မွေးနေ့မှာ ပရိသတ်တွေဆီက မယ်လိုဒီ တောင်းတဲ့ ေ မြ း ေ န့ လက်ေ ဆာ င်

0
235

စက်တင်ဘာလ ၆ရက်နေ့ မွေးနေ့ရှင် မယ်လိုဒီရဲ့ အသက်၃၅ နှစ် ပြည့် မွေးနေ့အလှူကိုတော့ ပြင်ဦးလွင်မြို့မှာရှိတဲ့ ပါမောက္ခချုပ်ဆရာတော် ဘုရား ကျောင်းမှာ တစ်နေ့တာ ဆွမ်းကပ်လှူခဲ့ပြီး၊ မန္တလေးမြို့မှာရှိတဲ့ YGW မိဘမဲ့ကျောင်းမှာ မိဘမဲ့ကလေးတွေနဲ့အတူတူ မွေးနေ့ကိတ်ခွဲ ခဲ့ပြီး၊ အလှူငွေနှင့် အာဟာရနို့ မှုန့်များကို မိသားစုနဲ့အတူ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်မွေးနေ့ အမှတ် တရနဲ့ပတ်သက်ပြီး မယ်လိုဒီက…

“မေမြို့မှာလုပ်တာက မနှစ်က မွေးနေ့မှာလည်း လုပ်ခဲ့တယ်။ ထူးထူးခြားခြားကတော့ YGW မှာ ဒီနှစ် လှူခဲ့တယ်။ မျိုးကမွေးနေ့မှာ မျိုးချစ်တဲ့သူတွေ အကုန်လုံးကို မွေးနေ့လက်ဆောင်အဖြစ်တောင်း ထားတယ်။ အဲဒါက ဘာလဲဆိုရင် အားကစားလုပ် ပေးပါ၊ ရေများများ သောက်ပါ။ အိပ်ရေးဝဝအိပ်ပါ၊ ခင်ပွန်းဆီကမှမဟုတ်ပါဘူး၊ မျိုးချစ် တဲ့သူတွေ အကုန်လုံးဆီက မွေးနေ့ လက်ဆောင်တောင်း ထားတာပါ။  အခုလိုတောင်းဖြစ်တာက အားလုံးကို ကျန်းမာစေချင်တယ်။ လှပစေချင်တယ်။ အသက် ရှည်စေချင်တယ်။  ဘဝရဲ့ နေထိုင်မှုမှာ လွတ်လွတ်လပ် လပ်ပျော်ရွှင်ချင်တယ်” လို့ ပြောပါတယ်။  အခုနောက်ပိုင်းမှာတော့ ဇာတ်ကားရိုက်ကူးမှု ဆက်တိုက်ရိုက်ကူးလာတဲ့ မယ်လိုဒီက ကိုယ့်ဆီလာအပ်တဲ့ ကာရိုက်တာမှာ အကောင်းဆုံး ဖြစ်အောင်ပဲ သရုပ်ဆောင်ဖြစ် ကြောင်းပြောပါတယ်။  “ဇာတ်ကားတွေ ပြန်ရိုက်ကူး တော့လည်း အစ်မ ကို ပြန်ပြီးအားပေး ကြတဲ့အတွက် ပရိသတ်ကို ကျေးဇူးတင် ပါတယ်။ သားကိုချစ်လို့ မျိုးကိုချစ်ကြတာပါ။ မျိုးကို အရင်ကချစ်တဲ့သူတွေလည်း သားကြောင့် ပိုပြီးချစ်သွားကြ တာပါ။ နားလည်ခွင့်လွှတ်ပြီးချစ်တဲ့ အတွက်လည်း ကျေးဇူး လည်းတင်ပါတယ်”  လို့ ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ-သီဟ

LEAVE A REPLY

Please enter your comment!
Please enter your name here