ပရိသတ်ဝေဖန်မှုကို စောင့်မျှော်နေတဲ့ သရုပ်ဆောင်သစ် နေရိန်း

0
208

သရုပ်ဆောင် အသစ်တစ်ယောက်ဖြစ်တဲ့ နေရိန်းကတော့ အရင်က MTV  တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုလက်ရှိမှာတော့’Video’ ဇာတ်ကားများမှာပါ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သူကတော့ အခုလတ်တလောမှာ ဒါရိုက်တာ အောင်ဟိန်း ရိုက်ကူးတဲ့ ‘Black Money’  ဗီဒီယိုဇာတ်ကားမှာ မင်းဦး၊ မိုးပြည့်ပြည့်မောင် စတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင် သ ရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး…

 “ဒီဇာတ်ကားမှာ ကျွန်တော်က ရဲသားကြီးတစ်ယောက် ကာရိုက်တာ နဲ့ပါဝင် သရုပ်ဆောင်ထားပါတယ်။ တာဝန်နဲ့ ချစ်သူကြားမှာ အချိန်မပေး နိုင်တဲ့သူပေါ့။ ဒီဇာတ်ကားက ဖိုက်တင်ခန်းတွေပါတယ်။ ဆရာကလည်း ဒီလိုဇာတ်ကားတွေ ရိုက်ကူးတာများတော့ ဒီဇာတ်လမ်းလေးကို ပါဝင် သရုပ်ဆောင်ရိုက်ကူးဖြစ်တာပါ။ အခုမှ သရုပ်ဆောင်အသစ်တစ်ယောက် ဆိုတော့ ကျွန်တော့် အနေနဲ့ အခက်အခဲတော့ အများကြီးပါပဲ။ ဝါရင့်သရုပ် ဆောင်တွေနဲ့ ရိုက်ကူးရတဲ့အတွက် သူတို့ကတော့ အကုန်လုံး တွဲခေါ်ပေးပါ တယ်” လို့ သရုပ်ဆောင်နေရိန်းက ပြောပါတယ်။ သူကတော့ ပါဝင် သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတွေအပေါ် ပရိသတ်တို့ ဝေဖန်မှုအတွက် ရင်ခုန်နေပြီး နောက်ထပ်လည်း သားအမိဇာတ် ရုပ်ဇာတ်ကား တွေရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here