မိသားစုထံမှ ခွင့်ပြုချက် မယူဘဲ ရိုက်ကူးသည် ဆိုသည့် ဝေဖန်မှုအပေါ် ဒါရိုက်တာ ညီညီထွန်းလွင်ရဲ့ ရှင်းပြချက

0
251

ဒါရိုက်တာ ညီညီထွန်းလွင်က “ထဘီ ကျွတ်၍လွှတ်လိုက် သည်” ရုပ်ရှင်ဇာတ်ကားကို ကျော်ရဲအောင်၊ ဇေရဲထက်၊ ကျော်ကျော်၊ စိုးမြတ်သူဇာ၊ အိချောပိုတို့နဲ့ ပုံဖော် ရိုက်ကူး ထားပါတယ်။ နာမည် ကျော်ကြား လူကြိုက်များခဲ့တဲ့ ဆရာမောင်သာရရဲ့ ဝတ္ထုကို ရုပ်ရှင် ဇာတ်ကားအဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံကို ဒါရိုက်တာ ညီညီထွန်းလွင်က   “ခုလိုပြန်ရိုက်ကူးတဲ့ အခါမှာ ဆရာ့ရဲ့ ဝတ္ထု ပျက်သွားမှာစိုး လို့ ဆန်းသစ်ပြီးတော့ မရိုက်ကူးပါဘူး ။ ဆရာ့ ဝတ္ထုအတိုင်း ကိုပဲ ရိုက်ကူးပြီးတော့ ဒါပေမဲ့ ဘယ်လိုလုပ် လိုက်လည်းဆိုတော့ မြူဇ စ်ကယ် တို့ကျတော့ ကျွန်တော်တို့က ငါတို့ ကြက်ဖ နိုင်နိုင် အဲဒီရှေးသီချင်းကနေပြီး G Fat  သီချင်းချိန်းတာကဆိုရင် ခေတ် ကာလနဲ့ လျော်ညီအောင် ဖော်ကျူးထားတာ ဖြစ်ပါတယ်။ ဒိုင်ယာ လော့ခ်ပိုင်းမှာ ဆိုရင်လည်း ဆရာ မောင်သာရရဲ့ တကယ့် အညွှန့် အဖူးအတိုင်း ဒိုင်ယာလော့ခ်လေး တွေကို သုံးထားသလို ဒီဘက် ခေတ်က ကြည့်မှာ ဆိုတော့ ဒီဘတ်ခေတ် အတိုင်းလည်း ဆင်းန် လေးတွေ သုံးပေးထားတယ်။” လို့

ပြောပြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကား ရုံတင် မပြသေးခင်က ဝတ္ထု ရေး ဆရာကြီး မောင်သာရ တို့ရဲ့ မိသားစုဝင်များက ခွင့်ပြုချက် မရဘဲ ဝတ္ထုကို အသုံးပြုထားတယ် ဆိုပြီး ဝေဖန်ပြောဆိုမှုလေး တွေ ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညီညီထွန်း လွင်က  “အဲဒီအပိုင်းက တော့ ဒီဇာတ်ကားရိုက် ကူးဖို့ စီစဉ်တာက ၂ဝ၁၅ ခုနှစ်ပေါ့။ မြန်မာပြည်မှာ ရုပ်ရှင် ရိုက်ကူးရင်၂နှစ် ၃နှစ် အချိန်ကြာတယ်။ အခု ရုံတင်ပြသခါနီးကျ မှ ဆရာမောင်သာရရဲ့ သားသမီးမြေးမြစ်တွေက သူတို့အဘိုး ဆုံးသွားပြီးမှ ရိုက်ကူး တယ်ထင်တာ။ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်ကျော် ၃နှစ်ကတည်း က အမေရိကားမှာ ဆရာ့ဆီကို ဒေါ်လာနဲ့ ပေးဝယ်ပြီး ရိုက်ကူးခဲ့ တာပါ။ အဲဒီတုန်းက ဆရာ ကိုယ်တိုင် ခွင့်ပြုတယ်။ ဆရာ့ကိုယ်စား ဆရာ ဦးဝင်းငြိမ်းက လက်မှတ်ထိုးပေးတယ်။ ဆရာ ဦးဝင်းငြိမ်းကပဲ ဝယ်ပေးရတာ။ အဲဒါကို ဆရာ့ရဲ့ သားသမီး မြေးမြစ်တွေက မသိ ခဲ့တာပါ” လို့ပြောပြခဲ့ပါတယ်။ ဒီဇာတ်ကားကို စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဇင်မာနွယ် ၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here