21 MTV မကြာမှီ ထွက်ရှိတော့မယ့် Bobby Soxer

0
267

Hip Hop အဆိုတော် တစ်ဦးဖြစ်တဲ့ Bobby Soxer ကတော့ မြူးမြူးကြွကြွ ခေတ် ပေါ်သီချင်းတွေ နဲ့ ပရိသတ် အားပေးမူ ရရှိထားသူ လည်းဖြစ်ပါတယ် ။ လတ်တလော မှာ သီချင်းတွေကိုအသံ သွင်းနေပြီး Audio/ CD ထွက်ရှိထားတဲ့ သူမရဲ့ 21 MTV ခွေဖြစ်ထွက် ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ သီချင်း MTV တွေကို ထူးထူးခြားခြား ပုံဖော်လေ့ရှိတဲ့သူမကို သူမရဲ့ 21 MTV အခွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ…Hip Hop အဆိုတော် တစ်ဦးဖြစ်တဲ့ Bobby Soxer ကတော့ မြူးမြူးကြွကြွ ခေတ် ပေါ်သီချင်းတွေ နဲ့ ပရိသတ် အားပေးမူ ရရှိထားသူ လည်းဖြစ်ပါတယ် ။ လတ်တလော မှာ သီချင်းတွေကိုအသံ သွင်းနေပြီး Audio/ CD ထွက်ရှိထားတဲ့ သူမရဲ့ 21 MTV ခွေဖြစ်ထွက် ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ သီချင်း MTV တွေကို ထူးထူးခြားခြား ပုံဖော်လေ့ရှိတဲ့သူမကို သူမရဲ့ 21 MTV အခွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ… “ညီမရဲ့ 21 အခွေ  MTV ထွက်ဖြစ်ဖို့ လုပ်နေပါတယ်။ MTV တွေကတော့ ညီမကို အပြင်မှာရော စင်ပေါ်မှာရော မမြင်ရတဲ့ ပုံစံတွေ နဲ့ လုပ်ဖြစ်ပါတယ်။ ဖြန့်ချိမှာကတော့ ဥညူငညန မှာပဲဖြန်ချိဖြစ်မလား အခွေ ပဲထွက်ဖြစ်မလား သေချာတော့ ပြောလို့မရသေးပါဘူး” လို့ ပြောခဲ့ပါတယ် ။ သူမကတော့ သရုပ်ဆောင် လူမင်းနဲ့အတူ သရုပ်ဆောင်တစ်ဦးအဖြစ် “အာရွှီးတဲ့ကိုကို” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ ပြီဖြစ်ပါတယ်။ နောက်ထပ် သရုပ် ဆောင် လုပ်ဖို့ စီစဉ်ထားတာ ရှိလားလို့ မေးမြန်းခဲ့ရာ …”ညီမလက်ရှိမှာတော့ သရုပ် ဆောင် လုပ်ဖို့မရှိသေးပါဘူး။ လာကမ်းလှမ်း လာခဲ့ရင်လည်း အခြေအနေပေါ် မူတည်ပြီး လုပ်ဖြစ်ရင် လုပ်မှာပါ” လို့ပြောခဲ့ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ပရိသတ် သိထားတဲ့ အတိုင်း ပါပဲဖြစ်သလို ထွေထွေထူးထူး မရှိပါဘူး လို့ပြောခဲ့ပါတယ်။ လတ်တလောမှာ သီချင်းတွေရေး သားနေပြီးသူမရဲ့စီးရီးသစ် အတွက်လည်း သီချင်းတွေရေးသား စုစည်းနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here