ဘုရားစူး အဆိုတော်ပါလို့ ဆိုလိုက်တဲ့ ပူစူး

0
368

လတ်တလောမှာ အဆိုတော် ပူစူးက တတိယမြောက်စီးရီးခွေဖြစ်တဲ့ ‘ဘုရားစူးအဆိုတော်’စီးရီး ခွေလေး ထွက်ရှိထားပါတယ်။ အဆိုပါ စီးရီးခွေမှာ အရင်တစ်ကိုယ်တော်အခွေနဲ့မတူအောင် ပြင်ဆင် ထားကြောင်းကိုတော့ … လတ်တလောမှာ အဆိုတော် ပူစူးက တတိယမြောက်စီးရီးခွေဖြစ်တဲ့ ‘ဘုရားစူးအဆိုတော်’ စီးရီး ခွေလေး ထွက်ရှိထားပါတယ်။ အဆိုပါ စီးရီးခွေမှာ အရင်တစ်ကိုယ်တော်အခွေနဲ့မတူအောင် ပြင်ဆင် ထားကြောင်းကိုတော့ …

“ဒီစီးရီးခွေလုပ်ဖြစ်တာ တစ်နှစ်လောက်တော့ ရှိပြီ။ ဒီအခွေက ကျွန်တော့်ရဲ့ တတိယတစ်ကိုယ် တော်စီးရီးခွေပါ။ အရှေ့ခွေတွေနဲ့ တော့ လုံးဝမတူဘူး။ ဒီအခွေက Rock ဆန်တာလေးတွေ များတယ်။Rock ကို ကျွန်တော်ကြိုက်တယ်။ ကျွန်တော့်အသံနဲ့က သီချင်းအေးတွေနဲ့ လိုက်တယ်။ ဒါပေမဲ့ ဒီအချိန် မှာတော့ ကျွန်တော်လုပ်ချင်တာကို လုပ်မယ်ဆိုပြီးတော့ လုပ်ကြည့်တာပါ။ ဒီ Rock အသံပေါက် အောင်လည်း လုပ်ယူရင်လည်း မကောင်းဘူး။ အတုပဲရမှာလေ။ ကိုယ်နဲ့လိုက်ဖက်မယ့်သီချင်း ပုံစံမျိုးကိုတော့ချိန်ပြီး ရေးထားပါတယ်”လို့ ပြောပါတယ်။  ကိုယ်ပြောချင်တဲ့အကြောင်းတွေကို သီချင်းထဲမှာ ထည့်ရေးရတဲ့အတွက် ကျေနပ်နေတဲ့ အဆို တော် ပူစူးက သူ့သီချင်းခွေမထွက်ဖြစ်ဘဲကြာသွားတဲ့အကြောင်းကိုတော့ …

“ကျွန်တော် ‘တစ်မိုးအောက်’ အခွေထွက်ပြီးတော့ ၆နှစ်လောက် အခွေမထွက်ဖြစ်ဘူး။ အဲဒီမှာ ပျောက်သွားတယ်။ ဒါပေမဲ့ ကျွန်တော်ပွဲတွေတော့ဆိုဖြစ်တယ်။ သီချင်းသစ်တွေ၊ မလုပ်နိုင်မှတော့ ဘာ အဓိပ္ပာယ်ရှိမှာလဲ။ ဒါကြောင့် လွန်ခဲ့တဲ့၂နှစ်လောက်ကစပြီး သီချင်းတွေပြန်ရေးတယ်။ ကြားထဲမှာ ကြာသွားတာက ကျွန်တော်ပျင်းလို့ပဲ ပြောရမှာပေါ့။ ကျွန်တော်တစ်ခုခုဆိုရင် သီချင်းထဲမှာ ချရေး လိုက်ရရင် ကျွန်တော်စိတ်ကျေနပ်တယ်။ တစ်ခါတလေကျရင် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို သီချင်းထဲမှာပဲထည့်ရေးတယ်။ ဒါကြောင့်လည်း ကိုယ့်ဘဝကိုလည်း ကျေးဇူးတင်တယ်”လို့ ဆိုပါတယ်။

 ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here