ပရိသတ်တွေ မြင်တွေ့ချင်တဲ့ မိသားစု ဘဝလေး တည်ဆောက်ဖို့ နီးစပ်လာပါပြီ နေတိုး

0
302

7th Sense Production နှင့် Story book Production တို့ ပူးပေါင်း စီစဉ်တင်ဆက်ပြီး ဒါရိုက် တာ သြရသ ရိုက်ကူးမယ့် “မုန်းစွဲ” ရုပ်ရှင်ဇာတ် ကားကြီးမှာ အကယ်ဒမီ နေတိုး ( နှစ်ကိုယ်ခွဲ ) ငယ်ဘဝသရုပ် ဆောင်ရန် ယောက်ျားလေး ကလေး အမြွှာညီအစ်ကို နှစ်ဦးကိုခေါ်ယူ ရွေးချယ်သွားမယ် လို့သိရပါမယ်။ ဒီလိုခေါ်ယူသွားဖြစ်ပုံ နဲ့ ပတ်သက်ပြီး “ကျွန်တော့်ရဲ့ငယ်ဘဝ ဆိုတာထက် ကိုရင်ဝတ်ရမယ့် ငယ်ဘဝ ဇာတ်ကောင် အမြွှာလေး ဖြစ်နေတော့ တကယ့် သရုပ်ဆောင်တွေ ထဲမှာ ရှာရတာ မလွယ်ဘူး ဖြစ်နေတဲ့အတွက် အပြင် သရုပ်ဆောင်တွေ စိတ်ဝင်စား မှု ရှိတယ်ဆိုရင် ၁ဝနှစ် ၁၁ နှစ်ဝန်း ကျင် ဒါမှမဟုတ်လည်း ၁ဝနှစ် အောက် ၇နှစ် ၈နှစ် ဝန်းကျင်လောက် ပေါ့။ ဘယ် အရွယ်အစား ရမယ်တော့ မသိသေးဘူး။ အဲဒီ အပေါ်မှာ မူတည် ပြီး ရိုက်ကူးသွားမှာပေါ့။ အသက် အတိအကျ မလိုဘူး။ ငယ်တဲ့အရွယ် ကိုရင်ဝတ်တဲ့ ၇ နှစ် ၈ နှစ် အရွယ်ဆိုရင် အဆင်ပြေပါတယ်။ “မုန်းစွဲ” ဇာတ်ကားက ဘာသာ ရေးနဲ့ ပြီးတော့ ဘုရားဟောတရားတွေ နဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဇာတ်အိမ်ဖွဲ့ စည်းမှု လည်း ဖြစ်နေ တော့ ကျွန်တော့် အနေနဲ့ ရိုက်ကူးမှု ရက်ကို တစ်လလောက် သတ်မှတ်ထားရတဲ့ ဇာတ်ကားလည်း ဖြစ်တယ်။ ဒီဇာတ်ကားက ပရိသတ် အတွက် ထူးခြားတဲ့ တင်ဆက်မှုတွေ တန်ဖိုးရှိတဲ့ ရသတွေ အသိတွေပါဝင် နေ တဲ့ဇာတ်ကား ဖြစ်တော့ ကျွန်တော့် အနေနဲ့ အသေးစိတ်က အစ ကျွန်တော့်ရဲ့ ငယ်ဘဝ ဆိုရင်ကျွန် တော့် ရုပ် နဲ့ ၈ဝရာခိုင်နှုန်းလောက် ရုပ်ချင်းဆင်တဲ့ ကလေးလေးကို ရွေးချယ် သွားမှာဖြစ်ပါတယ်။ အကြမ်း အားဖြင့် တော့ရုပ်ကို အရင်ကြည့်မယ်။ စကားပြောတဲ့ လူတွေ့စစ်ပြီးတော့မှ ပါဝင်ရမယ့် ဇာတ်ကောင်ရဲ့ ဒိုင်ယာလောခ့် တွေကို အဆင်ပြေမပြေ ကြည့်ပြီး ရွေးချယ်သွားမှာပါ” လို့ပြောပါတယ်။ ဒီဇာတ်ကား မှာနေတိုး၊ မင်းသွေးတို့ ပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး မင်းသမီးကိုတော့ ဇာတ်ကား နဲ့လိုက်ဖက် တဲ့သူကို ရွေးချယ်နေဆဲပဲ ဖြစ်ကြောင်း သိရပါတယ်။ နေတိုးငယ်ဘဝ အဖြစ်သရုပ် ဆောင်ရန် လျှောက်ထားလိုသူများ အနေနဲ့ ပြညောမောနိငေ ၇ရုံး၊ အမှတ်၃/ဗ၊ သုခိတာလမ်း၊ ဘောက် ထော်၊ ရန်ကင်း သို့ လိပ်မူပြီး လျှောက်ထားနိုင်သလို လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပြီး ၁၂. ၉.၂ဝ၁၇ မှ ၃ဝ. ၉.၂ဝ၁၇ အတွင်းပေးပို့ လျှောက်ထားနိုင် ကြောင်း သိရပါတယ်။

၃၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ နေတိုးက ပရိသတ်တွေ သူ့ကိုမြင်တွေ့ချင်တဲ့ မိသားစု ဘဝလေး တည်ဆောက်ဖို့ အတွက် နီးစပ်လာပါပြီလို့ ဆိုပါတယ်။ “မိသားစု Life လေးကတော့ ကျွန်တော့် အနေနဲ့ဒီ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ မြင်တွေ့ဖို့ ရာခိုင်နှုန်းနီး စပ်လာပြီလို့ ပြောရမှာပါ။ ဒါပေမယ့် ပရိသတ်ကို အသိပေးမယ့် အချိန် တစ်ခုကတော့ လိုပါသေးတယ်။ ကျွန်တော်က Post Prodution လည်း လုပ်နေတယ်။ အဲဒီဘက်မှာ ရော စတူဒီယို တည်ဆောက်တဲ့ အပိုင်း မှာရော ကိုယ်တိုင် ကိုယ်ကျ ဖိဖိစီးစီး လေး ပါဝင်ရမယ့် နှစ်တစ်ခု လည်း ဖြစ်နေတယ်။ ဒီနှစ်ကတော့ အနု ပညာ နဲ့ပတ်သက်ပြီး အာရုံစူးစိုက်မှု ပိုပြီးတော့ များနေတဲ့ နှစ်တစ်ခုလို့ တော့ သုံးသပ်မိတယ်။ ကျွန်တော့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့က အချစ်ရဲ့ ဖွင့်ဟမှု အချစ်ရဲ့ခံစားမှုက နှလုံးသားနဲ့ အဓိက ရာခိုင်နှုန်း အများကြီး ဆုံးဖြတ်ဖို့ များပါတယ်။ ကိုယ်နဲ့တစ်သက်လုံး အတူနေရမယ့် ကိုယ့်ရဲ့ အိမ်ထောင်ဖက် တစ်ဦးကို ကိုယ့် ရဲ့ နှလုံးသားနဲ့ တကယ် မေတ္တာမျှပြီး ချစ်တဲ့လူကိုပဲ ရွေးချယ်သွား မှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here