ရုပ်ရှင်ရိုက်လိုက်၊ ကြော်ငြာရိုက်လိုက်၊ ခရီးသွားလိုက် လုပ်နေတဲ့ ယုသန္တာတင်

0
160

မြန်မာပြည်အနှံ့ရော၊ ပြည်ပကိုပါ ခရီးတွေထွက်ဖြစ်နေတဲ့ ယုသန္တာ တင်ကို သူမပါဝင်သရုပ်ဆောင် ထားတဲ့ ‘သရာစောထိ’ ရုပ်ရှင်ဇာတ် ကား Press Show မှာတွေ့ဆုံခိုက် နောက်ထပ်ထွက်ဖို့ ခရီးတွေရှိသေးလားလို့မေးမြန်းကြည့်တဲ့အခါ…

“ခရီးတွေကတော့ တောက်လျှောက်သွားဖို့ ရှိပါသေးတယ်။ အား ရင်အားသလိုပေါ့”လို့ သူမက ခရီးထွက်ရတာနှစ်သက်တဲ့ဟန်ပန်နဲ့ ပြန် လည်ပြောပြပါတယ်။

အခု ‘သရာစောထိ’ ရုပ်ရှင် ဇာတ်ကားမထွက်မီ အတန်ငယ်လှုပ် ရှားမှုတွေပျောက်နေတယ်နော်လို့ ယုသန္တာတင်ကို မေးကြည့်တော့

“ညီမ ရုပ်ရှင်ဇာတ်ကားကြီးတွေပဲ ဆက်တိုက် ရိုက်ကူးဖြစ်နေ ပါတယ်။ အရင်ဗီဒီယိုဇာတ်ကားတွေထက်စာရင် ရုပ်ရှင်ဇာတ် ကားကြီးတွေကျတော့ ထွက်တာနောက်ကျတဲ့အတွက် လှုပ်ရှား မှုက ကျဲသလို ဖြစ်သွားတယ်။ ညီမ ဒီကြားထဲမှာတော့ ကြော် ငြာတွေ ရိုက်ဖြစ်တယ်။ Calender တွေ ရိုက်ဖြစ်တယ်။ ကျန် တာတော့ ခရီး သွားဖြစ်တယ်ပေါ့။ အဲဒီတော့ ညီမရဲ့ လှုပ်ရှား မှုကတော့ ရုပ်ရှင်ရိုက်လိုက်၊ ကြော်ငြာလေးတွေရိုက်လိုက်၊ ခရီးသွားလိုက်နဲ့ အဲဒီလိုလေးတွေ လုပ်ဖြစ်နေပါတယ်”လို့ သူမကပြောပါတယ်။

ယုသန္တာတင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ ‘သရာစောထိ’ ရုပ်ရှင်ဇာတ်ကားကတော့ ကြည့်တဲ့ ပရိသတ်အတွက် မက် ဆေ့(ခ်ျ)တွေ၊ ရသတွေ ပေးထား တာဆိုတော့ သူမအနေနဲ့လည်း သရုပ်ဆောင်ရကျိုး နပ်ပါတယ်လို့ ဇာတ်ကားနဲ့ ပတ်သက်ပြီး သူက ပြောပါ တယ်။ ဒီဇာတ်ကားမှာ ကျောင်းသူဘဝဆီကို ခဏတာ ပြန်အလည်သွားခဲ့ရတဲ့ ယုသန္တာတင်က…

“ကျောင်းသား ကာရိုက်တာကျတော့ ငယ်ငယ် တုန်းက မု(ဒ်)လည်း ပြန်ရတယ်။ ပြီးတော့ တကယ့် ကျောင်းအစစ်မှာ သွားရိုက်ကူးတာဆိုတော့လေ ပျော်လည်းပျော်တယ်။ ရင်လည်းခုန်တယ်”လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here