သမီးဖြစ်သူ မြမိုးဂင်္ဂါကို ပြုစုပျိုးထောင်မှုတွေ လုပ်နေရတဲ့ အကြောင်း ချမ်းချမ်း ပြော

0
206

စက်တင်ဘာလ ၁၄ ရက်နေ့က အဆိုတော် ချမ်းချမ်းရဲ့ မွေးနေ့ဖြစ် ပါတယ်။ အနုပညာ လောကမှာ အောင်မြင်မှုတွေ ရရှိထားသလို သာယာ ချမ်းမြေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားတဲ့ ချမ်းချမ်းက အသက် ၃ဝပြည့်နှစ် အရွယ် ထိပ်စီးပြောင်းသွားတဲ့ အတွက် ပျော်ရွှင်မှုတွေကို ဝန်ထုပ်ဝန်ပိုး နည်းစွာ ခံစားတတ်လာကြောင်း သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ ခံစားချက်တွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားထားတာ တွေ့ရပြီး ပရိသတ်တွေ အနေနဲ့လည်း Birthday Wish တွေ ဝိုင်းဝန်းပေးပို့ ထားကြတာ တွေ့ရပါတယ်။ ချမ်းချမ်းနဲ့ ဘုဏ်းသိုက် တို့ရဲ့ သမီးလေး မြမိုးဂင်္ဂါနဲ့ ပတ်သက်ပြီး ချမ်းချမ်း ပြောပြတာကစက်တင်ဘာလ ၁၄ ရက်နေ့က အဆိုတော် ချမ်းချမ်းရဲ့ မွေးနေ့ဖြစ် ပါတယ်။ အနုပညာ လောကမှာ အောင်မြင်မှုတွေ ရရှိထားသလို သာယာ ချမ်းမြေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားတဲ့ ချမ်းချမ်းက အသက် ၃ဝပြည့်နှစ် အရွယ် ထိပ်စီးပြောင်းသွားတဲ့ အတွက် ပျော်ရွှင်မှုတွေကို ဝန်ထုပ်ဝန်ပိုး နည်းစွာ ခံစားတတ်လာကြောင်း သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ ခံစားချက်တွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားထားတာ တွေ့ရပြီး ပရိသတ်တွေ အနေနဲ့လည်း Birthday Wish တွေ ဝိုင်းဝန်းပေးပို့ ထားကြတာ တွေ့ရပါတယ်။ ချမ်းချမ်းနဲ့ ဘုဏ်းသိုက် တို့ရဲ့ သမီးလေး မြမိုးဂင်္ဂါနဲ့ ပတ်သက်ပြီး ချမ်းချမ်း ပြောပြတာက “အချိန်တော့ ခွဲရတာပေါ့နော်။ တအားကြီး ပွဲတွေများတဲ့ နေ့မျိုး ဆိုရင်တော့ အစ်မ ယောက္ခမတွေ၊ အစ်မအဖေ၊ အမေတွေက ကြည့်ပေး တယ်။ ကျန်တဲ့ အချိန်တွေမှာတော့ အစ်မတို့ လင်မယား ၂ယောက်စလုံး သူ့ကို အချိန်ပေးဖြစ်တယ်။ အမြဲတမ်းကြီး မဟုတ်ရင်တောင် တစ်ပတ် ကို ၂ရက်၊ ၃ရက်လောက် သူ့အနားမှာ နေပေးတယ်။ တစ်ခါတလေ အရမ်း ခရီးမဝေးဘူး ဆိုရင်တော့ ခေါ်သွားဖြစ်တာပေါ့။ တအားဝေးတဲ့ ခရီးတွေ ဆိုရင်တော့ မခေါ်ဖြစ်ဘူး။ အလုပ်ကလည်း မလုပ်လို့က မရဘူး။ အခုခေတ်က အဖေရော၊ အမေရော ရှာမှဝင်ငွေက လုံလောက်တာ ဆိုတော့လေ။ သမီးအတွက် ကျောင်းစရိတ်တွေ ကအစ အစ်မတို့က စုရဆောင်းရတယ်။ အဲဒီအတွက်ကြောင့် အလုပ်တွေ ၂ဆ၊ ၃ဆ ပိုလုပ်ဖြစ်တာပေါ့နော်။ အဲဒီအတွက် ကြီးလာလို့ ရှိရင် သမီးလေး နားလည်လိမ့်မယ် လို့ထင်ပါတယ်”လို့ သူမတို့ သမီးလေးအကြောင်းကိုပြောပြပါတယ်။
တဖြည်းဖြည်းနဲ့ ကျောင်းနေ အရွယ်ကို ရောက်လာတော့မယ့် သမီးလေး အတွက်ကိုကော ဘာတွေ သင်ကြားမှုတွေ လုပ်ဖြစ်နေပြီလဲ ဆိုတော့ “အိမ်မှာရှိနေရင် အဘိုး၊ အဘွားတွေက သင်ပေးတယ်။ အခုဆိုရင် မြန်မာစာကို ကကြီးကနေ အအထိကိုရသွားပြီ။ အင်္ဂလိပ်စာ ဆိုရင်လည်း အတန် အသင့်တော့ ရနေပြီ။ အစ်မကတော့ သူ့ကို အိမ်မှာပဲ Self Study  အနေနဲ့ သင်ပေးတယ်။ ကဗျာတွေ၊ အရုပ်တွေ ဘယ်လိုဆော့ရသလဲ ဆိုတာက အစပေါ့။ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုက အစပေါ့” လို့ ချမ်းချမ်းကပြောပါတယ်။ အနုပညာ လှုပ်ရှားမှုနဲ့ပတ်သက်လို့က တော့ ချမ်းချမ်းက အောက်တိုဘာလ ပထမအပတ်ထဲမှာ သူမရဲ့ တစ်ကိုယ်တော် အခွေကို ထွက်နိုင်ရှိဖို့ ကြိုးစားနေကြောင်း လည်း ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here