သဘင်ညီလာခံ ကို အောက်တိုဘာ လအတွင်း ပြုလုပ်သွားမည်

0
229

သဘင် အစည်းအရုံး (ဗဟို) အမှုဆောင် အဖွဲ့အနေနဲ့ အောက်တိုဘာလမှာ တော့ ၂နှစ်တာ ကာလပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ မှာတော့ သဘင် ညီလာခံပြုလုပ်ပြီး သဘင်အစည်း အရုံး(ဗဟို) အမှုဆောင်သစ်ရွေး ချယ် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ညီလာခံကျင်းပပြီး အားလုံးက ရွေးချယ်ကြမယ့် EC တွေကို ပြန် လွှဲ ပါမယ်။ စနစ်တကျ လွှဲပြောင်း လက်ခံလုပ်ပါမယ်။ ငွေစာရင်း၊ အသင်းဝင်စာရင်း၊ တည်ထောင်ခွင့် စာရင်းတွေ၊ အသုံးပြုထားတဲ့ ဘဏ် အကောင့်တွေ၊ အများရဲ့ ဆန္ဒနဲ့ အညီ ထုတ်ဖော်ထားတဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေရေးရာ ကိစ္စတွေ၊ အားလုံးတစ်ခုချင်းစီ ကို နောက်ထပ် ဆက်လက်တာ ဝန်ယူမယ့် EC က မခက်ခဲ သွားအောင် စနစ်ကျကျနဲ့ လွှဲအပ်ဖို့ ပြင်ထားပါတယ်။ တစ်နိုင်ငံလုံးကို ညီလာခံခေါ်ပါ့မယ်” လို့ သဘင်အစည်းအရုံး (ဗဟို) အမှု ဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဖို့ နဲ့ ပတ်သက်လို့ ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြော ပါတယ်။ သဘင်အစည်းအရုံး (ဗဟို)အနေနဲ့ စက်တင်ဘာလ ၁ဝ ရက်နေ့က တိုင်းဒေ သကြီး/ ပြည်နယ် အသီးသီးမှ သဘင် အစည်းအရုံး များ၏ ဥက္ကဋ္ဌများ၊ တာဝန် ရှိသူများနှင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ ကြပါတယ်။ အဆိုပါ အစည်းအဝေးကနေ အောက်တိုဘာလ နောက်ဆုံးပတ်မှာ သဘင် ညီလာခံခေါ် ယူနိုင်ရန်၊ သဘင် စည်းမျဉ်းစည်းကမ်းများ၊ တည်ထောင်ခွင့်၊ ပွဲကျင်းပခွင့်ထောက်ခံချက် စတဲ့အစည်းအရုံး၏ လုပ်ပိုင်ခွင့် များကို ဥပဒေနှင့် အညီ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ကြရန်နဲ့ သဘင်လောက ပုံရိပ်ကို စွမ်းစွမ်း တမံအတူ လက်တွဲ၍ ညီညွတ်စွာ မြှင့်တင်သွားကြရန် ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါတယ်။ သဘင် အစည်းအရုံး(ဗဟို)အနေ နဲ့ ၂နှစ်တာ ကာလ အတွင်းမှာ တော့ သဘင်လောက တိုးတက်ရေးနဲ့ ပတ်သက်လို့ တော်တော်များများ လုပ် ဆောင်နိုင်ခဲ့သလို သဘင် လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့ကို လည်း ဖွဲ့စည်း ပေးခဲ့ကာ တစ်နိုင်ငံလုံး အနှံ့က သဘင်ထု အားလုံးရဲ့ အခက်အခဲတွေ ကို ကူညီ ပံ့ပိုးပေးနိုင်ခဲ့ ပါတယ်။ဒါ့အပြင့်မြန်မာ့ ဇာတ်သဘင်နဲ့ ပတ်သက် လို့လည်း သဘင်လောကသား များနဲ့ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကာ စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ် ရေးဆွဲနိုင်ခဲ့ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here