အောက်တိုဘာလ ဆန်းပိုင်းမှာ အကသင်တန်း ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ဂျင်းနီ

0
371

အခု လတ်တလောမှာ အဆိုတော် ဂျင်းနီကတော့ သူ့ရဲ့ Happy Birthday တေးစီးရီး MTV ထွက်ရှိဖို့ ကြိုးစားနေပြီး အကသင်တန်း တစ်ခုဖွင့်လှစ်ဖို့ စဉ်ထားကြောင်းလည်း သိရပါတယ်။ ဒီအက သင်တန်းနဲ့ ပတ်သက်ပြီးတော့

“ဂျင်းနီ အကသင်တန်းလေး တစ်ခု ဖွင့်ဖို့လုပ်နေပါတယ်။ ဒီလ ကုန်လောက် ဖွင့်ဖို့ကြိုးစားနေပါတယ်။ အားကစားနဲ့ ပတ်သက်တဲ့ အကတွေပါမယ်။ အကအားလုံးပေါင်း ၁ဝ မျိုးလောက် ပါဝင်ပါတယ်။ မြန်မာအကကို ခေတ်ပေါ် Music တွေ နဲ့ ပေါင်းပြီး အကောင်းဆုံး လုပ်ချင်တာပါ။ ကလေးရော လူကြီးပါ စိတ်ဝင်တစားနဲ့ လွယ်လွယ်ကူကူကနိုင်မယ့် ပုံမျိုး လေးတွေ ဖန်တီးထားပါတယ်။ ပရိသတ်ကိုလည်း ဖိတ်ခေါ်ပါတယ်။ ဒီသင်အတွက် သင်ကြားမှု အပိုင်းမှာ ပိုင်နိုင်တဲ့ ဆရာတွေပဲ ရွေးခေါ်ထားပါတယ်” လို့ ဂျင်းနီကပြောပြခဲ့ပါတယ်။ မင်္ဂလာဆောင် ဝတ်စုံတွေဝတ်ရင် ကိုယ်မင်္ဂလာ ဆောင်ရင် ဆိုတဲ့ စိတ်ကူးတွေ ပေါ်လာတတ်တယ် ဆိုတဲ့ သူမကို မင်္ဂလာဆောင် ဖြစ်ခဲ့ မယ်ဆိုရင် ဘယ်လို လူမျိုးကို ရွေးချယ်ဖြစ်မလဲလို့ မေးမြန်းခဲ့ရာ…”အဓိက ကတော့ ကိုယ့်ကို လည်းတကယ် ချစ်ပြီးတော့ ကိုယ်ကလည်း ချစ်ရမယ်။ ကိုယ်နဲ့သူနဲ့ကြားထဲမှာ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်လေး တစ်ခု ဖြစ်စေချင်တယ်။ တစ်ယောက် တည်းကပဲ ပေးနေရတာမျိုး၊ တစ်ယောက်တည်း ကပဲရတာမျိုး မဟုတ်ဘဲနဲ့ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ် ယောက်က ဖြည့်ဆည်းမှုတွေ နဲ့ပဲ လက်တွဲချင်ပါတယ်။ မင်္ဂလာဆောင် ဖြစ်မှာပါ။ ဒါပေမဲ့ လိုတော့လိုပါ သေးတယ်” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here