ဇာတ်ညွှန်းဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ အဖြစ် ရေရှည် ရပ်တည်သွားမယ့် ရွှေရေးထင်ထင်

0
232

စာရေးဆရာမ ရွှေရေးထင်ထင်က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအနေနဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူး ပုံဖော်သွားမှာဖြစ်ပြီး ပထမဦးဆုံး ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ အတွက် အချိန် အတော်ကြာ ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“စိတ်လှုပ်ရှားမှု၊ ရင်ခုန်မှု၊ ပျော်ရွှင်မှု၊ စိုးရိမ်ပူ ပန်မှုတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ ရွှေရေး အကောင်းဆုံး ကြိုးစားသွားပါ့မယ်။ ဇာတ်လမ်း က ရွှေ ရေးရဲ့ ဇာတ်လမ်း ဇာတ်ညွှန်းဖြစ်တဲ့ အတွက် အချိန် ယူပြီးတော့ အကြာကြီး ပြင်ဆင်လိုက် မွမ်းမံလိုက် ပြန်လည် ပြောင်းလဲ လိုက်နဲ့ ကိုယ်စိတ်တိုင်း ကျသည် ထက်ပိုပြီး စိတ်တိုင်းကျအောင် အများကြီး အချိန်ယူပြီး ရေးထားပါတယ်။ ဒါပေမဲ့ ရွှေရေးရဲ့ အနုပညာဝမ်း စာနည်းပါးမှုကြောင့် အားနည်းချက် တွေလည်း ရှိ ကောင်းရှိနေမှာပါ။ ဒါပေမဲ့ အကောင်းဆုံး ဖြစ်အောင် တတ်စွမ်း သလောက် ကြိုးစားထားပါတယ်”လို့ အကောင်းဆုံး ကြိုးစားပုံဖော်သွားမယ့်အကြောင်း ရွှေရေးထင်ထင် ကပြော ပါတယ်။

ရွှေရေးထင်ထင်က CKKP Film Produciton ရဲ့ ပင်တိုင် ဒါရိုက်တာ တစ်ဦးအနေနဲ့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားမှာဖြစ်ပြီး နောက်ပိုင်း မှာ စာရေးဆရာ၊ ဒါရိုက်တာ အနေနဲ့ရေရှည် ရပ်တည်သွားမှာပါလို့ ပြောပါတယ်။

“ရွှေရေးက ရေရှည်မှာ ဒါရိုက်တာ အဖြစ်နဲ့ပဲ ရပ်တည်သွားမှာပါ။ ဟိုးအရင်ကလည်း အင်တာ ဗျူးပေါင်းမြောက် များစွာမှာ ရွှေရေးဖြေ ဖူးပါတယ်။ သရုပ်ဆောင်တာက ရွှေရေးရဲ့ အဓိက ဝါသနာမဟုတ် တဲ့အတွက် ရေရှည်လုပ်ကိုင်မှာ မဟုတ်ပါဘူး။ စာရေး သားခြင်းနဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေ ပုံဖော်ရတာ ရွှေရေးရဲ့အဓိက ဝါသနာဖြစ်တဲ့ အတွက် ဇာတ်ညွှန်း ဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အဖြစ် ရွှေရေး ရပ်တည်သွားမှာပါ။ ဒါရိုက်တာ အနေနဲ့ ပရိသတ်ဆီပို့ ပေးချင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အများကြီး ရှိပါတယ်။ တစ်ကားပြီး တစ်ကား ပုံစံမတူအောင် ရိုက် ကူးသွားပါ့မယ်”လို့ ရွှေရေးထင်ထင်က ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here