သားစိုး ပြောပြတဲ့ ပန်းသီးလေး အကြောင်း

0
210

အဆိုတော် သားစိုး နဲ့ဇနီးဖြစ်သူ မထက်ထက်ခိုင်တို့ ဟာ “ပန်းသီးလေး” ဆိုတဲ့ ချစ်စဖွယ်သားလေး တစ်ဦးကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပန်းသီးလေး ဟာ အခု ဆို အသက် ၄ နှစ်အရွယ်ရောက်ရှိနေပြီဖြစ်ပြီး ဖခင် ဖြစ်သူနီးတူ အနုပညာဗီဇလည်းပါရှိကာ ဖခင် ဖြစ်သူ နဲ့အတူ ဂီတပွဲတွေမှာလည်း တစ်ခါတရံ လိုက် ပါဖျော်ဖြေတာ မြင်တွေ့ရပါတယ်။ သားစိုးတို့ ဇနီး မောင်နှံကလည်း အလုပ် များကြသူတွေဖြစ်တာကြောင့် ပန်းသီးလေးကို အိမ်မှာ ထားရစ်ခဲ့ပြီး ခရီးတွေ ထွက်ခွာ ကြရတဲ့အခါလည်း ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ သားစိုး တို့က အိမ်မှာ CCTV တပ်ဆင်ထားပြီး သူ့သားလေးရဲ့ စားသောက် နေထိုင်မှုတွေကို အိမ်မှာပြန်ကြည့်တယ်လို့  သိရပါတယ်။

အဆိုတော် သားစိုးနဲ့ဇနီးဖြစ်သူ မထက်ထက်ခိုင်တို့ ဟာ “ပန်းသီးလေး” ဆိုတဲ့ ချစ်စဖွယ်သားလေး တစ်ဦးကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပန်းသီးလေး ဟာ အခု ဆို အသက် ၄ နှစ်အရွယ် ရောက်ရှိနေပြီဖြစ်ပြီး ဖခင် ဖြစ်သူနီးတူ အနုပညာဗီဇလည်း ပါရှိကာ ဖခင် ဖြစ်သူ နဲ့အတူ ဂီတပွဲတွေမှာလည်း တစ်ခါတရံ လိုက် ပါဖျော်ဖြေတာ မြင်တွေ့ရပါတယ်။ သားစိုးတို့ ဇနီး မောင်နှံကလည်း အလုပ် များကြသူတွေဖြစ်တာကြောင့် ပန်းသီးလေးကို အိမ်မှာ ထားရစ်ခဲ့ပြီး ခရီးတွေ ထွက်ခွာ ကြရတဲ့အခါလည်း ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ သားစိုး တို့က အိမ်မှာ CCTV တပ်ဆင်ထားပြီး သူ့သားလေးရဲ့ စားသောက် နေထိုင်မှုတွေကို အိမ်မှာပြန်ကြည့်တယ်လို့  သိရပါတယ်။

  “ကျွန်တော်တို့ အပြင်တွေ ဘာတွေ သွားတဲ့အခါကျရင် အိမ်မှာသူ့ ကို သူ့အစ်မတွေ နဲ့ထားခဲ့ရတယ်။ အဲဒီ အခါကျ  တော့ CCTV တပ်ဆင် ထားတာရှိတယ်။ သူစားတာသောက် တာက အစနည်းလား များလား။ နေထိုင်ကောင်းလား စသဖြင့်ကို ပြန်ကြည့်တယ်။ တစ်ခုခုလိုရင် နောက်တစ်ခါ မဖြစ်အောင် ပြန်ဆင်ခြင်တယ်။ အိမ်မှာရှိတဲ့ ညီမလေးတွေ ကလည်း သူ့ကို ဂရုစိုက်ကြပါတယ်။ သူ့တို့ကိုလည်း သေချာ ပြောထားတယ်။ အိပ်တာ၊ စားတာ အချိန်မှန်ဖို့၊  ဆော့တဲ့ အ ချိန်၊ ကစားတဲ့အချိန် စသဖြင့် ခွဲထားတယ်” လို့ သားစိုးက ဆိုပါတယ်။
သားစိုးတို့ မိသားစုက ကလေးကို အစားအသောက် ဂရု တစိုက် စားစေချင်တဲ့ အတွက် အပြင်အစားအစာတွေ ထက် အိမ် မှာပဲသေချာ ချက်ပြုတ်ပြီး ကျွေးမွေးဖြစ်တယ်လို့လည်း သိရပါ တယ်။ “သူက ငါးတွေ၊ ပုဇွန်တွေ ကြိုက်တယ်။ ပြီးတော့ သူ့ကို အစား အစုံကျွေးတယ်။ ထမင်းလည်း များများဝင်အောင် ကျွေး တယ်။ အခု သူဆိုရင် ရွယ်တူတွေထဲမှာ သူကထွား ကြိုင်းတဲ့အထဲပါတယ်။ အဲဒါက သူ့ကို အစားအစုံ ကျွေးလို့ပါ။ တည့်တာ မှန်သမျှပေါ့။ သူ့ကိုအခု ကျောင်း စထားနေပြီ။ သူ့ကို ဘာဖြစ်ရမယ်၊ ညာ ဖြစ်ရမယ် မှန်း ထားတာ မရှိပါဘူး။ အဓိကကသူ့ကို ပညာတတ်အောင် သင်ပေးမယ်။ ဦးနှောက်ရှိအောင် သင်ပေးမယ်ပေါ့။ ကလေးအရွယ်မှာက မိဘနဲ့ အတူတူ အနီးကပ်နေတာ ပိုကောင်းပါတယ်။ နောက်ပိုင်းကျရင် မိဘနဲ့နေတဲ့ အချိန်ထက် ကျောင်းသွားရမယ့် အချိန်တွေက ပိုများလာ မယ်။ အဲဒီအတွက် ကျောင်းတွေမှာလည်း ပညာရေး အပြင် အစစအရာရာ ကလေး တစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ သင်ကြားမှုမျိုး ရှိသင့်ပါတယ်” လို့ သားစိုးက ပြောပြပါ တယ်။ “သူက အိမ်မှာ Star War ဇာတ်လမ်းတွဲတွေ ကြည့်တာ များတယ်။ တကယ်တမ်း  Star War ဇာတ် လမ်းတွဲတွေက ကြည့်ရင် တကယ်ကောင်းပါတယ်။သူက လူ့လောကအကြောင်း အရာတွေပါပါတယ်။ ကလေးတွေ အနေနဲ့လည်း လူ့လောက အကြောင်းကို ငယ်ငယ်နဲ့သိနိုင် တယ်။ ကျွန်တော်ကလည်း ကြည့်ရင်း နဲ့ သူ့ကို ရှင်းပြရတာ ပေါ့။ သူ့အနေနဲ့လည်း ဒါကိုကြည့်တဲ့ အတွက် သူ့ရဲ့ Eng Skill တွေရော၊ တခြား အပိုင်းတွေပါ တိုးတက်လာပါတယ်” လို့ သားစိုးက ဆက်လက် ပြောပြခဲ့ပါတယ်။

P054


LEAVE A REPLY

Please enter your comment!
Please enter your name here