အသဲကွဲသည် MTV ကို အွန်လိုင်းက ဖြန့်ချိပြီး စီးရီးတစ်ခွေလည်း ထွက်ရှိမယ့် အဂ္ဂမိုး

0
200

ပရိသတ်များကြား အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘အသဲကွဲသည်’ သီချင်းကို အဆိုတော် အဂ္ဂမိုးက MTVအဖြစ် ပုံဖော်ရိုက်ကူးလိုက် ပြီ ဖြစ်ပါတယ်။ ဒီသီချင်း ကိုတော့ အဆိုတော်အဂ္ဂမိုးနဲ့ အတူ သက်နိုင် တို့က သီဆိုထားတာဖြစ်ပြီး တေးရေး ကတော့ သက်နိုင်ပဲ ဖြစ်ပါတယ်။ ဒီ’အသဲကွဲသည်’ MTV ကိုတော့ စက်တင်ဘာလ ၃ဝရက် နေ့မှာ အွန် လိုင်းကတစ်ဆင့်တင်ပေးမှာ ဖြစ်တယ်လို့လည်း သိရပြီး အခွေအနေနဲ့လည်း ထွက်ရှိလာဖို့ ရှိတယ်လို့  သိရပါတယ်။ဒီအကြောင်းကိုအဂ္ဂမိုးက..

“ဒီသီချင်းမှာ ကျွန်တော်နဲ့မမိုင်လေးတို့ သရုပ်ဆောင်ထားပါတယ်။ ဇွဲလ ရောင်ကတော့ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပေးထားပါတယ်။ ဒီ MTV ကိုတော့ စက်တင်ဘာလ ၃ဝ ရက်နေ့ မှာ MMN/ Legacy /Bobo Music Production စတဲ့အွန်လိုင်း ဏေါနတွေကတစ်ဆင့်တင် သွားမှာပါ။ ပြီးတော့အခွေအနေနဲ့လည်း ဖြန့်ချိဖို့ရှိပါတယ်။ အဲ့ဒီ အခွေမှာတော့ ကျွန်တော်အွန်လိုင်းကတစ်ဆင့်ထွက်ခဲ့ပြီးသား သီချင်းတွေနဲ့အတူဒီ MTV လေးကိုပါထည့်ပေးမှာပါ။

အဲ့ဒီအခွေကို တော့ကျွန်တော်ကမရောင်းပါဘူး။ ဘားလမ်းအပေါ် ဘလောက် က သြလငန မြေအအခွေဆိုင်၊ လှည်းတန်းစင်တာ မြေညီထပ်ရှိ ရွှေလွန်းပျံနှင့် မဟာဗန္ဓုလလမ်း အပေါ် ဘလောက်ရွှေလွန်းပျံ ဆိုင်တွေမှာ ဝယ်ယူအားပေးလို့ရပါတယ်။ အခွေတစ်ခွေ ဝယ်ယူအားပေးရင် ပေးချင်သလောက်ပေးသွားလို့ရပါ တယ်။အခကြေးငွေသတ်မှတ်ပြီးရောင်းမှာမဟုတ်ပါ ဘူး။ သီချင်းကတော့ အားလုံး MTV အပြင်ကျွန်တော့် သီချင်းတွေ ၁၅ ပုဒ် လောက်ပါပါမယ်။ အဲ့ဒီအခွေကို အကျိုးအမြတ်အတွက်မဟုတ်ဘဲပရိတ်သတ်တွေ ကျွန်တော့်သီချင်းလေးတွေ နားထောင်စေချင်တာ ကြောင့်ပါ။ ဒီအခွေတစ်ခွေ ရယူပြီးတိုင်း ပေးချင် သလောက်ပေးခဲ့လို့ရပါတယ်။ အဲ့ဒီကရတဲ့ငွေကြေး တွေကိုလည်း ရခိုင်ဒေသအတွက်လှူဒါန်းသွားမှာပါ” လို့ အဂ္ဂမိုးက ပြောပြခဲ့ပါတယ်။

P-054

 


LEAVE A REPLY

Please enter your comment!
Please enter your name here