လူငယ်တွေမှာ အရည်အချင်းတွေရှိကြောင်း ပြသလိုက်တဲ့ ဂီတမှူး လင်းထက်

0
208

မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာပြသတဲ့ ‘သရာစောထိ’ ရုပ်ရှင်ဇာတ်ကား တစ် ကားလုံးမှာ ပါရှိတဲ့ Music တွေကို Arrangement ပြုလုပ်ပေးသူက လူငယ်ဂီတမှူး လင်းထက်ပါ။ ဒီဇာတ် ကားနဲ့ ပတ်သက်လို့ လင်းထက်က…..

“ကျွန်တော်တို့ လူငယ်တွေဆိုရင် ဘယ်သူမှတော်ရုံတန်ရုံနဲ့ မယုံကြည်ကြဘူး။ ဒီကောင် တွေလုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေ ရှိကြတယ်။ ဒါပေမဲ့ ဦးသူရက ထူးထူးခြားခြား ကျွန်တော့်ကိုခေါ်တယ်။ နောက်ပြီးတော့ ဒါရိုက်တာဘကြီး အောင်ပေါ့နော်။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ဒီဇာတ်လမ်းကို အပ်ခဲ့တယ်။ သူတို့ယုံကြည်မှုကို ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ လုပ်ပြချင်တယ်။ တစ်ဆက်တည်းမှာပဲ မြန်မာပြည်မှာရှိတဲ့ နယ်ပယ်ပေါင်းစုံက လူငယ်တွေသည် လုပ်နိုင်တဲ့ Ability တွေ ရှိတယ်ဆိုတာကို ပြချင် တယ်။ ဒါကတော့ ကျွန်တော် လင်းနိုင်တဲ့ ကျွန်တော့်ရဲ့ အလင်းလေးတစ်စက်အားဖြင့် ကျွန်တော်ပြသခြင်းပါပဲ”လို့ ပြောပါတယ်။ မကြာမီထွက်ရှိတော့မယ့် နာမည်ကျော် အဆိုတော်တွေအတွက် သီချင်းရေးပေးနေတဲ့လင်းထက်က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ် ကားတွေအတွက် Music Arrangement လုပ်ဖို့ စိတ်ဝင်စားနေကြောင်းကို …

“ကျွန်တော်တစ်ခုတော့ စဉ်းစားမိတာ ရုပ်ရှင်ဇာတ်ကားသည် အချိန်အကြာကြီး ပေးပြီးတော့ တီးရတယ်။ နောက်တစ်ခုက မနက်မိုးလင်းက တည်းက ကျွန်တော် ကွန်ပြူတာရှေ့ရောက် တယ်။ ကျွန်တော် စတူဒီယိုမှာ အလုပ်စလုပ်တယ်။ အချိန်က လည်း နည်းနည်းတိုတာကိုး။ ပုံမှန်ရုပ်ရှင်ဇာတ်ကားသည် တစ်နှစ်လောက်သွားတဲ့ အချိန်မှာ ဒီဇာတ်ကားကတော့ လပိုင်းပဲအချိန်ရတယ်။ ကျွန်တော်ဆို တခြား Project တွေတောင်ရပ်လိုက်ရတာမျိုးတွေရှိ တာပေါ့။ နောက်ပိုင်းတွေမှာ ရုပ်ရှင်ဇာတ်ကား တွေနဲ့ပတ်သက်ပြီးတော့ တီးဖို့ စိတ်ဝင်စားတယ်”လို့ ပြောပြခဲ့ပါတယ်။

 မျိုးမောင် 

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here