ဇာတ်ကားတွေမရိုက်ကူးရတော့တဲ့အတွက် ၀မ်းရေးအတွက် အိမ်ဆိုင်ဖွင့်ပြီး ရုန်းကန်နေရတဲ့ ဦးမန်းဝင်း

0
176

ဆီးချိုရောဂါဝေဒနာခံစားနေရတဲ့ လူရွှင်တော် ကြီးဦးမန်းဝင်းက ဆီးချိုရောဂါအတွက်ဆေးဝါးတွေ သောက်သုံးနေရရင်းနဲ့ ကျောက်ကပ်ကျုံ့လာတာကိုပါ ခံစားလာရပြီး အခုလက်ရှိအချိန်မှာတော့ ကျောက် ကပ်ဆေးနေရတယ်လို့ သိရပါတယ်။ ဆီးချိုရောဂါဝေဒနာခံစားနေရတဲ့ လူရွှင်တော် ကြီးဦးမန်းဝင်းက ဆီးချိုရောဂါအတွက်ဆေးဝါးတွေ သောက်သုံးနေရရင်းနဲ့ ကျောက်ကပ်ကျုံ့လာတာကိုပါ ခံစားလာရပြီး အခုလက်ရှိအချိန်မှာတော့ ကျောက် ကပ်ဆေးနေရတယ်လို့ သိရပါတယ်။

“ဦးမန်းကကုသိုလ်ကံ ကောင်းပါတယ်။ လူရွှင် တော်အဖွဲ့ကလည်းတစ်နှစ်တစ်ခါကန်တော့တယ်။ ကျောက်ကပ်ဆေးဖို့အတွက် ရာသက်ပန်အလှူရှင်တွေ ရှိတယ်။ ပြီးတော့ဆေးဝါးအတွက်ကျတော့လည်း ရုပ်ရှင်မင်းသမီး ပိုင်ဖြိုးသုတို့ မိသားစုက ရာသက်ပန် အလှူရှင်ပေါ့။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ သူ့ရဲ့ရောဂါနဲ့ ပတ်သက်ပြီး ဦးမန်းဝင်းက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဦးမန်းဝင်းကို ဇာတ်ကားရိုက်ကူး မှုတွေအတွက် လာရောက်ခေါ်ယူကြတော့ခြင်းမရှိ တော့တဲ့အတွက်သူ့အနေနဲ့ အိမ်မှာအိမ်ဆိုင်လေးဖွင့် လှစ်ထားပြီး ဝမ်းရေးအတွက် ဖြေရှင်းနေရတယ်လို့ ပြောပြပါတယ်။ “မခေါ်ဘူးဆိုတာကလည်း ဒါကစီးပွားရေးကိစ္စ ပဲလေ။ ဦးမန်းကဒါကိုစိတ်ဆိုးလို့မရဘူးလေ။ ဦးမန်း ကအလုပ်မရှိရင်မနေတတ်တဲ့အခါကျတော့ အိမ်ရှေ့မှာ လက်ဖက်ခြောက်၊ ထီး၊ ပြီးတော့ ဦးမန်းအမျိုးသမီး ကိုယ်တိုင်ချည်ထိုးလုပ် ပိုက်ဆံအိတ်လေးတွေ ထိုင် ရောင်းနေရတာပေါ့။ တစ်နေ့တစ်နေ့လည်း ရောင်းရတဲ့ နေ့ရောင်းရ တယ်။ တစ်ခါတစ်ခါလည်း ဈေးဦးတောင် မပေါက်ဘူး။ အဆင်မပြေပါဘူး။ အလှူရှင်တွေရှိလို့ပေါ့။ အလှူရှင် တွေသာမရှိရင် ဦးမန်းကိုတွေ့မြင်ရတော့မှာမဟုတ်ဘူး။ အခုလောက်ဆို အရိုးဆွေးနေလောက်ပြီ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲကွယ်။ လက်ဖက်ခြောက် တစ်ထုပ်မှာ ကျပ်၂ဝဝ၊၃ထုတ်မှ ၅ဝဝလေ။ဆိုင်ကသေး တော့ ဈေးဦးကလည်း မပေါက်ဘူး”လို့ သူ့ရဲ့လက်ရှိ စီးပွားရေးနဲ့ပတ်သက်လို့ ဦးမန်းဝင်းက ပြောပါတယ်။ လူရွှင်တော်ကြီးဦးမန်းဝင်းက လူရွှင်တော်သက် ကြီးပူဇော်ပွဲကို တက်ရောက်ကန်တော့ခံခဲ့ပြီး သူ့အနေ နဲ့လည်း လူငယ်လူရွှင်တော်တွေရဲ့ သိတတ်မှုအပေါ် ပီတိတွေဖြစ် နေတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။

“ဦးတို့ရဲ့အသက်တွေက မီးစာကုန်ဆီခန်းဖြစ်နေ ပြီလေ။ ရေတွင်းထဲမှာကျနေတဲ့ ဖားလေးကိုအပေါ်ကို ဆွဲတင်လိုက်သလိုပါပဲ။ ဝမ်းလည်းဝမ်းသာတယ်။ ဦးတို့ ခေတ်ကာလတုန်းက ပရဟိတဆိုတာလည်း မရှိဘူး။ ကူညီပံ့ပိုးမှုတွေကလည်း ရှားတယ်။ အခုလူငယ်လေး တွေက သူတို့အင်နဲ့အားနဲ့ လုပ်ဆောင်နေကြတာဆိုတော့ ဝမ်းသာမိတယ်”လို့ ပြောပါတယ်။

 လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here