သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် Heavy Drama တွေကို ကြိုး စားကြည့်ချင်တဲ့ ချမ်းမင်းရဲထွဋ်

0
200

‘ည’ရုပ်ရှင်ဇာတ်ကားမှာ ပထမ ဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ တက် သစ်စ သရုပ်ဆောင် မင်းသား ချမ်းမင်းရဲထွဋ် ကိုတော့ အဲဒီဇာတ်ကားထဲမှာ ဗီလိန် ဇာတ်ရုပ်နေရာက မြင်တွေ့ရပြီး မြန်မာနိုင်ငံက မိန်းကလေးပရိသတ် တော်တော်များများရဲ့ အားပေးမှု လည်း ရရှိခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင် ခွင့်ရတဲ့ ‘ည’ ဇာတ်ကား ကြောင့်ပဲ မိန်းကလေး ပရိသတ်တွေ ပိုများလာခဲ့တာပါလို့ ချမ်းမင်းရဲထွဋ် ကိုယ်တိုင်ကလည်း ဆိုပါတယ်။

ဒါကြောင့် ပထမဆုံး ပါဝင်သရုပ် ဆောင်ခွင့်ရတဲ့ဇာတ်ကားက ကြိုးစားရကြိုးနပ်ခဲ့တယ်လို့ ချမ်းမင်းရဲထွဋ် ကဆိုပါတယ်။ =ည+ရုပ်ရှင်ဇာတ်ကားမှာ ပထမ ဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ တက် သစ်စ သရုပ်ဆောင် မင်းသား ချမ်းမင်းရဲထွဋ် ကိုတော့ အဲဒီဇာတ်ကားထဲမှာ ဗီလိန် ဇာတ်ရုပ်နေရာက မြင်တွေ့ရပြီး မြန်မာနိုင်ငံက မိန်းကလေးပရိသတ် တော်တော်များများရဲ့ အားပေးမှု လည်း ရရှိခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင် ခွင့်ရတဲ့ ‘ည’ ဇာတ်ကား ကြောင့်ပဲ မိန်းကလေး ပရိသတ်တွေ ပိုများလာခဲ့တာပါလို့ ချမ်းမင်းရဲထွဋ် ကိုယ်တိုင်ကလည်း ဆိုပါတယ်။ ဒါကြောင့် ပထမဆုံး ပါဝင်သရုပ် ဆောင်ခွင့်ရတဲ့ဇာတ်ကားက ကြိုးစားရကြိုးနပ်ခဲ့တယ်လို့ ချမ်းမင်းရဲထွဋ် ကဆိုပါတယ်။ လက်ရှိ မှာတော့ ချမ်းမင်းရဲထွဋ် အနေနဲ့  ကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အတွက် ဓာတ်ပုံရိုက် ကူးမှုတွေ ပြုလုပ်နေပြီး ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် MTV အတွက်လည်း ၁၉၄ဝ ပြည့်နှစ်ဝန်းကျင်က ပုံစံတွေကို ကြိုတင်ပြင်ဆင်နေတယ် လို့ ဆိုပါ တယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း  သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ ပြုလုပ်သွားမယ်လို့ ဆိုပါ တယ်။ မျက်နှာသစ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ချမ်းမင်းရဲထွဋ် ရဲ့ သူကိုယ်တိုင် ဖန်တီးချင်တဲ့ အနုပညာ အကြောင်းအရာတွေကတော့ …

“ကျွန်တော်သရုပ်ဆောင် မလုပ်ခင်က ဦးကျော်ဟိန်းတို့၊ ကိုသားကြီးတို့ကို  အရမ်းကြိုက်တယ်။ သရုပ်ဆောင်ဖြစ်လာတော့ အားလုံးကို ပိုပိုပြီး လေးစား လာတယ်။ သရုပ်ဆောင်ရင်လည်း စိတ်နစ်ပြီး ကြိုးစားရမယ်ဆိုတာကို သိလာ တယ်။  ဒီဘက်ခေတ်မှာ ပရိသတ်တွေက အမြင်ကျယ်လာကြပြီဆိုတော့ ပရိသတ်တွေကို လိမ်လို့မရဘူ။ ဇာတ်ကားတွေကြည့်ပြီး ပရိသတ်တွေ က သရုပ်ဆောင်တွေကို ဆုံးဖြတ်ပေး လာနိုင်နေပါပြီ။ ဒါကြောင့် ကျွန်တော် ကိုယ်တိုင်လည်း ဝမ်းစာ ဖြည့်နေဆဲပါ။ ဖြည်းဖြည်းနဲ့ မှန်မှန် ကြိုးစားနေတယ်။ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင်တော့ Heavy Drama လိုမျိုးတွေကို ကျွန်တော် ကြိုးစား ကြည့်ချင်ပါတယ်” လို့ ချမ်းမင်း ရဲထွဋ်က ပြောပါတယ်။

 မြတ်မိုးပွင့် 


LEAVE A REPLY

Please enter your comment!
Please enter your name here