တေးရေးဆရာနာမည်နဲ့ တွဲသရုပ်ဆောင်တဲ့သူကို လျှို့ဝှက်ထားတဲ့ နန်းဆုရတီစိုး

0
188

နန်းဆုရတီစိုးက စက်တင်ဘာ လ ၁၈ရက်နေ့မှာ ကျရောက်တဲ့ မွေး နေ့အလှူအဖြစ် ၈၉မိုင် ၅ဖာလုံမှာရှိတဲ့ YGW မိဘမဲ့ကလေးကျောင်းမှာ ပရိသတ်တွေနဲ့အတူ အလှူအတန်း သွားလုပ်ဖြစ်ခဲ့ပါတယ်။ မွေးနေ့အလှူနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးကနန်းဆုရတီစိုးက စက်တင်ဘာ လ ၁၈ရက်နေ့မှာ ကျရောက်တဲ့ မွေး နေ့အလှူအဖြစ် ၈၉မိုင် ၅ဖာလုံမှာရှိတဲ့ YGW မိဘမဲ့ကလေးကျောင်းမှာ ပရိသတ်တွေနဲ့အတူ အလှူအတန်း သွားလုပ်ဖြစ်ခဲ့ပါတယ်။ မွေးနေ့အလှူနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက

“ဒီနှစ်မွေးနေ့က ပရိသတ် တွေနဲ့အတူ YGW မိဘမဲ့ကလေး ကျောင်းမှာ အလှူ သွားလုပ်ဖြစ်ပါတယ်။ အဲဒီမှာ ကလေးက အယောက် ၅ဝဝကျော် လောက်ရှိ တယ်။ ကျောင်းတက်တဲ့ ကလေးတွေပေါ့။ သူတို့အတွက် ဆန်၊ ဆီ၊ မုန့်၊ အအေး၊ ကြာဇံကြော်ရယ် အလှူငွေရယ်သွားလှူဖြစ်ပါတယ်။ သူတို့နဲ့ ပဲမွေးနေ့ကို ဖြတ်သန်း ဖြစ်ပါတယ်။ ကိတ်မုန့်လည်း အတူတူခွဲတယ်။ ကလေးတွေ အများကြီးနဲ့ ပျော်စရာလည်း ကောင်းခဲ့တယ်။ သူတို့ နဲ့ အတူတူ ဖြတ်သန်းရတဲ့ အတွက် အမှတ်တရလည်း ဖြစ်ပါတယ်။ ထူးထူးခြားခြား ဘာလက်ဆောင် တွေရလဲ ဆိုတော့ ချစ်တဲ့သူတွေ ပေးတဲ့ လက်ဆောင်တွေရ ပါ တယ်” လို့ပြောပါတယ်။ နန်းဆုရတီစိုးက မွေးနေ့မှာ သီချင်း တစ်ပုဒ်ကို အွန်လိုင်းပေါ်က ဖြန့်ချိဖို့  စီစဉ်ထားပေမယ့် စက်တင်ဘာလ ၂၅ရက်နေ့ မှပဲထွက်ဖြစ်တော့မှာ ဖြစ်တယ်လို့ သိရပါ တယ်။ သီချင်းနာမည်က “ရူးအောင် ချစ်ရ သူ” ဖြစ်ပြီး  ဒီသီချင်းရဲ့တေးရေး ဆရာနဲ့တွဲ ဖက်သရုပ်ဆောင် သူကို လျှို့ဝှက်ထား တာဘာကြောင့်လဲလို့ မေးကြည့်တော့ “အဲဒါကျတော့တေးရေး ဆရာရဲ့ဆန္ဒကြောင့် ပါ။ သရုပ်ဆောင်ကို လျှို့ဝှက်ထားတာကျ တော့ ဒါရိုက်တာက ဒီသီချင်းလေး ကို နားထောင်ပြီး ဒီလိုမျိုး သရုပ်ဆောင် အမျိုး သားကိုမပေါ်ပဲနဲ့ ရိုက်ကူးမယ့် စိတ်ကူး အိုင်ဒီ ယာလေးနဲ့ ရိုက်ကူးမယ်ဆိုပြီး ပြော တော့ ဒါရိုက်တာရဲ့ အိုင်ဒီယာပါ”လို့ပြောပါ တယ်။

ခိုင်ဝေလွင်၊ 

ဓာတ်ပုံ- မင်းမင်းထွန်း