သား ဂုဏ်ပြည့်စုံဖြိုး ရဲ့ မွေးနေ့အမှတ်တရ အဖြစ် ချို့တဲ့ ကလေးငယ်တွေကို အရုပ်လေးတွေ ဝေပေးသူ ဖြိုးငွေစိုး

0
185

သရုပ်ဆောင်ဖြိုးငွေစိုးနဲ့ မော်ဒယ်လ်ဇင်ဇင် တို့ရဲ့သား ဂုဏ်ပြည့်စုံဖြိုးရဲ့ ၃ နှစ်ပြည့်မွေးနေ့က တော့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်ခဲ့ ပါတယ်။ သားရဲ့ မွေးနေ့အမှတ်တရ အနေနဲ့တော့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ “တောင်ပုလုကျောင်းတိုက်” မှာ ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး သားအတွက် မွေးနေ့ ကိတ်ခွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြိုးငွေစိုးကလည်း သားရဲ့မွေး နေ့မှာ ရန်ကုန်မြို့က ချို့တဲ့တဲ့ ကလေးတွေ အတွက် အရုပ်ကလေးတွေ ဝေပေးသွားဦးမယ် လို့လည်း ဆိုပါတယ်။ သရုပ်ဆောင်ဖြိုးငွေစိုးနဲ့ မော်ဒယ်လ်ဇင်ဇင် တို့ရဲ့သား ဂုဏ်ပြည့်စုံဖြိုးရဲ့ ၃ နှစ်ပြည့်မွေးနေ့က တော့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်ခဲ့ ပါတယ်။ သားရဲ့ မွေးနေ့အမှတ်တရ အနေနဲ့တော့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ “တောင်ပုလုကျောင်းတိုက်” မှာ ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး သားအတွက် မွေးနေ့ ကိတ်ခွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြိုးငွေစိုးကလည်း သားရဲ့မွေး နေ့မှာ ရန်ကုန်မြို့က ချို့တဲ့တဲ့ ကလေးတွေ အတွက် အရုပ်ကလေးတွေ ဝေပေးသွားဦးမယ် လို့လည်း ဆိုပါတယ်။  အရုပ်လေးတွေ ဝေပေးမယ်ဆိုတာက တော့ ကျွန်တော့်စိတ်ကူးပါ။ သားငယ်ငယ်တည်း က ကျွန်တော်က အရုပ်တွေ အများကြီး ခဏ ခဏ ဝယ်ပေးတယ်။ အဲဒီအရုပ်တွေ သိမ်းထား တာတွေ ရှိတယ်။ ဒီအရုပ်တွေကို ရန်ကုန်မှာ ရှိတဲ့ ကလေးတွေ၊ အရုပ်ကလေးတွေ ရရင် ပျော်မယ် ထင်တဲ့ ကလေးတွေ၊ လမ်းမှာကြုံကြိုက်တဲ့      ကလေးတွေကို လိုက်ဝေမှာပါ။ ကျွန်တော့် သားလေးလိုပဲ ဒီနိုင်ငံမှာ ပျော်ချင်ကြတဲ့ ကလေးတွေရှိမှာပါ။ အဓိကက သူတို့လေးတွေကို ပျော်စေချင်တယ်။ ဘယ်နေရာရယ် ဆိုပြီးတော့ မဟုတ် ဘူး။ ကားနဲ့လိုက်ပြီး ပေးသွားမယ်။ မိသားစုစိတ်ကူး အနေ နဲ့ကတော့ သားအသက် ၃ နှစ်ပြည့် ဆွမ်းကျွေး အလှူလေးပေါ့။ ကလေးရဲ့ မွေးနေ့ဆိုတော့လည်း မွေးနေ့ကိတ်လေး ခွဲပေးတယ်။ မြန်မာလို အလှူလေးပါပဲ။ သား နောက်ထပ် အသက် နည်းနည်း ကြီးလာရင်၊ ၅နှစ် လောက်ရောက် ရင်တော့ သေသေချာချာ မွေးနေ့ အနေနဲ့ လုပ်ပေးဦးမှာပါ။ ဒီနေ့ လိုမျိုးမွေးနေ့လေး လုပ်ပေးတော့ ကလေးပျော်တာပေါ့။ ကျွန်တော့် ရဲ့ အပေါင်းအသင်း အနုပညာ ညီအစ်ကိုမောင်နှမတွေ လည်း လာကြပါတယ်”လို့ ဖြိုးငွေစိုးက ပြောပြပါတယ်။

 မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here