အသံပိုင်းဆိုင်ရာ Studio One Software

0
92

Studio One Software အဖြစ်ဆုံးလို့ ဆိုရပါမယ်။ June -2017 Latest Version ပါ။ Studio one  က အသံကို အထူးပြုပါတယ်။ အသံအတွက် အလွန်အရေးပါတဲ့ Software တစ် မျိုးပါ။ ကျွန်တော်တို့မြန်မာ့ရုပ်ရှင် ဟာ Digital ကမ္ဘာကြီးထဲကို ထဲထဲ ဝင်ဝင်ရောက်ရှိနေပါပြီ။ ရုပ်သံအ ရည်အသွေး မြင့်မားလာပြီဖြစ်တဲ့ အတွက် အသံပိုင်းဆိုင်ရာ နည်းပညာမှာ အထူးဂရုစိုက်စရာ တွေ များလာပါပြီ။

ဖလင်ခေတ်မကုန်ခင်အချိန်က ရွှေကြက်ဖရုပ်ရှင်ပွဲတော်သို့ ဖိတ်ကြားခံ ရတဲ့ အနုပညာရှင်သုံး ဦးတက်ရောက်ခဲ့တယ်။ အဲဒီပွဲမှာ တရုတ်ရုပ်သံပညာရှင်တစ်ဦးက မြန်မာ့ရုပ်ရှင်မှာ အသံပိုင်းအ လွန်အားနည်းကြောင်း၊ နှိမ့်ချဝေ ဖန်ခံရဖူးပါတယ်။ ခု Digital ခေတ်မှာတော့ နည်းပညာက အရေးပါ အရာရောက်ဆုံးပါ။ အသံ ကိစ္စအမျိုးမျိုးကို အစွမ်းကုန် ကြိုးစား နေကြပြီ။

ခုလိုအချိန်မှာ up to date software တွေ လေ့လာအသုံးပြုဖို့ ကြိုးစားနေရချိန်မှာ ရုပ်သံကိစ္စ အတော်အတန် တိုးတက်နေပါပြီ။ ယခုလေ့လာတွေ့ရှိတဲ့ studio one software က ရုပ်ရှင်ရဲ့ အသံပိုင်း အရည်အသွေးကောင်းမွန်ရေးမှာ အထူးအရေးပါတာကို လက်တွေ့ ကျင့်သုံးပြီး ကောင်းမွန်တဲ့အဖြေ၊ ရလဒ်ပေါ်တာကို ကြုံခဲ့ရပါပြီ။

Studio one software ကို DAW လို့ ညွှန်းထားပါတယ်။Digital Audio Work Station  ပေါ့။ ၂ဝဝ၆ ခုနှစ်မှာ ဒီနည်းပညာကို စတင်တီထွင်တာပါ။ တီထွင်သူ နည်းပညာရှင်နှစ်ဦးမှာ Matthias duwell နဲ့ Wolfgang kundrus တို့ ဖြစ်ပါတယ်။ ယင်းကုမ္ပဏီမှာ PerSonus    ဖြစ်ပြီး 2011-oct-18 နေ့တွင် Version-2 ကို ထုတ်လုပ် ဖြန့်ချိနိုင်ခဲ့တယ်။Version -2 တွင် Features အသစ်များစွာ ပါဝင်လာ ခဲ့တယ်။ Version-3 ကိုတော့ 2015-May-20 မှာ ထွက်ရှိလာပါ တယ်။ နောက်ဆုံး Version က တော့ 23-May – 2017 မှာ ထွက်ရှိ ခဲ့ပါတယ်။

 O/S, Operation system ၂ မျိုး ရှိပါတယ်။ ယင်း၂မျိုးကို လေ့လာ ကြည့်တဲ့အခါ Apple နဲ့ Microsoft နှစ်ခုစလုံးမှာ အသုံးပြုလို့ရပါတယ်။ Mac OS/ Apple ကို ကိုယ်စားပြုပါ တယ်။ နောက်တစ်မျိုးက microsoft windows ပါ။ ယင်းနှစ်မျိုးလုံးကို support လုပ်ပါတယ်။ အားသာချက် ကတော့ Mac OS Apple က ပိုပြီး ကောင်းပါတယ်။ ဂီတမှူးကိုသက် (oasis)ရဲ့ စက်ပေါ်တင်ပြီး  လက်တွေ့လုပ်ကိုင် ခဲ့ရာမှာတော့Software ရဲ့ အားသာချက်တွေကို တွေ့ရှိခဲ့ရတယ်။

Studio One Software  က အသံပိုင်းဆိုင်ရာ အားလုံးပေါ်မှာ အရေးပါတဲ့ Software တစ်မျိုးပါ။ ရုပ်ရှင်သီချင်းသွင်းခြင်း၊ နောက်ခံ Film Scole တီးခြင်း၊Sound Design ပြုလုပ်ခြင်း၊ အသံများကို Mixing လုပ်ရာတွင် အလွန်ပံ့ပိုးပေး နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။

အားသာချက်များကတော့ အခြားအသံသွင်းထားတဲ့အပေါ်မှာ ကြိုက်နှစ်သက်ရာ အသံတုများ ထပ်မံဖြည့်စွက်လို့ရပါတယ်။ Mixing သီးသန့်လုပ်စရာမလို၊ Editing တည်းဖြတ်ခြင်းနှင့်ရောပြီးMixing ကိုပါ ဒီ Software တင်ပြီး တစ်ပြိုင် တည်းလုပ်ဆောင်လို့ရပါတယ်။

Software အသုံးပြုခိုက်မှာ CPU ဘယ်လောက်သုံးနေလဲ၊memory ဘယ်လောက်အသုံးပြုနေ လဲဆိုတာ Software ပေါ်မှာ လှမ်း ကြည့်လို့ရပါတယ်။ အောက်ခြေတစ် နေရာမှာ ဖော်ပြထားပါတယ်။

  နောက်ထပ်အားသာချက်တွေ လဲရှိပါတယ်။ အဲဒါက Plugings လုပ်ငန်းဆောင်တာအသစ်များ လုပ်လို့ရအောင် တိုးချဲ့ပေးတဲ့ Program ညွှန်ကြားထားပါတယ်။ အဲဒီရေးဆွဲထားတဲ့အပေါ်မှာ လုပ်ရ မှာပါ။ တူရိယာအမျိုး၃ဝ ထပ်ထည့် လို့ရတယ်။ Virtual အတု ၅မျိုး ထပ် ထည့်လို့ရပါသေးတယ်။ ဂစ်တာ Effect အမျိုး ၃ဝလောက်ဒီ Software ပေါ်မှာ ထပ်ထည့်နိုင်ပါတယ်။  ကဲဗျာ အသံအတွက် အားသာ ချက်တွေများ အားရှိစရာပဲ။ အရေး ကြီးတာ Idea ပါ။ Good Idea တွေ တွေးခေါ်စဉ်းစားအားထုတ်နိုင်လို့ ကတော့ အသံပိုင်းဆိုင်ရာမှာ သူများ နဲ့မတူ၊ ထူးခြားပြီးရင်း ထူးခြားနေမှာ ပါ။

ကြိုးစားအားထုတ်မှုဆိုတာ ဘယ်တော့မှ နည်းမသွားဘူး။ ရှေ့သို့ လှမ်းတက်ခြင်းဖြင့် အောင်မြင်မှု ကမ္ဘာဆီသို့ သွားကြပါစို့။

ဒါရိုက်တာ မောင်ဗေဒါ

 


LEAVE A REPLY

Please enter your comment!
Please enter your name here