ချစ်သူရှိပေမယ့် မင်္ဂလာ သတင်းတော့ အဝေးကြီး လိုပါသေးတယ် ပက်ထရစ်ရှာ

0
159

သရုပ်ဆောင် ပက်ထရစ်ရှာက မကြာခင်ရက်ပိုင်း အတွင်းကလည်း ချစ်သူ ဖြစ်သူ ဥရောပနိုင်ငံသား နဲ့အတူ မြန်မာဝတ်စုံ ဝတ်ပြီး ရွှေတိဂုံ စေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ အခုလိုချစ်သူ နိုင်ငံခြားသား နဲ့အတူ သွားရောက် ဖူးမြော်ခဲ့တဲ့ အကြောင်းကို ပက်ထရစ်ရှာက….

“တမင်လုပ်တာလည်း မဟုတ်ပါဘူး။ သူ့ဘက်က တကယ်ကို တောင်းဆို တာပါ။ သူမြန်မာလို ဝတ်ပြီးတော့ ဘုရား တက်ချင်တယ်ပေါ့။ ကိုယ်လည်း လိုက် သွားပေးတဲ့ ပုံစံမျိုးပါ။ ကိုယ့်ကို အရမ်းချစ်တဲ့ ပရိသတ်က ဓာတ်ပုံဆရာဆို တော့ အဲမှာဓာတ်ပုံရိုက်ပေးတာပါ”လို့ ပြောပါတယ်။ မကြာခင်ကလည်း ပက် ထရစ်ရှာရဲ့ ဗီဒီယိုဆိုပြီး ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံနှံ့ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုနဲ့ပတ်သက်ပြီး ပရိသတ်တွေက သူမကို အထင်မှား စွပ်စွဲဝေဖန်မှု တွေရှိခဲ့ ကြောင်း သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပက်ထရစ်ရှာက…

“သိတဲ့သူတွေကလည်း အခု ရှင်းရှင်းလင်းလင်း သိသွားကြပါပြီ။ အဲဒီ တုန်းက ညီမ မသိခဲ့ဘူး။ တစ်ပတ်လောက် ကြာမှ ပရိသတ်တွေ သိပြီးတော့ ညီမ ကိုလာ ပြောပြတယ်။ အစက ညီမနေလိုက်သေးတယ်၊ မပြောဘူး။ ဒါပေမဲ့ ပိုပိုပြီး ဆိုးလာတယ်၊ Link ပေးမယ်တို့၊ ဘာတို့တောင် ဖြစ်လာတယ်။ ညီမ လုံးဝ မဟုတ်ဘူး ဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်။ ရည်းစား ရသွားပြီ ဆိုတာ နဲ့ပဲ ချက်ချင်း ယုတ်မာ ကြတာ။ ညီမရဲ့ public အကောင့်ထဲထိ ဝင်လာပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း တွေရေးတယ်။ ယောက်ျားလေးတွေ အုပ်စု လိုက်ရေးထား ကြတာ။ ယောကျာ်းလေး တန်မဲ့နဲ့ မိန်းကလေး တစ်ယောက် ကိုပြောတာ လုံးဝမဖြစ်သင့်ဘူး။ ဒါကဖြေရှင်းဖို့ အချိန်တန်ပြီလို့ ထင်လို့ ဖြေရှင်း လိုက်တာ။ ညီမ သည်းခံတာလည်း ကြာပြီ။ အဲဒီဗီဒီယိုထဲက ကောင်မလေး ရဲ့ instagram ကို ပရိသတ်တွေ ပို့ပေးပြီး Link ပေးပြီး တင်လိုက် တော့မှ ညီမမဟုတ်တာ ယုံတာ။ မျက်နှာက ဖြစ်ချင်တော့ ညီမနဲ့ တော် တော်တူတာ။ နောက်တစ်ခုက ပရိသတ်တွေ ပိုယုံအောင်ဖို့ မြန်မာ သီချင်းနဲ့ နောက်ခံ ထည့်ထားတာ။ တချို့ကျတော့လည်း ဒီလောက်ရှင်းပြနေတဲ့ ကြားထဲက ဟုတ်ပါတယ်ဆိုပြီး လာစော်ကားတာတွေရှိတယ်။ အဲဒီအတွက် လည်း ညီမတကယ် စိတ်မကောင်းပါဘူး။ ညီမအတွက် အများကြီး နစ်နာတယ်။ ညီမရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေတယ်”လို့ ပြောပါတယ်။ ချစ်သူဖြစ်သူက သူမအပေါ် သဝန်တိုပေမယ့် အလုပ်ကိစ္စကို ဝင်ရောက်စွက် ဖက်ခြင်း လုံးဝမရှိဘဲ တစ်ယောက် နဲ့တစ်ယောက် နားလည်မှုတွေ ယူထားကြောင်း ပက်ထရစ်ရှာက ပြောပါတယ်။ “သူက တော်တော်လည်းအေးတယ်။ နားလည်မှုလည်း ရှိတယ်။ သဝန်တော့တိုတယ်၊ ဒါပေမဲ့ အလုပ်ကိစ္စမှာ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘူး။ အရမ်းချုပ်ချယ်တာတွေ မရှိဘူး။ မင်္ဂလာသတင်းက အဝေးကြီး လိုပါသေးတယ်။ အဲဒီလိုစဉ်းစားတာမျိုး မရှိသေးပါဘူး။ ညီမအသက်လည်းငယ်သေးတယ်၊ ညီမတို့ နှစ်ယောက် အသက်က ၅နှစ် ကွာပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here