ့ဟာ ဒီနေ့ပြက် ရင်ပိုပွဲကျတယ်။ အဲဒီတော့ ကာလံဒေသံကို ကြည့်ပြီး ပြက်လုံး ထုတ်ရတယ်။ ခေတ်ကာလကိုကြည့် ပြီးပြက်လုံးထုတ်ရတယ်”လို့ ပြက် လုံး ပိုင်းနဲ့ပတ်သက်လို့ စဉ်းစား ရပုံကို လူရွှင်တော်ပန်းသီး က ပြောပြပါတယ်။
လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here