အသက်၃ဝကျော်မှအိမ်ထောင်ပြုမယ့် ဆုမြတ်နိုးဦး

0
222

အခုချိန်ထိ Single ဘဝနဲ့ပဲ  ရပ်တည်နေတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးက အိမ်ထောင်ပြုဖို့ အတွက်ကိုလည်း သူ့အသက် ၃ဝ ကျော်လောက်မှ စဉ်းစားဆုံးဖြတ် မယ်လို့ ပြောလာပါတယ်။  အသက် ၃ဝ ကျော်မှ အိမ်ထောင်ပြုဖြစ်မယ့် အကြောင်းကိုတော့ ဆုမြတ်နိုးဦး က…

အခုချိန်ထိ Single ဘဝနဲ့ပဲ  ရပ်တည်နေတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးက အိမ်ထောင်ပြုဖို့ အတွက်ကိုလည်း သူ့အသက် ၃ဝ ကျော်လောက်မှ စဉ်းစားဆုံးဖြတ် မယ်လို့ ပြောလာပါတယ်။  အသက် ၃ဝ ကျော်မှ အိမ်ထောင်ပြုဖြစ်မယ့် အကြောင်းကိုတော့ ဆုမြတ်နိုးဦး က “အခုတော့ တစ်ယောက်တည်း ပါပဲ။

မြတ်နိုးအချစ်ရေးတွေ အိမ်ထောင်ရေးတွေကို နောက်ထပ် နည်းနည်းကြာမှ မြတ်နိုးစဉ်းစား ဆုံးဖြတ်ပါမယ်။ မြတ်နိုးအချစ်ရေး ရှိတဲ့ အခါကျရင်လည်း ပရိသတ်ကြီး ကို မြတ်နိုးအသိပေးပါ့မယ်။ တကယ်လို့ မြတ်နိုးအိမ်ထောင်ပြုရင် တောင် အသက် ၃ဝ နောက်ပိုင်း ၃ဝကျော်မှ အိမ်ထောင်ပြုမယ်။ မြတ်နိုးရဲ့ target က အသက်၃ဝ ကျော်မှပေါ့နော်။ မြတ်နိုးအမေတုန်း ကဆိုလည်း မြတ်နိုးကို အသက်၃ဝ ကျော်မှမွေးဖွားတာလေ။ သူတို့တွေကြည့်ပြီး မြတ်နိုး အမြဲတွေးတယ်။ ငါဆိုလို့ရှိရင်လည်း အသက်နည်းနည်းကြီးမှအိမ်ထောင်ပြုမယ်။အသက် ၃ဝ ကျော်မှဆိုတဲ့ မြတ်နိုးရဲ့ target  ရှိပေမယ့် ကံတရားဆိုတာ ကတော့ ပြောလို့မရဘူးလေ။ တကယ်လို့ ဖြစ်လာ ခဲ့မယ်ဆိုရင်လည်း ပရိသတ်ကို မြတ်နိုးအသိပေးပါ့မယ်”  လို့ ပြောပြပါတယ်။

အခုအချိန်မှာ အချစ်ရေးနဲ့ အိမ်ထောင်ရေးကို မစဉ်းစားချင် သေးတာကလည်း သူဝါသနာပါတဲ့ အနုပညာ အလုပ်ကိုပဲ တစိုက်မတ်မတ်နဲ့ လုပ်ကိုင်သွားချင်တာကြောင့်လို့ သိရပြီး အိမ်ထောင်ပြုဖို့အတွက် ဘယ်လိုလူမျိုးကို ရွေးချယ်မလဲဆိုတာကို ဆုမြတ်နိုးဦးက  “မြတ်နိုး ဒီအလုပ်ကိုပဲ စူးစူး စိုက်စိုက် လုပ်ချင်သေးတယ်။ ဒီအလုပ်ကို ပိုပြီးလုပ်ချင်သေးတယ်။ရှေ့ကို ခြေလှမ်းတွေ ပိုပြီးရောက် ချင်သေးတယ်။ အဓိကကတော့ မြတ်နိုးအချိန်မပေးချင်သေးတာပါ။ ပြီးတော့ မြတ်နိုးထင်ပါတယ်။ အချိန်မတန်သေးလို့ထင်ပါတယ်။ တကယ် စဉ်းစားဆုံးဖြတ်မယ်ဆိုလည်း ကိုယ် ရွေးချယ် တိုင်းလည်းဖြစ်ချင်မှလည်း ဖြစ်တာဆိုတော့ တအားအကောင်းတွေချည်း ရွေးပြီးတော့လည်း ဖြစ်ချင်မှဖြစ် တာလေ။ တအား အဆိုးဝါးကြီးမဟုတ်ပဲနဲ့ မိဘကလည်း သဘောတူမယ်။ ကိုယ့်ကိုယ်လည်း ချစ်ပြီးတော့ စိတ်ချမ်းသာအောင်ထားနိုင်မယ့် သူမျိုးဖြစ်ချင်ပါတယ်”လို့ ပြောပြပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here