သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ် ကြိုးစားနေဆဲလူငယ်တစ်ယောက်ပါ ယဉ်လတ်

0
348

‘သရာစောထိ’ ရုပ်ရှင်ဇာတ် ကားမှာ ‘ နော်ပဲလှော်’ဆိုတဲ့ ဇာတ် ကောင်နေရာကနေ ပါဝင်သရုပ် ဆောင်ထားသူကတော့ မင်းသမီး လေး ယဉ်လတ်ပဲဖြစ်ပါတယ်။ တိုက် ကွမ်ဒို ခါးပတ်နက်ရရှိထားသူ မင်း သမီးလေးက အက်ရှင်ဆန်ဆန် ဇာတ်ကားမျိုးတွေ ရိုက်ကူးလေ့ရှိပြီး ‘သရာစောထိ’ ရုပ်ရှင်ဇာတ်ကား မှာလည်း သူမပါဝင်သရုပ်ဆောင် ထားတဲ့ အခန်းတွေမှာ ဖိုက်တင်ခန်း တချို့ပါဝင်တယ်လို့ ဆိုပါတယ်။

‘သရာစောထိ’ ရုပ်ရှင်ဇာတ် ကားမှာ ‘နော်ပဲလှော်’ ဆိုတဲ့ ဇာတ် ကောင်နေရာကနေ ပါဝင်သရုပ် ဆောင်ထားသူကတော့ မင်းသမီး လေး ယဉ်လတ်ပဲဖြစ်ပါတယ်။ တိုက် ကွမ်ဒို ခါးပတ်နက်ရရှိထားသူ မင်း သမီးလေးက အက်ရှင်ဆန်ဆန် ဇာတ်ကားမျိုးတွေ ရိုက်ကူးလေ့ရှိပြီး ‘သရာစောထိ’ ရုပ်ရှင်ဇာတ်ကား မှာလည်း သူမပါဝင်သရုပ်ဆောင် ထားတဲ့ အခန်းတွေမှာ ဖိုက်တင်ခန်း တချို့ပါဝင်တယ်လို့ ဆိုပါတယ်။  “အတွေ့အကြုံတွေကတော့ အများကြီးပါ။ ပညာတွေလည်း အများကြီးရပါတယ်။ အခက်အခဲ တွေလည်း အများကြီးရပါတယ်။ နောက်ပြီးတော့ ညီမတို့သွားရောက် ရိုက်ကူးတဲ့နေရာဒေသကတော့ လျှပ် စစ်မီးလည်း မရှိဘူး။ မီးမရှိဘဲနဲ့လည်း အကောင်းဆုံးရိုက်ကူးခဲ့ရတယ်။

ပြီး တော့ ရာသီဥတုဒဏ်တွေနဲ့ အခက် အခဲတွေ အများကြီးရှိတယ်။ အဲဒီ ဒေသက လိုကေးရှင်းကတော့ အရမ်း လှတယ်။ ‘သရာစောထိ’ ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့ တဲ့အတွက် ပညာတွေအများကြီး ရရှိ ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကလေးတစ်ယောက်လို၊ သမီးလေး တစ်ယောက်လို ဝိုင်းဝန်းပြီး လက်တွဲ ခေါ်တဲ့အတွက် အရမ်းပဲပီတိဖြစ် ပါတယ်”လို့ ယဉ်လတ်ကပြောပါတယ်။ ဇာတ်ကားရုံတင်ပြသလို့ ပရိသတ်တွေ ကြည့်ရှုတဲ့အခါ ယဉ်လတ်ကို သေချာ ပေါက် ပရိသတ်အကြိုက် တွေ့စေ လိမ့် ထင်တယ်လို့ဆိုတော့သူမက ရယ်လျက်ပြန်စကားဆိုတာကတာ့ “ညီမက အခုချိန်မှာ သရုပ် ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေဆဲလူငယ်တစ်ယောက်ပါ။ ဒီဇာတ်ကားကြီးကြောင့် ညီမကို ပရိသတ်က အသိအမှတ်ပြုတယ်။

ညီမကြိုးစားမှုကို လက်ခံပေးတယ် ဆိုလို့ရှိရင် ညီမကျေနပ်ပါပြီ” လို့ ပြောပါတယ်။        ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေး၊ မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးတို့နဲ့ စာချုပ်ချုပ်ထားပြီး ဗီဒီယိုရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးလျက်ရှိတဲ့ ယဉ်လတ်က အပြင် ထုတ်လုပ်ရေး တိုက်တွေက ကမ်းလှမ်းလာတယ် ဆိုလို့ရှိရင်လည်း လက်ခံရိုက်ကူး နေကြောင်း သိရပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ယဉ်လတ်


LEAVE A REPLY

Please enter your comment!
Please enter your name here