သားသမီးရဲ့ အနာဂတ်ကိုတော့ ကြိုတွေးပြီး စီးပွားရေးတော့ လုပ်ရလိမ့် မယ် ကျော်ကျော်ဗို

0
217

သရုပ်ဆောင် ကျော်ကျော်ဗိုက ဦးလေးဖြစ်သူ ရွှေမန်းဦးချမ်းသာရဲ့ သဘင် သက်နှစ် ၄ဝ ပြည့် အမှတ်တရပွဲကြီးမှာ နှင်းဆီ အဖွဲ့သားများဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး တို့နဲ့အတူ “အောင်ပါ စေ” သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီလိုဦးလေး ဖြစ်သူရဲ့ ဖျော်ဖြေပွဲမှာ တစ်ဖက် တစ်လမ်းကနေ ပါဝင် ကူညီခွင့်ရပေမယ့် ကိုယ့်ကိုယ်ကိုယ် အားမလို၊ အားမရ ဖြစ်ခဲ့ရတာတွေ ရှိတယ်လို့ ကျော်ကျော်ဗို က ဆိုပါတယ်။ ကျော်ကျော်ဗိုက သရုပ်ဆောင် ကျော်ကျော်ဗိုက ဦးလေးဖြစ်သူ ရွှေမန်းဦးချမ်းသာရဲ့ သဘင် သက်နှစ် ၄ဝ ပြည့် အမှတ်တရပွဲကြီးမှာ နှင်းဆီ အဖွဲ့သားများဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့နဲ့အတူ “အောင်ပါ စေ” သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီလိုဦးလေး ဖြစ်သူရဲ့ ဖျော်ဖြေပွဲမှာ တစ်ဖက် တစ်လမ်းကနေ ပါဝင် ကူညီခွင့်ရပေမယ့် ကိုယ့်ကိုယ်ကိုယ် အားမလို၊ အားမရ ဖြစ်ခဲ့ရတာတွေ ရှိတယ်လို့ ကျော်ကျော်ဗို က ဆိုပါတယ်။ ကျော်ကျော်ဗိုက  “ကျွန်တော့်ရဲ့ဦးလေးပွဲဆိုတော့ ကျွန်တော် ပါဝင်ပေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်တာ် ကိုယ့်ကိုယ်ကိုယ် တအား အားမလိုအားမရ ဖြစ်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ ကျွန်တော့်မှာ ဇာတ်တိုက်ချိန်မရှိခဲ့ဘူး။ တကယ်ဆို ဦးလေး အတွက် ကျွန်တော် ဒီ့ထက် အများကြီး လုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဇာတ်တိုက်ချိန် မရှိခဲ့တဲ့အတွက် သီချင်းလေးနဲ့ပဲ ဂုဏ်ပြု လိုက်ရတယ်။ ဒါကြောင့် ကျွန်တော့် ကိုယ် ကျွန်တော် အားမရ ခဲ့တာပါ။ ဦးချမ်းတို့ ရန်ကုန်မှာ ဇာတ်တိုက်နေတဲ့ အချိန် ကျွန်တော် နယ်မှာ ဇာတ်ကား ရိုက်ကူးမှုတွေ ဆက်နေတယ်။ ပရိသတ် ရှေ့မှောက်မှာ တင်ဆက်တဲ့အခါ ဇာတ်မတိုက်ထားပဲ နဲ့လည်း တက် ပြီးမကချင်ဘူး။ ဒါကြောင့် ဦးချမ်း စီစဉ်ပေးထားတဲ့ သီချင်း လေးတွေကိုပဲ နှင်းဆီအဖွဲ့က သူငယ်ချင်းတွေနဲ့ အပိုက်လေး တွေခွဲပြီး သီဆိုပေး ဖြစ်ခဲ့ပါတယ်။ ဂုဏ်ပြုဖြစ်ခဲ့တာပါ”လို့ ပြောပါ တယ်။
လတ်တလော ကျော်ကျော်ဗိုရဲ့အနုပညာ လှုပ်ရှားမှုကတော့ Rose Rider ရုပ်ရှင်ဇာတ်ကားကြီးကို နှင်းဆီအဖွဲ့နဲ့ အတူ ရိုက်ကူးလျက် ရှိနေပြီး ဒီဇာတ်ကားမှာ ပါဝင်ရတဲ့ ဇာတ်ရုပ်ကာရိုက် တာ အတွက် ဆံပင်အရှည် စတိုင် အသစ်တစ်မျိုး ထားထားပါတယ်။ ကျော်ကျော် ဗိုအနေ နဲ့ကတော့ဖန်တီးမယ့် အနုပညာအလုပ်တွေ အတွက် အချိန်ပေးနေပြီး တခြားစီးပွားရေး လုပ်ငန်း လုပ်ကိုင်ဖို့ အစီအစဉ်မရှိ သေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မိသားစု အတွက်တော့ တစ်ချိန်ချိန်မှာ လုပ်သွား မယ်ဆိုတဲ့ ကျော်ကျော်ဗို က      “စီးပွားရေးက ကျွန်တော် လုပ်ချင်ပါတယ်။ ဘယ်ကစ လုပ်ရမှန် မသိတာပါ။ အနုပညာ သမား ဆိုတော့ လည်း ကျွန်တော့်ခေါင်းထဲ မှာ အချိန်ပြည့် ဖန်တီးမှု တစ်ခုပဲရှိနေတာ ဆိုတော့ စီးပွားရေးကလုပ် တော့ လုပ်မယ်။ အခုအချိန်ထိ ဘယ်က စရမှန်း မသိသေးတာပါ။ ခေါင်းထဲ မှာလည်း ဒီကိစ္စအတွက် သိပ်အချိန် မပေးနိုင်သေးတာပါ။ ဒါပေမဲ့ မိသားစုရှိ တယ်။ သားသမီး ရှိတဲ့ အတွက် သားသမီးရဲ့အနာဂတ်ကိုတော့ ကြိုတွေးပြီး စီးပွား ရေးတော့ လုပ်ရလိမ့် မယ်။ အခုတော့ Country Home ဆိုတဲ့ ကော်ဖီ ဆိုင်လေးကို ကျွန် တော့်အမျိုး သမီးဇာဇာ ရယ်၊ သူငယ်ချင်းရယ်၊ ညီမလေး တစ်ယောက် ရယ်ပေါင်းပြီး ဖွင့်လှစ် ထားတယ်။ ဒီဆိုင် လေးကတော့ ကျွန်တော် တို့သူငယ်ချင်း တွေတွေ့ ဆုံကြ တဲ့အခါ အနုပညာ အကြောင်းဆွေး နွေးတာ မျိုး၊ အေးချမ်းတဲ့ နေရာ လေး တစ်နေရာရ ပါ တယ်”လို့ပြောပြပါ တယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here