သုညကို အဆံခတ်နိုင်ဖို့
မနေ့ကရက်တွေကစပြီး
ရွှေပြည်တော်သစ် လမ်းမဆီ ငါချီပြီ
မနက်ဖြန်မှာ ငါသီမယ့်
အနာဂတ်အတွက်
ဒီနေ့မှာ ငါ အားမပြတ်ဖို့လိုတယ်
ငါယုံကြည်ရာ အနာဂတ်နဲ့
ငါ့စိတ်အာဟာရအတွက်
ဒီကဗျာကို ငါစပ်ဆိုခြင်းဖြစ်တယ်
င့ါ ခြေလက်တော် အစုံဖြင့်
ငါကိုယ်တိုင် ပုံဖော်အပ်သော
ငါ့ကိုယ်ပိုင် မြို့ ဦးဆီ မြန်းရောက်ဖို့
ဤခရီးခက်ခဲလင့်သလား
င့ါခွန် ငါ့အားနဲ့ ရိုးသားကိုးစားစွာ
ပခုံးထက်မှာ
စိတ်စွမ်းအားကို တင်လျက်
မနားတမ်းရှေ့သို့ ငါဆက်ချီမည်
ဒုက္ခတွေ နေညိုသန်း
ငါ့ခြေစုံကို နမ်းတဲ့ထိ
လမ်းဟောင်းကို ငါပြန်မလှည့်ဘူး
ငါကိုယ်တိုင် ထုဆစ်အပ်သော
ငါ့မြို့ ဦး
မဝေးတော့သောတစ်နေ့
သေချာတယ်
ငါကိုယ်တိုင် စိုက်ပျိုးသော
ရွှေရောင်ပန်းတွေ ပွင့်ဖူးလာလိမ့်
သွေးဝေးတစ်ယောက်ရဲ့ နိဒါန်းပါ။
သုညကိုအဆံခတ်နိုင်ဖို့
ကြုံသမျှ ဒုက္ခကို အရောင်ဆမ်း
ရင်ဘတ်နဲ့ထမ်း မှတ်တမ်းတင်ပစ် မယ်။
စံသစ္စာ (သွေးဝေး)