နေ့ခင်းထဲ
လွင်တီးခေါင်အရပ်
ငါ့ဆီက အမှောင်တွပ်သတဲ့။
အဲဒါဟာ
ကမ္ဘာကြီးရဲ့ အေးရာအေးကြောင်း
မဟုတ်ဘူးလို့
ပြောချင် ပြောပေါ့။
မဟာရန်ကုန်
အထက်အထပ်တွေအကြား
ဘီးလုံးတပ် အငွေ့ပျံတွေအကြား
အနေကြပ်။
ငါတို့လို
ခြေသလုံးမှီဘဝတွေ
ငါတို့လို
အိုးမပိုင် အိမ်မပိုင်ဘဝတွေ။
တကတည်း
နေ့လယ်ကို မီးပင်လယ်ထင်မှတ်လို့
လမ်းမဟာ ရေခဲရိုက်လည်း
ဘယ်အေးပါ့မလဲ။
အရိပ်ဟာ လူကိုနိုင်ရင်
အေးအေးလူလူ …။
ပေါ်ဦးထင်