Monday, March 10, 2025

နိုဗိုစီဗစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို နစက ဥက္ကဋ္ဌဖွင့်လှစ်ပေးခဲ့

ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၉ ရက်နံနက်ပိုင်းက...

မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့အား Sister City...

မြန်မာနိုင်ငံ၊ မန္တလေးမြို့နှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့တို့အား Sister City အဖြစ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး မစ္စတာ...

ချန်ပီယံ မြန်မာအမျိုးသမီးအသင်းကို ဆုကြေး သိန်း...

နီပေါနိုင်ငံ၌ ကျင်းပသည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ကျပ်သိန်း(၅၇၃၀) ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် အားကစားနှင့်...

နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှား-ဘယ်လာရုစ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ မတ် ၃ ရက်နံနက်ပိုင်းမှစတင်ကာ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့...
HomeCelebrities' Newsသရာစောထိ ရုပ်ရှင်ဇာတ်ကားနဲ့ ထပ်ဆင့်...

သရာစောထိ ရုပ်ရှင်ဇာတ်ကားနဲ့ ထပ်ဆင့် အကယ်ဒမီ ဖြစ်လာနိုင်မလား ထွန်းထွန်း

ဒါရိုက်တာ စံရွှေမောင် (ဦးအောင်လွင်) ရိုက်ကူးတဲ့ ‘မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍’ ဇာတ်ကားကြီးကို ကြည့်ရှုခဲ့တဲ့ အချိန်ကတည်းက တစ်နေ့နေ့မှာ ဦးအောင်လွင်နဲ့အတူတူအလုပ်လုပ်ရင်းပညာတွေသင်ယူဖို့ စိတ်ကူး တွေ ရှိခဲ့ကြောင်း အကယ်ဒမီထွန်းထွန်းက ပြောပါတယ်။ အခုဆို ဒါရိုက်တာ ဦးအောင်လွင်၊ ဇာတ်လမ်းဇာတ် ညွှန်းမောင်သူရ(ဇာဂနာ)တို့ရဲ့ ‘သရာစောထိ’ ရုပ်ရှင်ဇာတ်ကားမှာ အဓိက သရုပ်ဆောင်တစ်ယောက် အနေနဲ့ ပါဝင်ခွင့်ရခဲ့တာဟာ သူ့အတွက် ကံကောင်းခဲ့တယ်လို့ ပြောလို့ရသလို ပညာတွေလည်း အများကြီးရခဲ့ကြောင်း ထွန်းထွန်း ကပြောပါတယ်။ ‘သရာစောထိ’  ဇာတ်ကားက ခေတ်၊ စနစ်ကို ထောက်ပြတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပညာပေးရုပ်ရှင်ဇာတ်ကား ဖြစ်တာ ကြောင့် ထပ်ဆင့်အကယ်ဒမီဖြစ်ဖို့ မျှော်မှန်းထားပါသလားလို့ ထွန်းထွန်းကို မေးမြန်း ကြည့်တဲ့အခါ…..

“အဲဒါကတော့ ကျွန်တော်က တော့မပြောတတ်ဘူး။ မပြောတတ်ဘူးဆိုတာ တကယ်ကိုမပြောတတ်တာပါ။ ဒါပေမဲ့ တကယ်တမ်းဆို ဒီဇာတ်လမ်းရယ်၊ ရိုက်ချက် တွေရယ်၊ ဒါရိုက်တာ ဘကြီးအောင်တို့ကတော့ အကောင်းဆုံး ကြိုးစားထားတဲ့ သူတွေ ဖြစ်တယ်။ ကျွန်တော်တို့က ဒီသရုပ်ဆောင်တစ်ခုတည်းကိုပဲ အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ရတာပါ။ ကျန်တဲ့အပိုင်းလှုပ်ရှားတဲ့သူတွေဆိုရင် ပိုပြီးတော့ တာဝန် ကြီးတာပေါ့။ အကောင်းဆုံး တွေဖြစ်လာမယ်လို့ မျှော်လင့်မိတယ်”လို့ ထွန်းထွန်း ကပြောပါတယ်။

ထွန်းထွန်းရဲ့နောက်ထပ် အကယ်ဒမီမျှော်မှန်းနိုင်တဲ့ ‘ပွဲခံမယ်’  ဇာတ်ကားနဲ့ ပတ် သက်ပြီးလည်း ကြိုက်ကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်ကြတဲ့ ပရိသတ်တွေလည်း ရှိကြတဲ့အပေါ် ဘာများမှတ်ချက်ပေးချင်သေးလဲလို့ဆိုတော့…ထွန်းထွန်းရဲ့နောက်ထပ် အကယ်ဒမီမျှော်မှန်းနိုင်တဲ့ ‘ပွဲခံမယ်’ ဇာတ်ကားနဲ့ ပတ် သက်ပြီးလည်း ကြိုက်ကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်ကြတဲ့ ပရိသတ်တွေလည်း ရှိကြတဲ့အပေါ် ဘာများမှတ်ချက်ပေးချင်သေးလဲလို့ဆိုတော့…

“ပွဲခံမယ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ရာကျော်ဖြစ်ခဲ့ရတာကို ကျေနပ်တယ်။ ပျော်လည်းပျော်တယ်။ အခုထိလည်း ဂုဏ်ယူနေတုန်းပဲ” လို့ ထွန်းထွန်းကပြောပါတယ်။ ဘဝမှာ ပထမဦးဆုံး ‘Amazing’ လို့ ပြောနိုင်ခဲ့တဲ့ အကယ်ဒမီဆုရှင် ထွန်းထွန်းကို အကယ်ဒမီရပြီးသွားတဲ့အခါမှာ နောက်ထပ်အကယ်ဒမီ ထပ်မံရရှိဖို့ ဆက်လက်လှုပ် ရှားဖြစ်နေတဲ့ အလုပ်တွေအကြောင်းကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။ “အကယ်ဒမီရပြီးသွားတဲ့နောက်ပိုင်းမှာ မရခင်ကတည်းကကျွန်တော့်ကို စာချုပ် ချုပ်ထားတဲ့ တိုက်တွေရှိပါတယ်။ အဲဒီတိုက်တွေနဲ့ ကျွန်တော် အလုပ်လုပ်ဖြစ် နေတယ်။ အခုဆိုရင် ကျွန်တော် Rose Rider ဇာတ်ကားရိုက်ကူးနေတယ်။ ကျွန်တော်တို့ နှင်းဆီ Production အနေနဲ့ လုပ်တဲ့ဇာတ်ကားပေါ့။ နောက်ပိုင်းမှာလည်း အဲဒီလိုမျိုး ဇာတ်ကား တွေ ဖန်တီးရိုက်ကူးသွားကြဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071