Brain Study Camp IV 2017-18 စာသင်ပွဲ ဒီဇင်ဘာလတွင် ပြုလုပ်မည်

0
285

BRAND’S  ရဲ့ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေ ဆိုကြမယ့် ကျောင်းသား ကျောင်းသူ များအတွက် ရည်ရွယ်ပြီး ပြုလုပ်မယ့် BRAND’S BRAIN STUDY CAMP IV 2017-18 စာသင်ပွဲကြီး အကြောင်း စာနယ်ဇင်း အသိပေး ရှင်းလင်းပွဲကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရှိ Junction City စင်တာမှာ ကျင်း ပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် Brand’s Brain Study Camp III 2016 -17 စာသင်ပွဲကြီးမှာ တတ် ရောက်ခဲ့ကြတဲ့ကျောင်းသား ကျောင်း သူ ၁၂ဝဝဦးကျော်လည်း တတ် ရောက်ခဲ့ကြပါတယ်။ အဆိုပါ အခမ်း အနားမှာ စိုင်းစိုင်းခမ်းလှိုင်က အား ပေးစကား ပြောကြားရာမှာတော့……

“တစ်နှစ်ထက် တစ်နှစ် ပိုပြီး တော့ ကျောင်းသား ကျောင်းသူတွေ ပိုများလာတယ်လို့ သိရပါတယ်။ ပိုပြီးတော့ စိတ်ဝင်စား လာကြတယ်။ အဲဒီအတွက်လည်း အများကြီး ဝမ်းသာပါတယ်။ ဒီနှစ်မှာလည်း ပိုများလာတယ်လို့ သိရတဲ့အတွက် လည်း ပိုဝမ်းမြောက်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က အားပေးစကား ပြောခဲ့ပါတယ်။

အဲဒီနောက်မျာတော့ မနှစ်က Brand’s Brain Study Camp III 2016 -17 တတ်ရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲမျာ ဂုဏ်ထူး အသီးသီးနဲ့ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူ များကို ဂုဏ်ပြုလက် ဆောင်ဆု အသီးသီး ချီးမြှင့်ခဲ့ကြပါ တယ်။ ဒီနှစ်မှာ ပြုလုပ်မယ့် Brand’s Brain Study Camp IV 2017 – 18 ကတော့Brand’s ရဲ့ လေးကြိမ် မြောက် စာသင်ပွဲကြီးလည်း ဖြစ်ပါ တယ်။အဆိုပါစာသင်ပွဲကြီးမှာ တက် ရောက်လိုသူ ကျောင်းသား ကျောင်း သူများ အနေနဲ့ စက်တင်ဘာ လ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အ တွင်း Pahtama Group အမှတ် ၃၈ (ဗ) ဘုရင့် နောင်လမ်း မြောက် ဒဂုံ ရန်ကုန်မြို့မှာ စာရင်းပေးသွင်းနိုင် ကြောင်း သိရပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here