မြန်မာ့ဒီမိုကရေစီ ပွဲ တော် အထိမ်းအမှတ် ရုပ်ရှင်၊ ဂီတ၊ သဘင်ပဒေသာ ကပွဲပြုလုပ်မည်

0
196

မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲ တော်ကိုတော့ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာ နိုင်ငံအနှံ့အပြား မှာ ရှိတဲ့ ရုပ်ရှင်ရုံ ပေါင်း ၄၇ ရုံမှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားခဲ့ရာမှာတော့မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲ တော်ကိုတော့ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာ နိုင်ငံအနှံ့အပြားမှာ ရှိတဲ့ ရုပ်ရှင်ရုံ ပေါင်း ၄၇ ရုံမှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။

ဖွင့်ပွဲ အခမ်းအနားမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားခဲ့ရာမှာတော့ “တစ်ချိန်တစ်ခါတုန်းက အနုပညာ သမားတွေ နိုင်ငံရေး လုပ်ရင်အဖမ်း ခံထိမယ်။ ထောင်ချမယ်။ အနုပညာ လုပ်ပိုင်ခွင့်တွေ ပိတ်မယ်။ အနုပညာ လုပ်ပိုင်ခွင့် တွေပေးရင် လည်းအကယ်ဒမီ ဆုမရဘူး ဆိုတဲ့ အနေအထားနဲ့ အနု ပညာရှင်တွေက နိုင်ငံရေး အသိနဲ့ နိုင်ငံရေးကို လှုပ်ရှားခဲ့ ရခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ လုပ်ရတဲ့ နိုင်ငံရေးဆိုတာ အုပ်ချုပ်သူတွေနဲ့ အစိုးရကို ဆန့်ကျင်ရတာ၊ ပြောဆိုရတာ၊ ဆန္ဒပြရတာတွေ ဖြစ်လို့ပါပဲ။ ဒီနေ့ခေတ်မှာ တော့ ဒီခေါင်းစဉ် အတိုင်းပါပဲ။ ဒီမိုကရေစီနဲ့ ရုပ်ရှင်ဆိုတာ ခွဲခြားလို့မရဘဲ တစ်သားတည်း ရှိခဲ့ပါပြီ။ အဲဒီအတွက် ကျွန်တော် ပီတိဖြစ်ရပါတယ်”လို့ ဦးလူမင်းက ပြောခဲ့ပါတယ်။

ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာ တော့ “နေခြည်မှာ ရွှေရည်လောင်း၊ သရ စောထိ၊ ဒီမိုရက်သတ္တပတ်၊ တိမ်ပြာသောနေ့၊ ကြီးမြတ်သော မြန်မာ” စတဲ့ ရုပ်ရှင်ဇာတ်ကား ၅ ကားကို ပြသ သွားမှာဖြစ်ပြီး ဖွင့်ပွဲနေ့  (စက်တင်ဘာလ ၁၅ရက်) နေ့မှာ တော့ အခမဲ့ ပြသသွားခဲ့ပါတယ်။ ဒီ့အပြင် မြန်မာ့ ဒီမိုကရေစီပွဲ တော် အထိမ်းအမှတ် အဖြစ် ရုပ်ရှင်၊ ဂီတ၊ သဘင်ပဒေသာ ကပွဲကို စက်တင် ဘာ၁၈၊ ၁၉ရက် နေ့များမှာလည်း ထည့်သွင်းကျင်းပဖျော်ဖြေသွားမှာ ဖြစ်ပါ တယ်။ ဒီပွဲတော်မှာရုပ်ရှင် အနုပညာရှင်များဖြစ်ကြတဲ့လူမင်း၊ ဖြိုးငွေစိုး၊ ကျော်ကျော်၊ ကျော်ထက် အောင်၊ ထွန်းထွန်းဝင်း၊ ထူးသာ၊ ပိုင်ဖြိုးသု၊ ရတနာဗို၊ အင်ပါ ယာအဖွဲ့၊ နြတ ၅ အဖွဲ့များကို ဒါရိုက်တာ မောင်သီက ကြီးကြပ်ကာ၊ ဒါရိုက် တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရဲ့ “ဘုမသိဘမသိ” ပြဇာတ်တို့ကို ဖျော် ဖြေတင်ဆက်သွားကြမှာဖြစ်ပြီး၊ ဂီတအနုပညာရှင်များဖြစ်ကြတဲ့ သန်း မြတ်စိုး၊ မောင်သိန်းဝင်း၊ ကေတုဝင်းထွဋ်၊ ဖိုးသောကြာ၊ ဗညားဟန်၊ ရီရီ သန့်၊ ခင်ညွှန့်ရီ၊ ချိုပြုံး၊ နော်လီဇာ၊ ဟေမာနေဝင်း၊ စိုးစန္ဒာထွန်း၊ ပိုးအိစံ၊ ဝိုင်းလမင်း အောင်၊ မေသက် ထားဆွေ၊ စိန်ဝင်းထွန်း၊ တူးတူး၊ စည်သူ လွင်၊ Rဇာနည်၊ ဖြိုးကြီး၊ အောင်ထက်၊ နွဲ့ယဉ်ဝင်း၊ စိမ်းမို့မို့၊ ကော်နီ၊ သျှီ၊ ချောစုခင်၊ ဖြူဖြူ ကျော်သိန်း၊ ချမ်းချမ်း၊ အိမ့်ချစ်၊ စန္ဒယားမောင်လှအေး၊ ဘိုတာထွန်း ညွှန့်တို့ ကလည်း တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် သဘင် အနုပညာရှင် များဖြစ်ကြတဲ့ ဖိုးချစ်၊ ဝင်း နောင်၊ ဇေယံဦး၊ ကိုဇေ၊ ချမ်းညီချမ်း၊ ရဲမင်းသွေး၊ မင်းစက်၊ နေဇာမင်း၊ အောင်စန်းပွင့်၊ နန်းခင်မွှေး၊ ဒါလီ လင်း၊ မေတင်မောင်ဆန်းမင်ဝင်း၊ နေခြည်ငြိမ်းချမ်း၊ ဝင်းသပြေထွန်း၊ 5 Stars ၊ မေတ္တာရွှေစင် အဖွဲ့တို့မှ ပါ ဝင်ဖျော်ဖြေပေးသွားမှာ လည်းဖြစ်ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here