အသက်၇ဝ ရှိပြီဖြစ်ပေမယ့် ဇာတ်ကားတွေရိုက်ကူးနေဆဲ ဦးမိုးဒီ

0
127

လက်ရှိမှာ အသက်၇ဝပြည့်နှစ် ရှိနေပြီဖြစ်တဲ့ ဦးမိုးဒီက အနုပညာလောကထဲကို အသက် ၁၄ နှစ် အရွယ်ကတည်းက ဝင်ရောက်ခဲ့ တာဖြစ်တယ်လို့ သိရပါ တယ်။ ဒါကြောင့်လည်း သူ့ရဲ့အနုပညာသက်တမ်းက ခုဆိုရင် ၅၆နှစ် လောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အခု အချိန်အထိလည်း ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေကို ဆက် တိုက်ရိုက်ကူးဖြစ်နေပြီး ပါဝင်သရုပ်ဆောင်ရိုက်ကူးရတဲ့ ဇာတ်ရုပ်တွေကတော့ အဖေခန်း၊အဘိုးခန်းတွေဖြစ် ကြောင်းသိရပါတယ်။  လက်ရှိမှာ အသက်၇ဝပြည့်နှစ် ရှိနေပြီဖြစ်တဲ့ ဦးမိုးဒီက အနုပညာလောကထဲကို အသက် ၁၄ နှစ် အရွယ်ကတည်းက ဝင်ရောက်ခဲ့ တာဖြစ်တယ်လို့ သိရပါ တယ်။ ဒါကြောင့်လည်း သူ့ရဲ့အနုပညာသက်တမ်းက ခုဆိုရင် ၅၆နှစ် လောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အခု အချိန်အထိလည်း ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေကို ဆက် တိုက်ရိုက်ကူးဖြစ်နေပြီး ပါဝင်သရုပ်ဆောင်ရိုက်ကူးရတဲ့ ဇာတ်ရုပ်တွေကတော့ အဖေခန်း၊အဘိုးခန်းတွေဖြစ် ကြောင်းသိရပါတယ်။

“ကျွန်တော့်အနေနဲ့ လုပ်နိုင်သ လောက်လုပ်သွား ပါမယ်။ လုပ်လည်းလုပ်ချင်တယ်။ အနုပညာအလုပ် လုပ် နေရတာ ကျွန်တော့်အတွက်စိတ်ချမ်းသာတယ်။ ဒါကြောင့် လည်း ကျွန်တော်အနုပညာအလုပ်တွေကို လုပ်သွားဦး မယ်” လို့ အနုပညာနဲ့ ပတ်သက်လို့ ဟာသသရုပ်ဆောင်ကြီး ဦးမိုးဒီက ပြောပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့လည်း သူ့အနေနဲ့လက်ရှိမှာတော့ ကောင်းမွန်လျက်ရှိပြီး အရင် လတွေတုန်းက ကျန်းမာရေးချုချာခဲ့တာတွေရှိခဲ့တယ်လို့ သူက ပြောပါတယ်။

 “ကျန်းမာရေးကတော့ အရင်ကထက်စာရင်ပြန် ကောင်းလာပြီ။ ဟိုဘက်ပိုင်းတုန်းက တော်တော်ဆိုးတယ်။ လှုပ်ကို မလှုပ်နိုင်ဘူး”လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဦးမိုး ဒီက ပြောပြပါတယ်။ စက်တင်ဘာလ၉ရက်နေ့က ပြုလုပ်ခဲ့တဲ့ သက်ကြီးလူရွှင်တော်ကန်တော့ပွဲကိုလည်း လူရွှင် တော်ကြီး ဦးမိုးဒီက တက်ရောက်ကာ ကန်တော့ခံခဲ့ ပါတယ်။ သူဟာသူ့ရဲ့ရောင်းရင်း လူရွှင်တော်ကြီး တွေနဲ့လည်း စကားတွေပြောမကုန်ဖြစ်ကာ သက် ကြီးပူဇော်ပွဲအတွက်လည်း ဂုဏ်ယူပီတိဖြစ်နေ ပါတယ်။  “လူရွှင်တော်တွေအနေနဲ့ ဒီအစဉ်အလာကို ထိန်းသိမ်းရမယ်။ စည်းလုံးညီညွတ်တယ်ဆိုတာ ဘယ် အဖွဲ့အစည်းပဲဖြစ်ဖြစ် ကောင်းတာပေါ့။ ဒါကြောင့်လူရွှင်တော်အဖွဲ့အနေနဲ့လည်း ဒီလိုပဲ စည်းလုံးညီညွတ်ပြီးတော့ လူရွှင်တော်ဆိုတာက လောကကြီးထဲမှာရှိတဲ့ လူသားအားလုံးကို ပျော် အောင်၊ ရွှင်အောင်စိတ်ချမ်းသာအောင်လုပ်ပေး တဲ့သူတွေကိုး။ ဒါကြောင့်ဒီပုဂ္ဂိုလ်တွေဟာ အသက် ရှည်သင့်တယ်။ ကျန်းမာသင့်တယ်။ အဲဒီပုဂ္ဂိုလ် တွေ ကျန်းမာအောင်ဂရုစိုက်ပါ။ အသက်ရှည်အောင်  ကြိုးစားပါ။ စိတ်ကောင်းစေတနာကောင်းတွေ ထားပြီး ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့ ဒီအလုပ် လေးကို တစ်သက်လုံးလုပ်သွားနိုင်ပါစေလို့ကျွန် တော်ဆုတောင်းပါတယ်”လို့ လူရွှင်တော် သက် ကြီးပူဇော်ပွဲမှာ လူငယ်၊လူကြီးလူရွှင်တော်များအတွက်  ဦးမိုးဒီက အကြံပြုစကားပြောကြားခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here