ဒီမိုကရေစီ အပြောင်းအလဲ ကာလမှာ ဖြစ်ပျက်နေမှု မြင်ကွင်းတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်အကြောင်း

0
174

မြန်မာ့ ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် ကိုတော့ စက်တင်ဘာ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ပုသိမ်၊ တောင်ကြီး အပါအဝင် မြန်မာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ၄၄ ရုံမှာ ပြသသွားမှာ ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာတော့ ရွေးချယ်ခံထားရတဲ့ ” ဒီမိုရပ်ကွက်” ဟာသ ရသစုံ ရုပ်ရှင်ဇာတ် ကားကြီး လည်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ “ဒီမိုရပ်ကွက်” ရုပ်ရှင် ဇာတ်ကားကိုတော့ ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာ မင်းညီက ရိုက်ကူးထားပြီး အကယ်ဒမီ ဇော်ဦး၊ အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီ မြတ်ကေသီအောင်၊ အကယ်ဒမီ ဝါဝါအောင်စတဲ့ ဝါရင့်သရုပ်ဆောင် ကြီးများနဲ့အတူ သရုပ်ဆောင်သစ် များစွာ ပါဝင်အားဖြည့် သရုပ်ဆောင် ထားတာတွေ့ရပါတယ်။ “ဒီမိုရပ်ကွက်” ရုပ်ရှင်ဇာတ်ကားရဲ့ အထူးပွဲကိုတော့ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားအကြောင်းကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ မင်းညီ ပြောပြခဲ့တာက…”ဒီမိုကရေစီ” ရုပ်ရှင်ပွဲတော်လုပ်မယ်ဆိုပြီး တော့တွေ့ရတယ်။ ဖိတ်ခေါ်တယ်။ ဒီမိုကရေစီ ရသပါသော ဇာတ်လမ်းတွေကို ပြိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော် ဒီမိုကရေစီ ရသပါတဲ့ ဇာတ်လမ်းမျိုး စဉ်းစားတဲ့ အခါမှာပေါ့။ ကျွန်တော်ရပ်ကွက်ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်။ နောက် တစ်ခါ ဘာသွားတွေ့လဲ ဆိုတော့ မြန်မာပြည်က အခုဒီမိုကရေစီ အပြောင်း အလဲကာလမှာ အရင်အဟောင်းတွေနဲ့ အသစ်တွေ ကြားမှာ ပွတ်တိုက် ရွေ့လျားမှုတွေ၊ ထိပ်တိုက် တွေ့မှုတွေပေါ့။ အဲဒါတွေကိုသွားမြင် တယ်။ အဲဒီတော့ မြန်မာပြည် တစ်ပြည်လုံးမှာ ရှိတဲ့ အပြောင်းအလဲတွေ အကုန်လုံး ကို ရပ်ကွက် တစ်ခုထဲကို ထိုးသိပ် ထည့်လိုက်တယ်ပေါ့။ အဲဒါတွေက ကျွန်တော့် အတွက် ဇာတ်လမ်းဇာတ်ကွက် တစ်ခု ဖြစ်လာတာပေါ့။ အဲဒါနဲ့ အဲဒီ ဇာတ် လမ်းလေးကို ဝင်ပြိုင်လိုက်တဲ့ အခါမှာ ရုပ်ရှင်ဇာတ်ကားကြီး ၄ ကား ထဲကမှ အရွေးခံလိုက်ရတာ” လို့ ဒါရိုက်တာ မင်းညီက ဒီမိုရပ်ကွက် ဖြစ်တည်မှုကို ပြောပြခဲ့ပါတယ်။
မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here