အသက် တစ်နှစ်ပြည့်ပြီ ဖြစ်တဲ့ ကိုဥက္ကာကျော် နဲ့ ဆုပန်ထွာတို့ရဲ့ သားလေး

0
308

ကိုဥက္ကာကျော်နှင့် သရုပ် ဆောင် ဆုပန်ထွာတို့ ရဲ့သားလေး Lawrence Htwar Kyaw @ Roar Roar Kyaw  ရဲ့ အသက် တစ်နှစ်ပြည့် မွေးနေ့ အလှူပွဲ ကို စက်တင်ဘာလ ၁၅ရက်နေ့ မနက် ၉နာရီက မဟာ စည်သာသနာ့ ရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။ သားလေး ကုသိုလ် ရရှိဖို့အတွက် သံဃာများ၊ ယောဂီများကို နေ့ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ရခိုင်ဒေသမှာ ရှိတဲ့ စစ် ဘေးရှောင် ပြည်သူများ အတွက် ခေါင်းအုံး ၁ဝဝ၊ စောင် ၁ဝဝ၊ ခြင်ထောင် ၁ဝဝ  နဲ့ မီးစက်အတွက် လို အပ်တဲ့ဆီ ၂ ပေပါကိုလည်း လှူဒါန်း ခဲ့ပါတယ်။ ကိုဥက္ကာကျော်နှင့် သရုပ် ဆောင် ဆုပန်ထွာတို့ ရဲ့သားလေး Lawrence Htwar Kyaw @ Roar Roar Kyaw  ရဲ့ အသက် တစ်နှစ်ပြည့် မွေးနေ့ အလှူပွဲ ကို စက်တင်ဘာလ ၁၅ရက်နေ့ မနက် ၉နာရီက မဟာ စည်သာသနာ့ ရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။ သားလေး ကုသိုလ် ရရှိဖို့အတွက် သံဃာများ၊ ယောဂီများကို နေ့ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ရခိုင်ဒေသမှာ ရှိတဲ့ စစ် ဘေးရှောင် ပြည်သူများ အတွက် ခေါင်းအုံး ၁ဝဝ၊ စောင် ၁ဝဝ၊ ခြင်ထောင် ၁ဝဝ  နဲ့ မီးစက်အတွက် လို အပ်တဲ့ဆီ ၂ ပေပါကိုလည်း လှူဒါန်း ခဲ့ပါတယ်။ “သားသားအတွက် ကုသိုလ်ရအောင် အလှူလေး လုပ်ပေးချင်တယ်။ ပထမဆုံး စဉ်းစားမိတာတော့ သံဃာတွေကို ဆွမ်းကပ်လှူချင်တယ်။ မဟာစည်မှာ သံဃာ ၃၅ဝ၊ ၄ဝဝပါး ကို ဆွမ်းကပ်လှူလိုက်တယ်။ ရခိုင် မှာ ဒုက္ခရောက်နေကြတယ် ဆိုတော့ ထိ ထိရောက်ရောက်လည်း လှူချင်တော့ ဘာတွေ လိုအပ်သလဲ ဘာလုပ်ပေး နိုင်မလဲစဉ်းစားတယ်။ မောင်တောက အလိုတော်ပြည့် ဆရာတော်ဘုရားကြီးရဲ့ကျောင်းကို လှမ်းမေးကြည့်တော့ စောင်တွေ၊ ခြင်ထောင်တွေ ခေါင်းအုံးတွေ လိုအပ် တယ်ဆိုတော့ ဘုန်းဘုန်းကို လိုအပ်တာတွေ လှူဒါန်းပါမယ် ဆိုပြီး လျှောက်တင်လိုက်တယ်။ ညဘက်တွေ မှောင်တဲ့အခါကျရင် သေနတ်နဲ့ ချောင်းပစ်တာတွေ ရှိတယ်ဆိုတော့ မီးလိုအပ်တယ်တဲ့။ မီးစက်ကရှိတယ်။ တောက်လျှောက် မီးစက်နှိုးထားဖို့အတွက် ဆီအလုံအလျောက်မရှိဘူးဆို တော့ ဒီဇယ်ဆီ ၂ပေပါလည်း လှူဒါန်းဖြစ်ပါတယ်။ သူများအတွက် အလင်းရောင်လေးပေးရင် သားသားအတွက် ကုသိုလ်ရရှိမှာဆိုပြီး လှူဒါန်းဖြစ်ပါတယ်” လို့ပြောပါတယ်။ Roar Roar Kyaw  ရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲကိုတော့ ထိုနေ့ ညနေ ၄နာရီ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ခင်မင်ရင်းနှီးတဲ့ အနုပညာရှင် မိသားစုများစွာ တက်ရောက် ခဲ့ကြပါတယ်။

ခိုင်ဝေလွင်  

ဓာတ်ပုံ- အောင်ဇော်မင်း၊ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here