ဒုတိယ ကိုယ်ဝန်ကို နိုဝင်ဘာလမှာ မွေးဖွားမယ့် ခင်မဉ္ဇူခိုင်

0
343

အဆိုတော် ကော်ဘရာရဲ့ ဇနီး သရုပ်ဆောင် ခင်မဉ္ဇူခိုင်က တော့ အခုအချိန်မှာ ဒုတိယ ကိုယ်ဝန်ကို လွယ်ထား နေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အိမ်ထောင်သက် ၉နှစ်ကျော် ပြီဖြစ်တဲ့ ကော်ပရာနဲ့ ခင်မဉ္ဇူခိုင် တို့အတွက် ဒုတိယကိုယ် ဝန် ရင်သွေးငယ်ကို ကိုယူဖြစ်ရတဲ့ အကြောင်းကို ..

“သမီးအကြီးက အခုဆိုရင် သုံးနှစ်ခွဲ ရှိပါပြီ။ အိမ်ကိုဧည့်သည် လာတာတို့၊ ကလေးတွေ လာလည် တာတို့ဆိုရင် သူတအား ပျော်တယ်။ ဒါကြောင့် အဓိကက သမီးအဖော်ရအောင် နောက် တစ်ယောက်ထပ်ယူဖြစ်တယ်။ ကိုယ်ဝန်စရက တည်းက မိန်းကလေးပဲ အမြဲ လိုချင် တယ်။ ကော်ပ ရာကတော့ ယောက်ျားလေး လိုချင်တယ်။ အစ်မကတော့ ညီအစ်မ နှစ်ယောက် အဖော်ရအောင်လို့ လိုချင်တဲ့ အတွက် ကိုယ့် ဆန္ဒပြည့်သွားတာပေါ့” လို့ ခင်မဉ္ဇူခိုင်က ပြောပြပါ တယ်။ လက်ရှိမှာ ခင်မဉ္ဇူခိုင်က ကိုယ်ဝန်၇ လ ရှိပြီဖြစ်ပြီး နိုဝင်ဘာလလယ် လောက်မှာ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားမယ်လို့ သိရပါတယ်။ ရှေ့မှာ သမီးကြီးမွေးဖွားခဲ့စဉ်က အတွေ့ အကြုံတွေ ရှိခဲ့တဲ့ အပေါ်မှာဆင်ခြင်ပြီး နောက်ထပ်ကိုယ်ဝန် အတွက် ထိန်းသိမ်း သွားမှုတွေ ပြုလုပ်နေတယ်လို့ ခင်မဉ္ဇူခိုင် က ဆိုပါတယ်။

“အခုအစ်မမွေးရင် သမီးအကြီးနဲ့က ၃နှစ်နဲ့ ၁ဝလလောက ကွာတယ်။ အကြီးမလေးက လည်း အခုဆိုကျောင်းတွေ၊ ဘာတွေ သွားနေ ပြီဆိုတော့ အငယ်ကို ကိုယ်သေချာ လုပ်ပေး နိုင်တာပေါ့။ ပထမ တစ်ယောက်တည်းက အစ်မက စာတအား ဖတ်ပြီး အိမ်မှာ ကိုယ့် ဘာသာထိန်းတယ်။ သူနာပြုလည်း မခေါ် ဘူး။ ဒါကြောင့် ကိုယ့်အနား တအားကပ် တယ်။ ဒါကြောင့် ပထမတစ်ခေါက်ကမှား တဲ့အမှားလေးတွေ နည်းနည်းပြင်လို့ရတာ ပေါ့။ အကြီးမတုန်းက ရိုးရိုးမွေးမယ် ဆိုပြီး လုပ်ထားရာက ရေမြွှာပေါက်ပြီး မမွေးနိုင် လို့ ခွဲမွေးလိုက်ရတယ်။ ဒါကြောင့် ဒီတစ် ခေါက်တော့ ခွဲမွေးမယ်။ မမွေးခင် ရေမြွှာပေါက် မှာတို့၊ စောမွေးမှာ တို့တော့ စိတ်ပူမိပါတယ်” လို့ ခင်မဉ္ဇူခိုင်က ပြောပြပါတယ်။

မြတ်မိုးပွင့်

 


LEAVE A REPLY

Please enter your comment!
Please enter your name here