Gay ကာရိုက်တာနဲ့ မြင်တွေ့ရမယ့်အောင်လေး

0
255

မော်ဒယ်၊ သရုပ်ဆောင် အောင်လေးက “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကား ကြီးမှာ ဇေရဲထက်၊ ဇင်ဇင်ဇော်မြင့် တို့နဲ့အတူ ပါဝင်ရိုက်ကူး လျက်ရှိ ပါတယ်။ ဒီဇာတ်ကား မှာတော့ အောင်လေးက Gay တစ်ယောက်နေရာက သရုပ် ဆောင်မှာ ဖြစ်ပြီး ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေတယ် လို့ဆိုတယ်။ ဗီဒီယို သရုပ် ဆောင်တာ သူ့အတွက် ကျွမ်းကျင်မှု မရှိသေးပေမယ့် ပရိသတ် ကိုတော့ သူ့ရဲ့အနုပညာကို ချပြချင်တယ် ဆိုတဲ့ အောင်လေးက

“Gay တစ်ယောက်ရဲ့ စိတ်နဲ့လှုပ်ရှားရမှာ ပေါ့နော်။ အဲဒီ ကာရိုက်တာ မျိုးကို မကျွမ်းကျင်သေးဘူး။ ဒါ ပေမဲ့ ဇာတ်ကားထွက်လာ မှပဲ ကျွန်တော် ကြိုးစားထားတာကို ပရိသတ်ကို ချပြချင်တာပါ။ လောလောဆယ် ကျွန်တော်ကြိုးစား ရမှာက တော်တော်လေး တာဝန်ကြီးပါတယ်။ အဝတ် အစားတွေရော ပြင်ဆင်ပြီးစိတ်ကပါလိုက် ခံစား ကြည့်ထားတယ်။ မိန်းမလျာ ဇာတ်ကားတွေ ကျွန် တော် ရိုက်ကူးခဲ့ဖူးပေမယ့် ဒီအိုက်တင် အတွက် တော့ ကျွန်တော် ရင်ခုန်နေတုန်းပါပဲ။ အခုဒီဇာတ် ကားမှာ တော့ ကျွန်တော်ကွပေ ကာရိုက်တာ နဲ့ပါ”လို့ ပြောပြပါတယ်။

LGBT တွေနဲ့ ပတ်သက်ပြီး တချို့က ဟာသလုပ်စရာ၊ လှောင်စရာ ပုံစံမျိုးတွေနဲ့ ခွဲခြား ဆက်ဆံ ကြတာ မျိုးတွေ အပေါ် အောင်လေးရဲ့အမြင် ကတော့

“တစ်ဦးပေါ်တစ်ဦး မေတ္တထား လို့ရှိရင် လူအချင်းချင်း လို့ပဲ မြင်ပြီး အားလုံးက ချစ်ခင် နှစ်သက်စရာတွေ ပါပဲ”လို့ ပြောပြပါတယ်။ အောင်လေး ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး ၃ ကားနဲ့ ဗီဒီယိုဇာတ်ကား ၁ဝ ကားခန့် ရိုက်ကူးထားပြီးဖြစ်ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here